Blogger Layouts

Pages

Saturday 29 October 2011

တလိုင်းဝေါဟာရသုတေသနစာတမ်း

1
‘’တလိုင်းဝေါဟာရနဲ့ကျွန်တော့်ရဲ့အယူဆ’’
နိုင်ဖေသိန်းဇြာ(ဖက်ဒရယ်တက္ကသိုလ်)
ကျွန်တော်ရေးသားခဲ့တဲ့ဲ ‘’တလိုင်းဝေါဟာရသုတေသနစာတမ်း’’ကို ဖတ်ပြီး ပုဂ္ဂိုလအ် ချို့တို့က ကျွန်တော်အား
လှိုက်လှိုက်လှဲလှဲချီးကြူးကြတယ်။ ဒါပေမဲ့အချို့သောပုဂ္ဂိုလ်တို့က မကျေမချမ်းဖြစ်ကြတယ်လို့လဲ ကြားသိရတယ်။
မကျေနပ်ကြတဲ့သူတို့ရဲ့အမြင်မှာ ’အကယ်၍တလိုင်းဝေါဟာရဟာ ရှမ်းဝေါဟာရ(တ’လုင်)က ဆင်းသက်လာတယ်
လို့ပြောရင် ဒီစကားနဲ့အခေါ်ခံရလဲ မွန်လူမျိုးတို့အဘို့ နာကျည်းစရာမလိုဘူးပေါ့’။ အချို့က’’ရှမ်းစကား(တ’လုင်)
ဆင်းသက်တာ အမှန်ဖြစ်ရင် ဒီစကားလုံးကြောင့် မွန်လူမျိုးတစ်ရပ်လုံး နာကျဉ်စွာခံစားခဲ့ရတဲ့ နာကျည်းမှုတွေ၊
ကြေကွဲမှုတွေ၊ ဒီစကားလုံးကြောင့် ဖြစ်ခဲ့ရတဲ့သတ်မှုဖြတ်မှုတို့ဟာ ရီစရာဖြစ်မနေဘူးလား’လို့လဲ ပြောဆိုကြတယ်။
‘’ဒီစကားလုံးနဲ့မွန်လူမျိုးတရပ်လုံးကို နှစ်ပေါင်း(၂၅၀)ကျော်စော်ကားနှိပ့စ် က်ခဲ့တဲ့ဗမာလူမျိုးတို့ကိုလဲ နာကျည်းစရာ
မုန်းတီးစရာမလိုတော့ဘူးပေါ့’’လို့လဲအချို့ပြောဆိုကြတယ်။အဲဒီလိုအဲဒီလိုမကြေနပ်ကြတဲ့သူတွေပြောဆိုကြတဲ့အသံ
ကိုအဝေးကနေပြီး ကျွန်တော်တိုးတိုး သဲ့သဲ့လေးကြားခဲ့ရတယ်။ နိုင်မောင်တိုး (ဗဟိုအမျိုးသားစာကြည့်တိုက်) ကလဲ
ကျွန်တောစ့်ာအုပ်ဖတ်ပြီး မကြေနပ်မှုတွေနဲ့ ထောက်ပြဆေွး နွေးသွားတာရှိတယ်။ ဒါပေမဲ့ သမိုင်းအချက်အလက်
အတိအကျ၊ သက်သေသာဓကပြည့်ပြည့်စုံစုံနဲ့ ကျွန်တော့်အယူဆမှားယွင်းကြောင်းကိုပြန်လည်တုန့်ပြန်ချေပတင်ပြ
သူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှမရှိခဲ့တာကိုတွေ့ရတယ်။ကျွန်တော်ဖြစ်စေချင်တာကတလိုင်းဝေါဟာရနဲ့ပတ်သက်တဲ့
အမြင် တစ်ခုခုကို မွန်လူမျိုးတို့မှာ တိတိကျကျ သတ်သတ်မှတ်မှတ် ရှိစေချင်တယ်။ စိတ်ကူးရရာထင်ရာစိုင်းပြီး၊
တစ်ယောက်တစ်မျိုး ပြောဆိုတာမျိုးမဖြစ်စေချင်ဘူး။ ဒီနေရာမှာဝန်ခံစရာ အချက်တစ်ချက်ရှိပါတယ်။ ကျွန်တော်ရေး
သားတဲ့’’တလိုင်းဝေါဟာရသုတေသနစာတမ်း’’စာအုပ်ကို အနည်းငယ်လောပြီး ထုတ်ဝေမိရတဲ့အတွက်လိုအပ်ချက်
တွေရှိခဲ့တာ အမှန်ဖြစ်တယ်။ တင်ပြစရာသမိုင်းအချက်အလက်အချို့ ကျန်ရစ်ခဲ့တယ်။ လိုအပ်နေတဲ့ သမိုင်းအချက်
အလက်တို့ကိုပြည့်ပြည့်စုံစုံ ဖြည့်စွပ်ပြင်ဆင်ရေးသားပြီး ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေဘို့ ရည်ရွယ်ချက်ရှိပါတယ်။
ယခုလောလောဆယ်မှာ အင်္ဂလိပ်ဘာသာနဲ့ ပထမဦးစွာ ပုံနှိပ်ထုတ်ဝေဘို့ ကြိုးစားနေပါတယ်။
ဘယ်ခေတ်ဘယ်ကာလမှစပြီးတလိုင်းဝေါဟာရစတင်သုံးနှုန်းရေးသားခဲ့သလ။ဲ တလိုင်းဝေါဟာရရဲ့သမိုင်းကြောင်းနဲ့
အဓိပ္ပါယ်ကိုပြောစမ်းပါလို့ မွန်လူမျိုးတို့ကိုမေးရင် သူ့အမြင်နဲ့သူ တစ်ယောက်တစ်မျိုးစီ အဖြေပေးကြမှာသေချာပါ
တယ်။ ယောင်ယောင်ဝါးဝါး မပြတ်မသားနဲ့၊ ဟိုလိုလို၊ဒီလိုလို နဲ့အမျိုးမျိုးအဖုံဖုံအဖြေစုံပေးကြမှာမလွဲဘူး။ အချို့က
သထုံခေတ်ကမွန်မင်းသ္မီးလေးငိုကြွေးတဲ့, ’™telcj’အသံကိုအစွဲပြုပြီး၊ ဗမာတို့က မွန်လူမျိုးကိုတလိုင်းလူမျိုးလို့
ခေါ်လာတဲ့အကြောင်း အဖြေပေးကြမယ်။ ဒီအယူဆဟာ, မစ္စတာကော်ပါး (W.G. Cooper) ရဲ့အယူဆ ဖြစ်တယ်။
မွန်လူမျိုးအများစုလက်ခံထားတဲ့ အယူဆတစ်ရပ်ဖြစ်တယ်။ အောက်ပါအင်္ဂလိပ်စာပုဒ်ကို ဖတ်ရှုစေချင်ပါတယ်။
“This was the thesis of W.G. Cooper in 1913 and it was approved at that time by the
Mon monks of Burma. Cooper based it on a ‘history of the relics of Thaton
’(manuscript: wan dhat sahtuim) which makes mention of non-Mon immigrants at
Thaton in southern Burma about A.D. 378. When one of them (apparently having
come from India) married a Mon girl (undoubtedly the daughter of a prince) and they
had children, the king, wishing to preserve the purity of the blood line, punished
them by making them hereditary pagoda slaves for life, and their descendants also.
They got their name from their exclamation “ita luim,” literally “Grandfather, we
are dying!” (The Mons: A Civilization of Southeast Asia’/ Dr. Emmanuel Guillon,
p.17)
အထက်ပါစာပုဒ်ကိုခြုံငုံပြီးပြောရမယ်ဆိုရင်,
‘’အေဒီ၃၇၈-ခုနှစ်လောက်မှာ တိုင်းတစ်ပါးလူမျိုးခြားတို့ သထုံပြည်တွင်း သို့ ခိုလှုံလာကြတယ်။ ခိုလှုံ ရောက်ရှိ
လာတဲ့လူမျိုးခြားထဲက အိန္ဒိယနိုင်ငံသားလို့ယူဆရတဲ့သူတစ်ဦးဟာ သထုံမင်းရဲ့ သမီးတော်နှင့် ချစ်ကြိုက် သွားကြ
2
တယ်။သူတို့နှစ်ဦးမှသားသမီးများထွန်းကားလာကြတယ်။ သထုံမင်းကမိမိရဲ့ဘုရင်မျိုးနွယ်စစ်စစ်ကိုထိန်းသိမ်းလိုတဲ့
အတွက်၊ မိမိရဲ့သမီးတော် မင်းမျိုးမင်းနွယ်တစ်ဦးက တိုင်းတစ်ပါးလူမျိုးခြားနဲ့ သွေးရောနှောမှုကို မလိုလားဘူး။
ဒါကြောင့် မိမိရဲ့သမီးတော်နှင့်လူမျိုးခြားသမက်၊ ၄င်းတို့မှပေါက်ဖွားလာတဲ့မြေးတော်တို့ကိုဘုရားမှာလှူလိုက်တယ်။
စွန့်လွှတ်ခံရတဲ့ဘုရင့်သမီးတော်မိသားစုတို့ကဘခင်ဘုရင်မင်းမြတ်ကိုတိုင်တည်ပြီး’™telcj’ရလို့မွန်ဘာသာ
ဖြင့်အော်ဟစ်ငိုကြွေးကြတယ်။’’
မွန်မင်းသမီးတော်မိသားစုတို့ အော်ဟစ်ငိုကြွေးသံကို အကြောင်းပြုပြီး မွန်လူမျိုးတို့ကိုတလိုင်းလို့ခေါ်ဆိုခဲတယ်လို့
မစ္စတာကော်ပါး (W.G. Cooper) ဆိုထားတယ်။ မစ္စတာကော်ပါးရဲ့အယူဆကိုမွန်ဘုန်းကြီးတို့က လက်ခံကြတယ်
လို့လဲဆိုထားတယ်။ မွန်လူမျိုးတို့မှာခိုင်မာတဲ့ အယူအဆတစ်ရပ်မရှိတဲ့အတွက် ယခုလို သူတစ်ပါးပြောဆိုတာကို
ဟုတ်နိုးနိုးနဲ့လက်ခံလာတဲ့ အယူဆတစ်ရပ်ဖြစ်တယ်။ အဲဒီအယူဆကိုသတိပညာနဲ့ ဝေဖန်စမ်းစစ်ကြည့်စေလိုပါ
တယ်။ (၉)ရာစုသထုံခေတ်က မင်းသ္မီးလေးငိုကြွေးတဲ့အသံကိုအကြောင်းပြုပြီး(၁ဂ)ရာစုဦးအောင်ဇေယျခေတ်မှာမှ
မွန်လူမျိုးကိုတလိုင်းလို့ခေါ်တာ ဖြစ်နိုင်မဖြစ်နိုင်။ သထုံခေတ်ကဖြစ်ပျက်ခဲ့တဲ့ ပုံပြင်ဆန်ဆန်(legend) အဖြစ်အပျက်
တစ်ခုကိုဦးအောင်ဇေယျက ကောက်ကာငင်ကာယူပြီး မွန်လူမျိုးတို့ကို တိုက်ခိုက်တယ်ဆိုတာ ယုတ္တိယုတ္တန်ရှိမရှိ
ဥာဏ်ပညာအသိနဲ့ ညှိပြီးစဉ်းစားကြည့်ကြပါ။ ဗမာလူမျိုးမဆိုထားနဲ့ မွန်လူမျိုးတို့ပင် အဲဒီပုံပြင်ရှိခဲ့မှန်း သိသူအလွန်
နည်းပါး ပါတယ်။
တဖန်မွန်မင်းသ္မီးငိုယိုအော်ဟစ်တဲ့အသံ’™telcj’ ဆိုတာ ‘’အဖေရေကျမတို့တော့ ဆုံးရှုံးရချေရဲ့’’ လို့အဓိပ္ပါယ်
ရတယ်။ယုတ်ညံ့တဲ့အဓိပ္ပါယ်မရှိပါဘူး။အကယ်၍တလိုင်းဝေါဟာရဟာသထုံမွန်မင်းသ္မီးငိုကြွေးတဲ့အသံကိုအကြောင်း
ပြုပြီးဖြစ်ပေါ်ခဲ့ရင်ဘာမှနာကျည်းစရာမရှိပါဘူး။ ဒါဆိုရင်တလိုင်းဝေါဟာရကို ဘာဖြစ်လို့ကျွန်တော်တို့ ဒီလောက်
နာကျည်းမုန်းတီးနေရသလဲ။ဒီလောက်တောင်မွန်လူမျိုးတို့နာကျည်းနေရတာကိုထောက်ရင်နောက်ခံသမိုင်းကြောင်း
ခိုင်လုံမှု တစ်ခုခုတော့ရှိကိုရှိရမယ်။ ဒါကိုကျွန်တော်တို့မှန်မှန်ကန်ကန် ဖေါ်ထုတ်ဘို့လိုတယ်။ တယောက် တမျိုး
အမျိုးမျိုးပြောဆိုနေလို့မသင့်ဘူး။ ပေါ့ပေါ့တန်တန် မေ့မေ့ ပျောက်ပျောက်နေလို့လဲ မသင့်ဘူးလို့ထင်တယ်။
အချို့ကလဲ ၁၇၅၇-ခုနှစ်ဟံသာဝတီမွန်နိုင်ငံကို ဦးအောင်ဇေယျတို့ တိုက်ခိုက်အောင်မြင်ပြီးနောက်၊ အနယ်နယ်
အရပ်ရပ်ကတွေ့သမျှမွန်လူမျိုးတို့ကို တစ်ယောက်မကျန်ဖမ်းဆီးခေါ်ဆောင်လာပြီး မီးရှို့သတ်ပစ်ဘို့ စကျည်မှာ
ပိတ်လှောင်ထားကြတယ်။ အဲဒီလိုမီးရှို့သတ်ခံရမည့် ဆဲဆဲအချိန်မှာ မွန်လူမျိုးတို့က ကြောက်ရွံ့ထိန့်လန့်ပြီး
အော်ဟစ်ငိုကြွေးလိုက်တဲ့အသံ,’’™telcjrmWY0>’’ကိုအစွဲပြုပြီးမွန်လူမျိုးကိုတလိုင်းခေါ်တယ်လို့အချို့ပြောဆိုကြ
တယ်။ဒီအယူဆမှန်နိုင်မမှန်နိုင်စဉ်းစားကြည့်ကြပါ။ မွန်လူမျိုးတို့တိုင်းပြည်ဟံသာဝတီကို မသိမိးပိုက်နိုင်ခင်ကတည်း
ကတလိုင်းဝေါဟာရဟာအင်းဝမှာ သုံးနှုန်းနေပြီးဖြစ်ခဲ့တယ်။ ၁၇၂၄-ခုနှစ်မှာရေးသားခဲ့တဲ့ ‘’ဦးကုလားရာဇ၀င်ကြီး’’
သမိုင်းစာအုပ်မှာတလိုင်းဝေါဟာရကို သုံးနှုန်းထားတာကိုတွေ့ရတယ်။ ဒီစာအုပ်ကိုဖတ်ဘူးသူတိုင်းသိတယ်။ ပထမ
ဦးစွာတလိုင်းဝေါဟာရကိုစာပေမှာမှတ်တမ်းတင်ရေးသားခဲ့သူမှာဦးကုလားဖြစ်တယ်။တဖန်၁၇၄၀-ခုနှစ်အင်းဝမင်းကို
ပုန်ကန်ကြတဲ့ အုတ်ဖိုမတ္တရာနယ်က ရှမ်းလူမျိုးတို့ကို တလိုင်းလို့ခေါ်ပြီး အင်းဝမင်းက တိုက်ခိုက် နေပြီးဖြစ်တယ်။
ဒီလိုခိုင်လုံတဲ့ သမိုင်းကြောင်းတို့ကို ထောက်ပြပြီး ပြောဆလိုကတ်ာနဲ့ (၁၇၅၇)နောက်ပိုင်းမှာမှ တလိုင်းဝေါဟာရ
အသုံးနှုန်းပေါ်ပေါက်လာတယ်ဆိုတဲ့အယူဆဟာ အလိုအလျှောက်အကြောင်းမခိုင်လုံဘူးဆိုတာပေါ်လွင်ထင်ရှားနေ
ပြီးဖြစ်တယ်။
ဒါပေမဲ့ဒီနေရာမှာ ကျွန်တော်တို့သတိမူရမဲ့ အချက်တစ်ချက်ရှိပါတယ်။ ဦးကုလားနဲ့ အင်းဝဘုရင်မဟာရာဇာဓိပတိ
တို့သုံးနှုန်းတဲ့တလိုင်းဝေါဟာရဟာရှမ်းလူမျိုးကိုတိတိကျကျရည်ညွှန်းပြီးဦးအောင်ဇေယျသုံးနှုန်းတဲ့တလိုင်းဝေါဟာရ
ဟာမွန်လူမျိုးကို တိုက်ရိုက်ရည်ညွှန်းတယ်။ တလိုင်းဝေါဟာရကို သုံးနှုန်းခဲ့ကြတာတူပေမဲ့ ဦးတည်တဲ့ ရည်ရွယ်ချက်
ကမတူဘူး၊ကွာခြားမှုရှိတယ်။ဒီအချက်ကိုသိထားဘို့သိပ့်အရေးကြီးတယ်။ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာကျွန်တော်
ရှင်းလင်း တင်ပြပါမယ်။
3
အချို့ကလဲ မိမိစိတ်ကူးရရာယောင်ဝါးဝါးနဲ့တလိုင်းဆိုတာ မွန်လူမျိုးကိုအမျိုးမစစ်ပြောတာဖြစ်နိုင်တယ်။ ခွေးမသား
လို့ဆဲဆိုတာဖြစ်နိုင်တယ်။ ခွေးမသားတို့၊ အမျိုးမစစ် တို့ဟာ ကိုယ်ထင်ရာထင်ရာစိုင်းပြီး၊ ကိုယ့်အမြင်နဲ့ကိုယ်၊
အမျိုးမျိုး ထုတ်ဖေါ်ပြောဆိုနေတာဖြစ်တယ်။ သမိုင်းအထောက်အထားနဲ့ ပြောဆိုတာမဟုတ်ဘူး။ ဒီလိုအဖြေမျိုး
နဲ့သူတပါးလက်ခံလာအောင် ဘယ်လိုမှရှင်းပြနိုင်မှာမဟုတ်ပါဘူး။ သမိုင်းအချက်အလက်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံ
တင်ပြတဲ့အယူဆများရှိရင်အလွန်ကြားလိုပါတယ်။ ဒါမှလဲ တလိုင်းဝေါဟာရနဲ့ပတ်သက်ပြီး မှန်ကန်တိကျတဲ့အဖြေ
တစ်ရပ်ကိုကျွန်တော်တို့ရနိုင်မှာဖြစ်တယ်။ဒီဆောင်းပါးကိုအစအဆုံးဖတ်ပြီးပြီးရင်တလိုင်းဝေါဟာရရဲ့နောက်ခံသမိုင်း
ကြောင်းအမှန်ကို တိတိကျကျသိရမယ်။ တလိုင်းဝေါဟာရကို ဗမာလူမျိုးတို့က အလွဲသုံးစားပြုပြီး မွန်လူမျိုးတို့ကို
ဘယ်လချိုးချိုးနှိမ်နှိမ်၊ မတရားစပ်ွစွဲပြောဆိုခဲ့တယဆိုတာကိုလဲ အမှန်တိုင်းသိရမယ။် တဖနတ် လိုင်းအခေါ်ခံရလို့
ဘယ်လောက်နာကျည်းစရာကောင်းသလဲဆိုတာကိုလဲ သိရလိမ့်မယ်။
ကျွန်တော်အယူုဆကိုမကျေနပ်ကြတဲ့ပုဂ္ဂိုလ်တွေကိုပြန်လည်ရှင်းလင်းတင်ပြချင်နေတာကြာပါပြီး။ ဒါပေမဲ့ မအားလပ်
ဖြစ်ခဲ့ရတယ်။ တလိုင်း ဝေါဟာရနဲ့ပတ်သက်ပြီး “Debate On Talaing” ဆိုတဲ့ ခေါင်းစဉ်နဲ့ မွန်နက် “Monnet
အင်တာနက်လေလှိုင်းမှ တစ်ဆင့်ဆွေးနွေးမှုကို(၈)လကျော်ကျော် အခြေတင်, တင်ပြဆွေးနွေးနေခဲ့ရတဲ့အတွက်
ဖြေရှင်းဘို့ အချိန်မပေးနိုင်ဖြစ်ခဲ့ရတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတကာက ပညာရှင်မြောက်များစွာ ပါဝင်ခဲ့တယ်။
ရှုထောင့်အမျိုးမျိုးမှ အချက်လက်မျိုးစုံ။ သမိုင်းအထောက်အထားစုံစုံလင်လင်နဲ့ တင်ပြဆွေးနွေးခဲ့ကြတယ်။ အဓိက
အငြင်းပွားတဲ့အယူဆနှစ်ရပ်အချေအတင်ပြင်းပြင်းထန်ထန်တင်ပြဆွေးနွေးခဲ့ကြတယ်။ပထမအယူဆက,
‘’တလိုင်းဝေါဟာရဟာမွန်စကားလုံးလည်းမဟုတ်ဘူး။မွန်လူမျိုးတို့နှင့်မဆိုင်ဘူး။တလိုင်းဝေါဟာရဟာရှမ်းလူမျိုးစကား
လုံးဖြစ်တယ်။(တ’လုင်)ဆိုတဲ့ရှမ်းစကားလုံးမှဆင်းသက်လာတယ်။ မွန်လူမျိုးတို့ဟာအိန္ဒိယတောင်ပိုင်းတိလင်္ဂဏတိုင်း
ကဆင်းသက်လာတာမဟုတ်ဘူး။ တရုပ်ပြည်တောင်ပိုင်းတုန်ကင်နယ်မှ ရွေ့ပြောင်းးလာတဲ့လူမျိုးဖြစ်တယ်။ ဦးစွာ
(ရာမည်)လူမျိုးလို့အမည်တွင်ခဲ့တယ်။မွန်လူမျိုးကိုတလိုင်းလို့ပထမဦးဆုံးတိတိကျကျတိုက်ရိုက်ခေါ်ဆိုတိုက်ခိုက်ခဲ့တာ
ဦးအောင်ဇေယျဖြစ်တယ်။’’
ဒါဟာ ကျွန်တော်တင်ပြတဲ့အယူဆဖြစ်တယ်။ ကျွန်တော်ရဲ့အယူဆကိုဆန့်ကျင်ပြီး တင်ပြလာတဲ့သူက ဒေါက်တာ
မောင်မောင်ညို(MBBS, PhD) ဖြစ်တယ်။ သူ့ရဲ့အယူဆက,
‘’တလိုင်းဝေါဟာရဟာ တိလင်္ဂဏတိုင်းစကားလုံးမှ ဆင်းသက်တဲ့ဝေါဟာရဖြစ်တယ်။ မွန်လူမျိုးတို့ဟာအိန္ဒိယနိုင်ငံ
တောင်ပိုင်းတိလင်္ဂဏတိုင်းမှတဆင့်ရာမညတိုင်းဒေသသို့ရွေ့ပြောင်းလာတဲ့အတွက် တလိုင်းလူမျိုးအဖြစ်တွင်လာတာ
ဖြစ်တယ်။ မွန်လူမျိုးတို့ဟာတလိုင်းလူမျိုးအဖြစ်ထင်ပေါ်ခဲ့တာစောလူးမင်းလက်ထက်ကတည်းကဖြစ်တယ်။’’
အဲဒီအယူအဆ နှစ်ရပ်အပေါ်မှာ အချေအတင် ဆွေးနွေးခဲ့ကြတယ်။ သူ့ဘက်ကိုယ်ဘက် သမိုင်းအချက်လက်
အထောက်အထားပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံနှင့်တင်ပြဆွေးနွေးခဲ့ကြတယ်။ နိုင်ငံတကာရှိ ပညာရှင်သုတေသီပေါင်း
မြောက်များစွာကို စိတ်ဝင်စားစေခဲ့တယ်။ လန်ဒန်တက္ကသိုလ်, သမိုင်းဌာနပါမောက္ခ ဒေါက်တာမိုက်ကယ်ချေနီ
(Dr. Michael W. Charney, Department of History, University of London) လိုပုဂ္ဂိုလ်ကိုပင် စိတ်ဝင်စားစေခဲ့
တယ်။ ကျွန်တော်ရဲ့အယူဆဖြစ်တဲ့ ‘’တလိုင်းဝေါဟာရဟာ(တ’လုင်)ဆိုတဲ့ရှမ်းဝေါဟာရစကားလုံးမှ ဆင်းသက်လာ
တယ’်’ဆိုတဲ့အမြင်တင်ပြချက(် hypothesis)ကိုသက်သေသာဓကသမိုင်းအထောက်အထားပြည့်ပြည့်စုံစံနဲု့တင်ပြနိုင်
ခဲ့တယ်။ မည်သူမျှကျွန်တော့်ရဲ့အယူဆမှားယွင်းကြောင်း တုန့်ပြန်ချေပမတင်ပြနိုင်ခဲ့ဘူး။ ဒုတိယအယူဆမှားယွင်း
ကြောင်းသက်သေသာဓက ပြည့်ပြည့်စုံစုံနဲ့ ကျွန်တော်ချေပ တင်ပြနိုင်ခဲ့တဲ့အပြင် တလိုင်းဝေါဟာရနဲ့ပတ်သက်တဲ့
အခြားအယူဆတို့ကိုလဲ တစ်ခုပြီးတစ်ခု မှားယွင်းကြောင်း သမိုင်းအထောက်အထား သက်သေသာဓက လုံလုံ
လောက်လောက်နဲ့ကျွန်တော်တင်ပြနိုင်ခဲ့တယ်။
ဒီဆွေးနွေးပွဲအတွက်နေ့မအားညမအားအချက်လက်မျိုးစုံသမိုင်းအထောက်ထားမျိုးစုံတို့ကိုလိုက်လံရှာဖွေတင်ပြနေ
ရတဲ့အတွက် ကျွန်တော်မအားမလပ်ဖြစ်ခဲ့ရတယ်။ တဖန်ဆွေးနွေးမှုပြီးသွားတော့လဲ ဆွေးနွေးတဲ့အချက်အလက်
အားလုံးတို့ကိုပြန်လည်အချောကိုင်ပြီး အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်နိုင်ဘို့ကြိုးစားရေးသားနေရတာနဲ့
4
မအားမလပ်ဖြစ်ခဲ့ရပြန်တယ်။ယခုမှအချိန်ယူပြီးကျွန်တော့်အယူအဆအပေါ် မကျေနပ်ကြတဲ့ ပုဂ္ဂိုလ်တို့ကို ပြန်လည်
ရှင်းလင်းတင်ပြရတာဖြစ်တယ်။စောစောကပင်ပြန်လည်တင်ပြဘို့လိုအပ်တယ်ဆိုတာနားလည်ပါတယ်။ မပြုလုပ်နိုင်
ခဲ့တဲ့အတွက် ခွင့်လွတ်စေလိုပါ တယ်။
တလိုင်းဝေါဟာရကို ပေါ့ပေါ့တန်တန် သဘောထားရင် ပေါ့ပေါ့တန်တန် အရေးမကြီးဘူးလို့ ထင်ရပေမဲ့ လေးလေး
နက်နက်စဉ်းစားရင် အလွန်ကြောက်စရာကောင်းတဲ့ဝေါဟာရတစ်ရပ်ဖြစ်နေတာကိုတွေ့ရပေမယ်။ မွန်တမျိုးသားလုံး
ကိုလူညွန့်တုံးစေခဲ့တယ်။မြင့်မြတ်တဲ့မွန်လူမျိုးတို့ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ်။ မွန်လူမျိုးတို့၏လူမှုရေးဘဝ
(Social life)၊ စီးပွားရေး၊ ပညာရေးနှင့် စိတ်ဓါတ်ရေးရာ (Moral)တို့ကို ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့တယ်။
တလိုင်းအခေါ်ခံရမည်ကိုစိုးရိမ်ရှက်ကြောက်၊ သိမ်ငယ်ပြီးမိမိကိုယ်မိမိမွန်လူမျိုးလို့ မခံလိုကြတဲ့ပုဂ္ဂိုလ်တွေ ဒုနဲ့ဒေးရှိ
လာတယ်။ အထူးသဖြင့်မြို့မှာကြီးပြင်းလာတဲ့မိသားစုတွေ၊ လူငယ်လူရွယ်တွေဟာ မိမိတို့ကိုယ်ကိုမွန်လူမျိုးလို့ပြော
ဆိုဘို့ဝန်လေးလာကြတယ်။ စာသင်ကျောင်းမှာအခေါ်ခံရအနှိမ်ခံခဲ့ရလို့ ရန်ဖြစ်ပွားမှုတွေ၊ လူသတ်မှုတွေဖြစ်ခဲ့ရတဲ့
အထိအခင်းဖြစ်ခဲ့ရတယ်။ ဒီစကားလုံးရဲ့အကျိုးသက်ရောက်မှုက အလွန်ကြီးမားနေတာကိုတွေ့ရတယ်။ ချဲ့ထွင်
ပြီးပြောဆိုနေတာမဟုတ်ပါဘူး။အမှန်ကိုအမှန်အတိုင်းပြောဆိုနေတာဖြစ်တယ်။ကျွန်တော်ရေးသားတင်ပြချက်တို့ကို
ဖတ်ရှုပြီးရင် တလိုင်းဝေါဟာရကြောင့် မွန်လူမျိုးတို့ ဘယ်လောက်ထိ ခိုက်နစ်နာခဲ့ရတယ်ဆိုတာကို တွေ့မြင်ရမယ်။
ကျွန်တော်ရဲ့ ရည်ရွယ်ချက်က တလိုင်းဝေါဟာရကြောင့် ညှိုးမှိန်သွားရတဲ့ မွန်လူမျိုးတို့ရဲဂုဏ်ကိုမြှင့်တင်ချင်တယ်။
တလိုင်းဝေါဟာရနဲ့ တိုက်ခိုက်လာသူမည်သူကိုမဆို ပြန်လည်တုန့်ပြန်ပြီး သမိုင်းအချက်လက် ပြည့်ပြည့်စုံစုံ၊
သက်သေခိုင်ခိုင်လုံလုံ နဲ့တင်ပြချေပနိုင်အောင်ရည်ရွယ်ထားတယ်။
မွန်လူမျိုးအဖြစ်ခံယူရမှာကိုကြောက်ရွံ့ထိန့်လန့်နေရတဲ့ဘ၀မှ၊မွန်လူမျိုးတစ်မျိုးဖြစ်ရတာအလွန်ဂုဏ်ယူစရာကောင်း
တယ်ဆိုတဲ့အသိအမြင်မျိုးထွန်းကားလာအောင်ကျွန်တော်တင်ပြချင်တယ်။မွန်လူမျိုးတို့မှာမြင့်မြတ်မှုတွေ၊ ကြီးမားမှု
တွေ၊ဂုဏထ်ူးတွေ၊ကျော်ဇောမှုတွေ၊ ထက်မြက်တဲ့စာပေယဉ်ကျေးမှုတွေနဲ့ပြည့်စုံတလဲူ့မျိုးတစ်မျိုးဖြစ်တယ်။ ဂုဏ်ယူ
စရာအလွန်ကောင်းတဲ့လူမျိုးဖြစ်တယ်။ဒါကြောင့် မွန်အမျိုးသားတို့အနေနဲ့ မိမိတို့ကိုမဟုတ်မတရား တိုက်ခိုက်ထား
တဲ့ ဒီစကားလုံးရဲ့ အဓိပ္ပါယ်အတိကျနဲ့ သမိုင်းကြောင်း ခိုင်ခိုင်လုံလုံကို သိထားဘို့ အလွန်အရေးကြီးတယ်လို့
ကျွန်တော် မြင်တယ်။
အချို့က’’တလိုင်းဝေါဟာရစကားလုံးကိုအလေးအနက်ထားစဉ်းစားနေဘို့မလိုပါဘူး၊လေ့လာဘို့မလိုပါဘူး။ ဒီအတိုင်း
မသိမသာ မေ့မေ့ပျောက်ပျောက်နေသွားရင် တဖြေးဖြေးနဲ့ တလိုင်းဝေါဟာရဟာ တိမ်မြုပ်ပျောက်ကွယ်သွားမယ်’’ လို့
ယူဆကြတပဲု့ဂ္ဂိုလ်တေရွ တှိ ယ်။ကျွန်တော်ကအဲဒအီ ယူဆကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်။ အဲဒီလိုမြင်တဲ့ပုဂ္ဂိုလ်
တွေဟာတလိုင်းဝေါဟာရစကားလုံးရဲ့အန္တရာယ်အတိမ်အနက်ကိုမမြင်လို့ဖြစ်တယ်။
တလိုင်းဝေါဟာရကိုလက်နက်ပုန်းအဖြစ်အသုံးပြုပြီး မွန်လူမျိုးတို့ရဲ့အမျိုးသားစိတ်ဓါတ်ကို ရိုက်ချိုးထိုးနှက်၊ဖျက်ဆီး
နေတဲ့ဗမာတွေ ဒုနဲ့ဒေးရှိနေသေးတယဆိုတာ မမေ့စေချင်ပါ။ မွန်လူမျိုးကို မဟုတ်မတရား တလိုင်းဝေါဟာရနဲ့
သက်သက်မဲ့ချိုးချိုးနှိမ်နှိမ်တိုက်ခိုက်ခဲ့တဲ့ဦးအောင်ဇေယျဟာ မှန်ကန်တယ်ဆိုပြီး အကာကွယ်ပြုလိုတဲ့ဗမာလူမျိုးတွေ
ယနေ့အထရှိနေသေးတယ်။ ဒုက္ခခံအပငပ် န်းခံပြီး သမိုင်းအချက်လက်အထောက်ထားတို့ကို ရှာဖေစွုဆောင်ပြီး
မွန်လူမျိုးဟာမူလကပင်တလိုင်းလူမျိုးဖြစ်ခဲ့တယ်၊စောလူးမင်းလက်ထက်ကပင် တလိုင်းလူမျိုးအဖြစ်တွင်ခဲ့တယ်ဆိုပြီး
သက်သေပြနိုင်ဘို့ ကြိုးပမ်းနေကြတယ်။ ဒီအချက်ကိုသတိမူစေချင်ပါတယ်။ မွန်လူမျိုးတို့ဟာ တိလင်္ဂဏတိုင်း
ကဆင်းသက်လာတဲ့အတွက် တလိုင်းလို့အမည်တွင်ခဲ့ကြောင်း ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ၊ ဆောင်းပါး
တွေယနေ့ထိရှိနေသေးတယ်။ ကမ္ဘာ့စွယ်စုံကျမ်းတွေ၊ အဘိဓါန်ကျမ်းတွေမှာ မွန်လူမျိုးကို တလိုင်းလူမျိုးလဲခေါ်
ကြောင်းယနေ့အထိအထင်အရှားဖေါ်ပြနေသေးတယ်ဆိုတဲ့အချက်ကိုမမေ့စေလိုချင်ပါတယ်။ဒီအချက်လက်တို့ကို
ဒီအတိုင်း မေ့မေ့ပျောက်ပျောက်ထားပြီးနေသွားရင် အလိုအလျှောက်ပပျောက်သွားမယ်လို့ယူဆရင် အမှားကြီးမှား
လိမ့်မယ်။ စွယ်စုံကျမ်း၊ အဘိဓါန်စာအုပ်တို့မှာပါရှိတဲ့ အချက်လက်တစ်ရပ်ဟာ ကြာလေသမိုင်းအထောက်ထား
အချက်အလက်တစ်ခုအဖြစ်ပိုမိုခိုင်မာလေဖြစ်တယ်။ဒါကြောင့်ဒီအချက်လက်တို့ကိုအချိန်မှီပြန်လည်ချေပဖြေရှင်းဘို့
မွန်လူမျိုးတို့မှာ တာဝန်ရှိနေသေးတယ်လို့ ကျွန်တော်မြင်တယ်။
5
မွန်လူမျိုးဟာတလိုင်းလူမျိုးမဟုတ်ကြောင်း၊မှန်နန်းရာဇ၀င်သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာတွေဟာမှားယွင်းခဲ့ကြောင်း
တရားဝင်တိုင်းသိပြည်သိ ကမ္ဘာ့သိအောင် မည့်သည့်အုပ်စိုးသူ အစိုးရကမှ ထုတ်ပြန်ကြေငြာခဲ့တာ မရှိသေးဘူး။ မပြု
ခဲ့ကြဘူးဆိုတဲ့အချက်ကိုသတိမူကြဘို့လိုတယ်။ ဒါပေမဲ့(၁၃၀၀)-ပြည့်နှစ်မှာမြန်မာပြည်တွင် မွန်လူမျိုးဖြစ်သော
ဆာဂျေအေမောင်ကြီးခေတ္တဘုရင်ခံကြီးဖြစ်စဉ်တွင်ပြည်ထဲရေးဝန်ကြီးဌာနဆာကျူလာတစ်စောင်ထုတ်ပြန်
ပြီးမွန်ကိုတလိုင်းလို့ခေါ်ဝေါ်သုံးနှုန်းလာခဲ့တာမှားယွင်းနေပါသဖြင့် တလိုင်းအစားမွန်ဟူ၍သာရှေ့ဆက်ပြီး
ခေါ်ဝေါ်သုံးနှုန်းရေးသားကြရမည်ဟုအစိုးရဌာနများနှင့်တိုင်းပြည်သို့ညွှန်ကြားခဲ့ဖူးပါတယ်။
(၁၉၄၇)ခုနှစ်ဗိုလ်အောင်ဆန်းမကွယ်လွန်မီ၎င်းဆာကျူလာကိုပင်ထပ်မံ၍တိုင်းပြည်နှင့်အစိုးရဌာနများသို့
လိုက်နာကြရန်ညွှန်ကြားခဲ့ပြန်ပါတယ်။၎င်းဆာကျူလာရဲ့မိတ္တူဟာအောက်ပါအတိုင်းဖြစ်ပါတယ်။
Memorandum No. 59 H.F 47 (1713) dated the 15th July 1947; from the Chief Secretary, Home
Department to all Heads of Department.
MEMORANDUM
A copy of this Department Circular Memo, 174 D. 30, dated the 29th July 1930 is forwarded
herewith for information and guidance.
Government of Burma, Home and Political Department, Circular Memo No. 174 D.30, Dated the 19th
July 1930.
The word “Mon” should be substituted and recognized for the word, “Talaing”.
The Government of Burma is now aware of the fact that “Mon” is more adequate than the
word, “Talaing” so commonly sued by the people of Burma. The Governor now therefore directs in
the meeting of the Council that henceforth the word “Mon” should be used in all literature and
languages.
(ယဉ်ကျေးမှုစာစောင်။ တွဲ ၁၊ မှတ် ၈၊ (ဒီဇင်္ဘာ၊ ၁၉၅၅)
ဒီနေရာမှာကျွန်တော်ထောက်ပြပြောချင်တဲ့အချက်ကဒီဆာကျူလာကိုယနေ့လူတွေကအသိမှတ်မပြုဘူး။မလေးစား
ဘူး။ဒါအပြင်ကျွန်တော်ဖြစ်ချင်တာက’’မှန်နန်းရာဇ၀င်ကြီး’’ ‘’ကုန်ဘောင်ခေတ်မဟာရာဇ၀င်ကြီး’’ တို့မှာ မွန်လူမျိုးကို
တလိုင်းလူမျိုးလို့ မှားမှားယွင်းယွင်း မှတ်တမ်းတင်ထားခဲ့တဲ့ အချက်ဟာမှားကြောင်း။ ဒီအတွက်ဝမ်းနည်းကြောင်း
အစိုးရကတရားဝင် ထုတ်ပြန်ကျေငြာပေးဘို့လိုနေသေးတယ်။ မွန်လူမျိုးဟာ တလိုင်းလူမျိုးမဟုတ်ကြောင်းကမ္ဘာ့သိ
အောင်အုပ်စိုးသူအစိုးရက တရားဝင်ထုတ်ပြန်ကျေငြာပေးလာတဲ့အထိကျွန်တော်တို့တိုက်ပွဝဲ င်ရမယ်။ ဘာဖြစ်လဆဲို
ရင်ကမ္ဘာသုံးအဘိဓါန်စာအုပ်၊ ကမ္ဘာ့စွယ်စုံကျမ်းတို့မှာ မွန်လူမျိုးဟာတလိုင်းလူမျိုးလို့လဲခေါ်ဆိုကြောင်းယနေ့အထိ
ဖေါ်ပြနေသေးလို့ဖြစ်တယ်။
မွန်လူမျိုးတို့ကို တလိုင်းဝေါဟာရဆိုတဲ့ အရိပ်မဲကြီးက အစဉ်ထာဝရ ထပ်ချပ်မကွာ လိုက်ပါနှောက်ယှက်နေတာ
မျိုးကိုကျွန်တော်လုံးဝမလိုချင်ဘူး။ မွန်လူမျိုးဆိုတာမွန်လူမျိုးသာဖြစ်တယ်။ ဘယ်သောအခါကမှတလိုင်းလူမျိုးမဖြစ်ခဲ့
ဘူးဆိုတာကို သက်သေခိုင်ခိုင်မာမာနဲ့ တင်ပြပြီးပြတ်ပြတ်သားသား ရှင်းလင်းထားချင်တယ်။ မွန်လူမျိုးဖြစ်ရတာ
ဂုဏ်ယူစရာကောင်းကြောင်း နောင်လာနောက်သားတွေ သိမြင်လာအောင်ပြဿနာကို နည်းလမ်းတကျကိုင်တွယ်
ဖြေရှင်းထားဘို့လိုတယ်လို့မြင်တယ်။ဖါသိဖါသာနေလိုက်တာမျိုးဟာပြဿနာတစ်ရပ်ကိုမှန်မှန်ကန်ကန်၊ နည်းလမ်း
တကျ ကိုင်တွယ်ဖြေရှင်းခြင်းမျိုးမဟုတ်တဲ့အတွက် ယာယီ အခိုက်အတန့်သာ တိမ်မြုပ်သွားတာဖြစ်နိုင်တယ်။ လုံးဝ
ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူး။ အမြစ်ပြတ် ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားတာမျိုးမဟုတ်တဲ့အတွက်၊
တိတ်တဆိတ်နဲ့အားအင်စုဆောင်း အရှိန်ယူနေတာဖြစ်တယ်။ အရှိန်အဟုန်အားကောင်းလာလျှင်အချိန်အခါမရွေး
ပေါက်ကွဲနိုင်တဲ့ပြဿနာလို့မြင်တယ်။
မိမိလူမျိုးတို့နဲ့ အဓိကပတ်သက်ဆက်နွယ်နေတဲ့ဝေါဟာရတစ်ရပ်ကို ပေါ့ပေါတန်တန် မေ့မေ့ပျောက်ပျောက်နေဘို့
မသင့်ဘူးလို့ထင်မြင်ပါတယ်။ မှန်မှန်ကန်ကန် သုတေသနပြုပြီး အဖြေမှန်ကိုဖေါ်ထုတ် သင့်တယ်လို့မြင်တယ်။
6
ဒီစကားလုံးနဲ့ပတ်သက်ပြီး သမငိုးအထောက်အထားပြည့်ပြည့်စစုံ ခိင်ုခိုင်လုံလုံရှိတယ်။ ကျွန်တော်တို့ကမလေ့လာ
မရှာဖွေလို့သာမတွေ့မြင်တာဖြစ်တယ်။ မွန်လူမျိုးဟာတလိုင်းလူမျိုးမဟုတ်ကြောင်းတလိုင်းလူမျိုးဆုတိာလဲမွန်လူမျိုး
မဟုတ်ကြောင်း၊ သမိုင်းအထောက်အထားအချက်လက်ပြည့်ပြည့်စုံစုံနဲ့ကျွန်တော်တင်ပြသွားမယ်။ တလိုင်းဝေါဟာရ
ဟာဘယ်လောက်ကြောက်စရာကောင်းတယ်။ဘယ်လောက်နာကျည်းစရာကောင်းတယ်ဆိုတာစာဖတ်သူများသိရှိပါ
လိမ့်မယ်။
တလိုင်းဝေါဟာရဟာ’™telcj’ဆိုတဲ့ဝေါဟာရကဆင်းသက်လာတဲ့စကားလုံး,လုံးဝမဟုတ်ဘူး။ ’’အဖေရေကျွန်မ
တို့ဆုံးရှုံးရချေပြီး’’အဓိပ္ပါယ်လဲမဟုတ်ဘူး။ ’’မျိုးမစစ်’’အဓိပ္ပါယ်လဲမဟုတ်ဘူး။ ဆဲဆိုတဲ့စကား ’’ခွေးမသား’’လည်း
မဟုတ်ဘူး။ ဗမာလူမျိုးတို့က’’တလိုင်း’’ဝေါဟာရကို ပထမပိုင်းမှာ’’တောင်ပေါ်သားလူရိုင်း’’ဆိုပြီးအဓိပ္ပါယ်ဖွင့်ဆိုခဲ့
တယ်။’’တောင်းပေါ်သားလူရိုင်းတလိုင်း’’(barbarian)ဆိုပြီးဗမာတို့က မွန်လူမျိုးကိုဆဲဆိုခဲ့တာဖြစ်တယ်။ နောက်ပိုင်း
မှာတလိုင်းဝေါဟာရကို’’ခြေပြားအောက်ကလူစား’’(Down-Trodden)အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပြန်တယ်။’’ခြေပြားအောက်က
လူစား’’ (Down Trodden) ’’ခြေပြားအောက်ကတလိုင်း’’ ဆိုပြီး စိတ်ရူးပေါက်ရာမဟုတ်မတရား မွန်လူမျိုးကိုရိုင်းရိုင်း
စိုင်းစိုင်း စော်ကားလိုက်တာဖြစ်တယ်။ အောက်ပါစာပုဒ်များကသက်သေပြနေတယ်။
[for some centuries the ultimate conquest by the Burmans, who in contempt styled the Mons 'Talaings,' or
people 'trodden under foot,' and proscribed their language, ather Alonpra in 1757 had taken Pegu]
‘’လုံးဝဥသုဉ်းဗမာတွေအောင်မြင်ပြီးနောက်၊ရှုတ်ချတဲ့သဘောနဲ့မွန်လူမျိုးကို’တလိုင်း’သို့မဟုတ် ’ခြေပြားအောက်က
လူစား’လို့ခေါ်ခဲ့တယ်။ ၁၇၅၇-ခုနှစ် အလောင်းဘုရားပဲခူးကို သိမ်းပိုက်ပြီးနောက် သူတိုဘာသာစကားကို ပိတ်ပင်
တားမြစ်ခဲ့တယ်။’’
အောက်ပါစာပုဒ်ကလသဲ က်သေပြနေတယ်။
[Gray asserts that the word Talaing means "the down- trodden," and was only applied to the
Peguans after their crushing defeat at the hands of Alaungpra.] (Burma through centuries)
‘’ဦးအောင်ဇေယျရဲ့လက်ချက်နဲ့ တိုက်ခိုက်ချေမှုန်းခြင်းကိုခံရပြီးနောက် ပဲခူးသားတို့ကို ’’ခြေပြားအောက်ကလူစား’’
(Down- Trodden) အဓိပ္ပါယ်နဲ့တလိုင်းလို့ ခေါ်ခဲ့ကြတယ်လို့ ဂျိန်ဂရေကအခိုင်အမာဆိုထားတယ်။’’
ဒါမို့မဟုတ်မတရားအခေါ်ခံရတဲ့ မွန်လူမျိုးတို့အဘို့ အလွန်နားကျည်းဘို့ကောင်းတယ်။ ခံပြင်းဘို့အလွန်ကောင်း
တယ်။ ဒီလိုသမိုင်းအဖြစ်မှန်ကို မှန်မှန်ကန်ကန်သိထားဘို့လိုအပ်ပါတယ်။ အမှန်တကယ်မှာတလိုင်းဝေါဟာရရဲ့မူလ
အဓိပ္ပါယ်ကအဲဒီလိုမဟုတ်ဘူး။ မွန်လူမျိုးတို့ရဲ့စကားလမဲ ဟုတ်ဘူး။ မွန်လူမျိုးတို့နဲ့လမဲ သက်ဆိုင်ဘူး။တမင်တကာ
လွဲလွဲမှားမှားမဟုတ်မတရားအဓိပ္ပါယ်နဲ့မွန်လူမျိုးတို့ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်။ တလိုင်းဝေါဟာရကိုဗမာလူမျိုးတို့
ကအလွဲသုံးစားပြုလိုက်တာဖြစ်တယ်။ မဟုတ်မမှန်တဲ့အဓိပ္ပါယ်ဖွင့်ပြီး မွန်လူမျိုးတို့ကိုလူမျိုးအရ တိုက်ခိုက်ခဲ့တာဖြစ်
တယ်။မြင့်မြတ်တဲ့မွန်လူမျိုးကိုသေးတိမ်အောင်၊ ယုတ်ညံ့သွားအောင်တိုက်ခိုက်ခဲ့တဲ့စကားဖြစ်တယ်။ သေသေချာချာ
ကြည့်ရင်အလွန်ယုတ်ညံ့တဲ့အကြံစည်ဖြစ်နေတယ်။စစ်နိုင်သူပီပီမတရားအနိုင်ကျင့်မှုတစ်ရပ်ဖြစ်တယ်။ မွန်လူမျိုးတို့
အဘို့ အလွန်နာကျည်းစရာကောင်းတယ်။ အသားဆတ်ဆတ်တုန်အောင် နာကျည်းစရာဖြစ်တယ်။ မွန်လူမျိုးကို
မျိုးပြုတ်သွားအောင်ရည်ရွယ်ချက်နဲ့ဒီစကားကိုလက်နက်သဖွယ်ဗမာတို့သုံးခဲ့တာဖြစ်တယ်။ မွန်လူမျိုးအဖြစ်မခံယူရဲ
အောင၊် မွန်လူမျိုးအဖြစ်ခံယူရမှာကရှိုက်ကြောက်သွားအောင်၊ တွန့်ဆုတထိန့်လန့်သွားအောင်ခြိမ်းခြောက်လိုက်တဲ့
စကားဖြစ်တယ်။ ဒါထက်ပိုမိုဆိုးဆိုးဝါးဝါးဖြစ်စေတဲ့အကြောင်းက မွန်လူမျိုးကိုတလိုင်းလူမျိုးဆိုပြီး ကမ္ဘာ့ကိုမိတ်ဆက်
ပေးခဲ့ကြပြန်တယ်။ ဘာကြောင့်အဲဒီလိုမှားယွင်းချွတ်ချော်တဲ့အဓိပ္ပါယ်ကိုဗမာတို့က အဓိပ္ပါယ်ဖွင့်ဆိုခဲ့ရတဲ့အကြောင်း
ရင်းအဖြစ်မှန်ကိုကျွန်တော်ရှင်းပြသွားပါမယ်။
7
တလိုင်းဝေါဟာရရဲ့ မူလအဓိပ္ပါယ်က အလွန်ကောင်းမွန်တယ်။ တလိုင်းဝေါဟာရရဲ့ နောက်ခံသမိုင်းကိုလေ့လာရင်
(တ’လုင်)ဆိုတဲ့ရှမ်းလူမျိုးတို့ရဲ့မူရင်းဝေါဟာရစကားလုံးကဆင်းသက်လာတာကိုတွေ့ရမယ်။ (တ’လုင်)“Tai Long”
ရှမ်းလူမျိုးတို့ရဲ့ မူလအမည်ဖြစ်တယ်။ ရှမ်းလူမျိုးတို့ဟာ သူတို့ကိုယ်သူတို့ (တ’) သို့မဟုတ် (တ’လုင်) လို့ခေါ်
ဆိုတယ်။ သူတို့ဘာသာစာပေနဲ့ သူတို့လူမျိုးကို(တ’) သို့မဟုတ် (တ’လုင်) လို့ရေးသားတယ်။ သူတို့စာပေဟာ
မွန်စာပေမှ ဆင်းသက်လာတဲ့ စာပေဖြစ်တယ်။ ‘’ရှမ်း’’လို့သူတို့ကိုယ်သူတို့ မခေါ်ဆိုမရေးသားကြဘူး။ သူတို့
ရဲ့အရေးအသား(တ’လုင်)ဝေါဟာရစာလုံးကို ဗမာတို့က ပုံတူကူးယူလို့မရဘူး။ ဗမာစာပေဖွဲ့ထုံးမှုအရ အဲဒီလိုရေး
သားလို့မဖြစ်ဘူး။ ပုံတူကူးရေးရင်လဲ အသံထွက်လို့မရ, ကမောက်မဖြစ်နေတယ်။ ပီပီသသ အသံမထုတ်နိုင်ဘူး။
ဒါကြောင့်နောက်ဆုံးမှာဗမာလူမျိုးတို့ကဗမာစာပေဖွဲ့ထုံးနည်းအရ(တ’လုင်)ဝေါဟာရကိုတလိုင်းလို့ရေးသားပြီးအသံ
ထုတ်တယ်။ မိမိတို့ အသံထွက်တတ်တဲ့အတိုင်း ဗမာစာဖွဲ့ထုံးမှုနဲ့အညီ တလိုင်းလို့ရေးသားလာတာဖြစ်တယ်။
(တ’လုင်)ရှမ်းလူမျိုးတို့ရဲ့မူရင်းစကားလုံးကနေပြီး’တလိုင်း’ဝေါဟာရဖြစ်လာရတဲ့အကြောင်းအသေးစိပ်ပြည့်ပြည့်စုံစုံ
သိလိုသူမည်သူမဆို ကျွန်တော်ရေးသားခဲ့တဲ့‘’တလိုင်းဝေါဟာရ သုတေသနစာတမ်း’’ကို လေ့လာစေချင်ပါတယ်။
ဒီနေရာမှာ ကျွန်တော်အသေးစိပ်မတင်ပြနိုင်တာကို နားလည်စေချင်ပါတယ်။ ဂျာနယ်တစ်ခုမှာခွင့်ပြုနိုင်တဲ့အတိုင်း
အတာစာမျက်နှာအပေါ်မှာမူတည်ပြီးဆောင်းပါးကိုရေးသားရတဲ့အ တွက်စာအုပ်တစ်အုပ်မှာကဲ့သို့ အသေးစိပ်သမိုင်း
အချက်လက်ပြည့်ပြည့်စုံစုံ ရေးသားတင်ပြနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ရေးသားတဲ့ အချက်လက်တို့ အပေါ်မှာ
မရှင်းလင်းတာတွေရှိရင်သို့မဟုတ်အသေးစိပ်သိလိုသေးရင်ကျွန်တော်ဆီကိုတိုက်ရိုက်ဆက်သွယ်ပြီးဆွေးနွေးတင်ပြ
နိုင်တယ်။
တလိုင်းဝေါဟာရရဲ့ နောက်ခံသမုငိးကြောင်းနဲ့ မူလအဓိပ္ပါယ်အမှန်ကို စာဖတ်သူများ မှန်မှန်ကန်ကန် သိရှိအောင်
ကျွန်တော် ရှင်းလင်းတင်ပြသွားမယ်။ဒီလိုအလွန်ဓိပ္ပါယ်ကောင်းမွန်တဲ့ တလိုင်း(တ’လုင်) ဝေါဟာရကို ဘာကြောင့်
အစပထမမှာ ’’တောင်ပေါ်သားလူရိုင်း’’(Barbarian)ဆိုပြီး ဗမာလူမျိုးတို့ပြန်ဆိုခဲ့ပြီး၊ နောက်ပိုင်းမှာ ဘာကြောင့်
‘’ခြေပြားအောက်ကလူစား’’ (Down-Trodden) ဆိုပြီး မဟုတ်မတရား မှားယွင်းတဲ့ အဓိပ္ပါယ်နဲ့ ဗမာလူမျိုးတို့က,
ကပေါက်ကရ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ရသလဲ။ ဒီအချက်တို့ ကိုစာဖတ်သူများသိရှိအောင်အောက်ပါအချက်နှစ်ချက်တို့ကို
အခြေတည်ပြီးကျွန်တော်ရှင်းလင်းတင်ပြသွားပါမယ်။
1. တလိုင်းဝေါဟာရဟာရှမ်းလူမျိုးတို့ရဲ့(တ’လုင်)ဝေါဟာရမှဆင်းသက်လာတဲ့ဝေါဟာရဖြစ်တယ်။ (တ’လုင်)ဆိုတာ
ရှမ်းလူမျိုးအမည်ဖြစ်တယ်။ဘာကြောင့်’’တောင်ပေါ်သားလူရိုင်း’’လို့ဗမာလူမျိုးတို့ကအဓိပ္ပါယ်ဖွင့်ဆိုလာကြသလဲ။
2. မွန်လူမျိုးတို့ကို တလိုင်းလူမျိုးဖြစ်အောင် ဘာကြောင့်ဗမာတို့က ဖန်တီးခေါ်ဝေါလာရသလဲ။ မွန်လူမျိုးကို
ခေါ်ဝေါ်သုံးနှုန်းတဲ့ တလိုင်းဝေါဟာရကို ’’ခြေဖျားအောက်ကလူစား’’ဆိုပြီး ဗမာတို့ကဘာကြောင့် လွဲလွဲမှားမှားတမျိုး
ဘာသာ ပြန်ဆိုလာရသလဲ။
အထက်ပါအကြောင်းရင်း ဇစ်မြစ်အမှန်ကို ကျွန်တော်တတ်နိုင်သမျှ တိုတိုတုတ်တုတ်နဲ့ ရှင်းလင်းတင်ပြသွားမယ်။
ယနေ့ကျွန်တော်ခေါ်ဝေါ်နေတဲ့ရှမ်းလူမျိုးတို့ဟာမူလပထမတွင်တရုတ်ပြည်တောင်ပိုင်းကွေ့ပြည်နယ်(Kwei-Chau)
မှာအခြေချနေထိုင်ခဲ့တယ်။ (တ’လုင်)လူမျိုးလို့ သူတို့ကိုယ်သူတို့ခေါ်တယ်။ သူတို့ရှမ်းဘာသာစကားနဲ့(တ’လုင်)
လို့ရေးသားတယ်။ (တ’လုင်)လူမျိုးတို့ဟာ ဘီစီ၁-ရာစုလောက်မှာ အထက်ဗမာပြည်တွင်းသို့ ၀င်ရောက်ပြီး
ရွှေလီမြစ်ဝှမ်း(Nam Mao)မှာ အခြေချနေထိုင်ခဲ့ကြတယ်။ (တ’လုင်)လူမျိုးအဖြစ်နဲ့ ဗမာပြည်တွင်းသို့ ၀င်ရောက်
လာတာဖြစ်တယ်။သူတို့အချင်းချင်းမှာငါတို့ဟာရှမ်းလူမျိုးလို့မပြောကြဘူး။ ငါတို့ဟာ(တ’) သို့မဟုတ် (တ’လုင်)
လူမျိုးလို့ပြောဆိုကြတယ်။
သူတို့ကို(တ’လုင်)ခေါ်မှကြိုက်နှစ်သက်တယ်။ ဗမာလူမျိုးတို့က(တ’လုင်)ကို ပီပီပြင်ပြင်မခေါ်တတ်ဘူး။ ဗမာတို့က
မိမိတို့ခေါ်တတ်သလို(တန်လိုင်)လို့ခေါ်လိုက်တယ်။ (တ’)ကို (တန်), (လုင်) ကို (လိုင်)လို့ ဗမာတို့ရေးသားတယ်။
8
ဒါမို့ပုဂံခေတ်မှာရေးသားခဲ့တဲ့စောလူးမင်းကျောက်စာမှာ(တန်လိုင်)ဆိုတဲ့ဝေါဟာရစကားလုံးကို ကျွန်တော်တို့ပထမ
ဦးစွာတွေ့မြင်ခဲ့ရတယ်။(တ’လုင်)လူမျိုးကိုရည်ညွှန်းတဲ့စကားလုံးဖြစ်တယ်။ (တ’)ဆိုတဲ့ရှမ်းစကားလုံးကိုအခြားလူမျိုး
တို့ ကလိုက်ပြီးအသံထွက်ရမှာသိပ့်ခက်တယ်။(တ’)ရှမ်းအသံကို မွန်လူမျိုးတို့က(တာ)ဲ လို့ ပီပီပြင်ပြင်အသံထုတ်နိုင်
တယ်။ဒါပေမဲ့တရုတ်လူမျိုးဗမာလူမျိုးတို့ကတိတိကျကျအသံမထုတ်နိုင်ဘူး။ဒါမို့တရုတ်လူမျိုးဗမာလူမျိုးတို့က(တ’)
ကို(တန်)လို့ရေးသားကြတယ်။ (လုင်)ဆိုတဲ့ရှမ်းစကားလုံးကို အခြားလူမျိုးခြားမပြောနဲ့ မွန်လူမျိုးပင်တထပ်ထဲအသံ
တူအောင်မထုတ်နိုင်ဘူး။ဗမာလူမျိုးတို့က(လိုင်)လို့အသံထုတ်တယ်။ ဒါမို့(တ’လုင်)ဆိုတဲ့ရှမ်းဝေါဟာရစကားလုံးကို
ဗမာလူမျိုးတို့(တန်လိုင်)လို့မှတ်တမ်းတင်ရေးသားလာကြတယ်။ (တ’လုင်)လူမျိုးတို့ရဲ့သမိုင်းမှတ်တမ်းကိုလေ့လာ
ရင်ဗမာပြည်တွင်းသို့ ရွှေ့ပြောင်းမရောက်လာခင် (တ’လုင်)လူမျိုးတို့ဟာ တရုတ်ပြည်တောင်ပိုင်း နေရာအနှံ့မှာ
နေထိုင်ခဲ့တာကိုတွေ့ရတယ်။ ဥပမာယူနန်ပြည်နယ်၊ စူချွန်းပြည်နယ်၊ ကွေ့ပြည်နယ် စတဲ့ပြည်နယ်တို့မှာ အသီးသီး
နေထိုင်လာခဲ့ကြတယ်။(တ’လုင်)လူမျိုးတို့မှာစာပေယဉ်ကျေးမှုအလွန်မြင့်မားတဲ့လူမျိုးဖြစ်တယ်။ အလွန်ရဲစွမ်းသတ္တိ
ရှိပြီးတိုက်ရည် ခိုက်ရည်အလွန်ပြည့်ဝတဲ့လူမျိုးတစ်မျိုးဖြစ်တယ်။
တရုတ်ပြည်မှာလူဦးရေတိုးပွားများပြားလာတဲ့အတွက် မြောက်ပိုင်းရှိတရုတ်လူမျိုးတို့က တဖြည်းဖြည်းတောင်ပိုင်းကို
အိဆင်းလာကြတယ်။ (တ’လုင်)လူမျိုးတို့ နေထိုင်တဲ့နေရာဒေသနယ်မြေသို့ အတင်းဝင်ရောက် နေရာယူလာကြ
တယ်။(တ’လုင်)လူမျိုးတို့အပေါ်မှာစိုးမိုးအနိုင်ကျင့်လာကြတယ်။ဖိနှိပ်လာကြတယ်။ တဖြည်းဖြည်းနဲ့(တ’လုင်)လူမျိုး
တို့ကိုဝေးလံခေါင်းပါးတဲ့နေရာ အရပ်ဒေသသို့တွန်းပို့လိုက်ကြတယ်။ ဒါနဲ့(တ’လုင်)လူမျိုးတို့ဟာ တဖြည်းဖြည်းနဲ့
မြို့ကြီးပြကြီးကနောက်ဆုတ်ပေးရပြီးအလွန်ဝေးလံပြီးတောခေါင်တဲ့အရပ်ဒေသကို ပြောင်းရွှေ့နေထိုင်လာကြတယ်။
(တ’လုင်)လူမျိုးတို့ကိုမြို့ကြီးပြကြီးမှ အလွန်ဝေးလံတောခေါင်တဲ့အရပ်ဒေသဆီကို ပြောင်းရွှေ့သွားရောက်နေထိုင်
သွားစေတဲ့ အခြားအကြောင်းရာတစ်ခုက တရုတ်ပြည် တံတိုင်းကြီး (Great Wall) တည်ဆောက်ရေးဘဲ ဖြစ်တယ်။
တရုတ်ဘုရင်ဧကရာဇ်မင်းအဆက်ဆက်တို့က တရုပ်တံတိုင်းကြီးအမြန်ပြီးမြောက်ရေးအတွက်တောရပ်ဒေသတို့မှာ
နေထိုင်ကြသော(တ’လုင်)လူမျိးတို့ကိုအတင်းအဓမ္မဆွဲခေါ်ပြီးလုပ်အားပေးစေခဲ့တယ်။အလုပ်ကြမ်း၊ ရာသီဥတုကြမ်း
တမ်းမှုကြောင့် တံတိုင်းကြီးတည်ဆောက်ရေးမှာ ပါဝင်လုပ်အားပေးခဲ့ကြတဲ့ (တ’လုင်)လူမျိုး အားလုံးလိုလိုတို့ဟာ
သေကြေပျက်စီးခဲ့ကြတယ်။ ဒီလိုအတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဘေးဒါဏ်တို့မှ လွတ်မြောက်ရေးအတွက်
(တ’လုင်)လူမျိုးတို့မှာအလွန်ဝေးလံပြီး လူသူမရောက်နိုင်မပေါက်နိုင်တဲ့တောခေါင်ခေါင်အရပ်ဒေသဖြစ်တဲ့ကွေ့ပြည်
(Kwei-chou)နယ်အရပ်ဒေသသို့ပြောင်းရွှေ့နေထိုင်လာရတယ်။ ကွေ့ပြည်နယ်ရဲ့(၇၂)ရာခိုင်နှုန်းနယ်မြေဒေသတို့
ဟာမြင့်မားတဲ့တောင်အတိဖြစ်တယ်။ မြေသြဇာအလွန်ညံ့ဖျင်းပြီးစိုက်ပျိုးလို့ မထွန်းကားတဲ့ဒေသဖြစ်တယ်။ မြို့ကြီး
ပြကြီးတို့နဲ့ အလွန်ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး လုံးဝမရှိသော အရပ်ဒေသဖြစ်တယ်။ အဲဒီလိုအဖက်ဖက်မှာ
ချို့တဲ့ပြီးသီးခြားဝေးလံသောနေရာတို့မှာကြီး ပြင်းလာရတဲ့(တ’လုင်)လူမျိုးတို့ဟာ တဖြည်းဖြည်းနဲ့လူနေမှုအဆင့်
တန်းနှိပ်ကျလာတယ်။ ယဉ်ကျေးမှုအရနိပ့်ဆင်းလာတယ်။ စာပေလိုက်စားမှုနည်းပါးပြီး အသိပညာချို့တဲ့လာကြ
တယ်။ပိုမိုဆိုးဝါးစေတဲ့ အခြားအကြောင်းတစ်ရပ်က ရှီဝမ်းတီ(Shih-Wang-Ti)တရုတ်မင်း လက်ထက်မှာ စာပေ
လိုက်စားမှုမှန်သမျှတို့ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်တားမြစ်လာတယ်။ စာအုပ်စာပေ လိုက်စားသူပညာရှိမှန်သမျှ
တို့ကိုလိုက်လံသတ်ပစ်တယ်။ စာအုပ်ရောင်းသူမှန်သမျှတို့ကို ကြီးလေးတဲ့ အပြစ်ဒါဏ်ကိုပေးတယ်။ ကွန်ဖြူးရပ်
စာအုပ်စာပေမှန်သမျှတို့ကိုလိုက်လံသိမ်းဆည်းမီးရှို့လိုက်ကြတယ်။ အဲဒီလိုအဖက်ဖက်ကတွန်းပို့လိုက်တဲ့အခြေနေ
အကြောင်းကြောင်းတို့ကြောင့်ကွေ့ပြည်နယ်မှာနေထိုင်နေကြတဲ့(တ’လုင်)လူမျိုးတို့ဟာတဖြည်းဖြည်းနဲ့အသိပညာ
ခေါင်းပါးလာကြတယ်။ယဉ်ကျေးမှုနိပ့်ကျလာကြတယ်။စာပေတတ်မြောက်သူနည်းပါးလာတယ်။ ၀တ်စားဆင်ယင်မှု
နိပ့်ဆင်းလာကြတယ်။ လူနေမှုအဆင့်အတန်းနိပ်ဆင်းလာကြတယ်။ အဲဒီလိုအဖက်ဖက်ကတွန်းပို့လိုက်တဲ့အခြေနေ
တို့ကြောင့် လူသူပေါက်ရောက်နည်းပါးပြီး အလွန်ဝေးလံ ခေါင်လွင်တဲ့ အရပ်ဒေသတို့မှာ ကြီးပြင်းနေထိုင်လာရတဲ့
(တ’လုင်) လူမျိုးတို့ကို တောပေါ်သားလူရိုင်း (Barbarian)လို့ တရုတ်လူမျိုးတို့မြင်လာကြတယ်။ နှစ်ကာလ
ကြာညောင်းလာလေ၊ ကွေ့ပြည်နယ်မှာနေထိုင်ကြတဲ့ (တ’လုင်) လူမျိုးတို့ကို တရုတ်လူမျိုးတို့က လူရာမသွင်းဘဲ
တောင်ပေါ်သားလူရိုင်း(Barbarian)အဖြစ်သတ်မှတ်လာကြတယ်။ တရုတ်လူမျိုးတို့ရဲ့မျက်စေ့ထဲမှာ(တ’လုင်)ဆိုရင်
9
’’တောင်ပေါ်သားလူရိုင်း’’အဖြစ်သိလာကြတယ်။ (တ’လုင်)ဆိုလိုက်ရင် တောင်ပေါ်သားလူရိုင်းလို့ တထပ်တည်း
သိမြင်လာကြတယ်။’တောတွင်းလူရိုင်း’လို့ပြောလိုက်ရင်(တ’လုင်)လူမျိုးကိုချက်ချင်းပြေးမြင်လာကြတယ်။(တ’လုင်)
နဲ့’တောင်ပေါ်သားလူရိုင်း’ဆိုတဲ့အဓိပ္ပါယ်တို့ဟာတထပ်ထဲတစ်မျိုးတစ်စားတည်းဖြစ်လာကြတယ်။သက်သေအဖြစ်
အောက်ပါစာပုဒ်ကိုဖတ်ရှု စေလိုပါတယ်။
“The Tai, who had been a cultured people being of the princely rank in early times, were in
possession of a rich heritage of art and literature at the time of Shih-Wang-Ti, but the men of
letters among the Tai and their literary works were so completely destroyed in this wild act
of persecution that from that time the Tai in the Empire became almost an illiterate race
through lack of books and teachers. In a few decades following this tragic event these
descendants of the once highest class of nobility degenerated into being Hill Tribes, or
rather many of them got merged with the Hill Tribes living in the inaccessible mountainous
regions. Those who took shelter in the highlands of Sze-chuan, Yun-nan and Kwei-chow call
themselves Tai or Chai to this day. As men of the wild country they became known as
‘barbarians’.” (The Tai and The Tai Kingdoms, P. 37)
ဒီစာပုဒ်ရဲ့အဓိပ္ပါယ်ကအထက်ကကျွန်တော်ရှင်းလင်းတင်ပြခဲ့တဲ့(တ’လုင်)လူမျိုးတိုရဲ့ဘ၀အခြေနေနဲ့တထပ်တည်း
အဓိပ္ပါယ်ရှိတဲ့အတွက်ထပ်မံဘာသာပြန်ဆိုဘို့မလိုအပ်ဘူးလို့ခံယူတယ်။
ဘီစီ(၁)ရာစုလောက်မှာတရုတ်ပြည်မှာပုန်ကန်မှုကြီးဖြစ်ပေါ်လာတယ်။ မြောက်ပိုင်းနေတရုတ်လူမျိုးတို့ဟာလုံခြုံရာ
တရုတ်ပြည်တောင်ပိုင်းဘက်ကို ရုတ်တရက်လူအုပ်ချီ အသုတ်လိုက်၊ အသုတ်လိုက် အိဆင်းလာကြတယ်။ အဲဒီလို
မြောက်ပိုင်းကအတောမသတ် အိဆင်းလာကြတဲ့ တရုတ်လူမျိုးတို့ကြောင့် တောင်ပိုင်းမှာ နေထိုင်နေကြတဲမဲူလ
တိုင်းရင်းသား(တ’လုင်)တို့အပေါ်အနိုင်ကျင့်လာကြပြန်တယ်။ အမျိုးမျိုးဖိနှိပ့်လာကြပြန်တယ်။ နောက်ဆုံးမှာတရုတ်
လူမျိုးတို့ရဲ့ဖိနှိပ်မှုဘေးဒါဏ်တို့ကိုမခံနိုင်လွန်းလို့လွတ်မြောက်ဘို့အတွက် (တ’လုင်)လူမျိုးတို့ဟာ ဘေးကင်းရာ
မြန်မာနိုင်ငံမြောက်ပိုင်းရွှေလီမြစ်ဝှမ်း(Nam Mao Valley)နေရာဒေသတို့မှာပြောင်းရွှေ့အခြေချနေထိုင်လာကြတယ်။
ရွှေလီမြစ်ဝှမ်းမှာ အခြေချနေထိုင်ရာမှ နှစ်ပေါင်းကြာညောင်းလာတဲ့အခါ (တ’လုင်)လူမျိုးတို့ဟာ တဖြည်းဖြည်းနဲ့
တောင်ဘက်ပိုင်းသို့ရွှေ့ပြောင်းနေထိုင်လာကြတယ်။ ဗမာတိုင်းရင်းသားတို့နေထိုင်ရာအညာမြေပြန့်နယ်မြေဒေသ
ဆီကိုဝင်ရောက်နေရာယူလာကြတယ်။ (တ’လုင်)လူမျိုးတို့ဟာ တရုတ်ပြည်တောင်ပိုင်းနေခဲ့စဉ်ကပင် တရုတ်လူမျိုး
တို့နဲ့အမြဲတမ်းတော်လှန်တိုက်ခိုက်ခဲ့ရတဲ့အတွက် စစ်ရေးစစ်ရာမှာအတွေ့အကြုံကြွယ်ဝခဲ့ကြတဲ့ လူမျိုးတစ်မျိုးဖြစ်
လာတယ်။မြင်းစီးလေးမြှားပစ်တဲ့စစ်အတတ်ပညာတို့ဖက်မှာ ထူးထူးခြားခြားကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခဲ့ကြ
တယ်။ဌာနေတိုင်းရင်းသားဗမာလူမျိုးတို့ထက် အဆပေါင်းများစွားစစ်ရေးစစ်ရာမှာသာလွန်တယ်။ ဒါမို့တိုင်းရင်းသား
ဗမာလူမျိုးတို့နေရာဒေသတို့ကို တိုက်ခိုက်သိမ်းပိုက်ယူပြီးမြို့ပြနိုင်ငံထူထောင်နေထိုင်လာကြတယ်။ တကောင်းမြို့၊
မိုးကောင်းမြို့၊သီပေါမြို့၊မိုးမိတ်မြို့၊မိုးနဲမြို့၊မိုးဗြဲမြို့၊မိုးကုတ်မြို့စသည့်မြို့တို့ကိုတည်ထောင်လာကြတယ်။
(မိုး=ရှမ်းစကား Mong မှလာတဲ့ စကားဖြစ်တယ်။မြို့၊တိုင်းပြည်၊နိုင်ငံလို့အဓိပ္ပါယ်ရတယ်)
ဗမာလူမျိုးတို့ဟာစစ်ရှုံးပြီး(တ’လုင်)လူမျိုးတို့ရဲ့အုပ်ချုပ်မှုမှာနေထိုင်လာခဲ့ရတယ်။(တ’လုင်)လူမျိုးတို့ကိုအခဲမကြေ
တဲ့မုန်းတီးစိတ်နဲ့အစဉ်ထာဝရမြင်လာခဲ့တယ်။မိမိတို့နယ်မြေဒေသတို့ကိုဝင်ရောက်ကျူးကျော်လုယက်သိမ်းပိုက်ယူ
တဲ့(တ’လုင်)လူမျိုးကို ’’တောင်ပေါ်သားလူရိုင်း’’ဆိုပြီး စိတ်ထဲ့မှာမကြေမချမ်းနဲ့ကြိန်ဆဲခဲ့ကြတယ်။ ဒါမို့ဗမာလူမျိုးတို့
ရင်ထဲမှာအမြဲတမ်းကိန်းအောင်းနေခဲ့တဲ့မုန်းတီးစိတ်ကိုဖေါ်ထုတ်တဲ့’’တရုတ်ကဖိ၊ရှမ်းကအိ၊ရှိတဲ့ဗမာအနောက်မှာ’’ဆို
တဲ့တပေါင်စာကိုကျွန်တော်တို့ကြားခဲ့ရတယ်။ ဒီတပေါင်ရဲ့သဘောသွားကိုလေးလေးနက်နက်စဉ်းစားရင်(တ’လုင်)
လူမျိုးတို့အပေါ်ဗမာလူမျိုးတို့ရဲ့ မကြေနပ်မှုအတိုင်းအတာအတိမ်အနက်ကိုမြင်သာနိုင်တယ်။ (တ’လုင)် လူမျိုးကို
’’တောင်ပေါ်သားလူရိုင်း ’’(barbarian)လို့ ရှုတ်ရှုတ်ချချ ပစ်ပစ်ခါခါ မြင်လာကြတယ်။ အဲဒီလို (တ’လုင်)လူမျိုးကို
’’တောင်ပေါ်သားလူရိုင်း’’လို့ ရှုတ်ရှုတ်ချချ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အမှန်စင်စစ် တရုတ်လူမျိုးတို့ရဲ့ အဓိပ္ပါယ်ဖွင့်
ဆိုချက်ကိုဗမာလူမျိုးတို့က အတုယူသုံးနှုန်းလိုက်တာဖြစ်တယ်။ (တ’လုင်)လူမျိုးကို ’’တောင်ပေါ်သားလူရိုင်း’’ လို့
10
တရုတ်လူမျိုးတို့ကမြင်ခဲ့ကြတဲ့အကြောင်းရင်းကိုအသေးစိပ်ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်နောက်ဆုံးမှာ(တ’လုင်)ဝေါဟာရဟာ’’တောင်ပေါ်သားလူရိုင်း’’လို့ဘဲအဓိပ္ပါယ်ပြန်ဆိုလာကြတယ်။
နှစ်ကာလကြာညောင်းလာတဲ့အခါ ဗမာလူမျိုးတို့ရဲ့အမြင်မှာ ’’တောင်ပေါ်သားလူရိုင်း’’နဲ့(တ’လုင်)ဆိုတာ အဓိပ္ပါယ်
တစ်မျိုးတည်းဖြစ်လာတယ်။ခွဲခြားလို့မရဖြစ်လာတယ်။ (တ’လုင်)ဆိုလိုက်ရင် ’’တောင်ပေါ်သားလူရိုင်း’’လို့မြင်ကြ
တယ်။’တောင်ပေါ်သားလူရိုင်း’လို့ပြောလိုက်ရင်(တ’လုင်)လူမျိုးကိုရည်ညွှန်းးမှန်း ချက်ချင်းသိကြတယ်။ (တ’လုင်)နဲ့
’’တောင်ပေါ်သားလူရိုင်း’’(barbarian)တို့ဟာတသားတည်းဖြစ်လာတယ်။ အဲဒီလိုရိုင်းစိုင်းတဲ့ အဓိပ္ပါယ်ဆောင်နေတဲ့
အတွက်သာမန်အချိန်ခါမှာ(တ’လုင်)လူမျိုးကို‘တလိုင်း’(တ’လုင်)လို့မခေါ်ဆိုမသုံးနှုန်းကြဘူး။‘ရှမ်း’လူမျိုးလို့ဗမာတို့
ကယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်သုံးနှုန်းတယ်။ ဒါပေမဲ့ ရန်ဖြစ်တဲ့အချိန်၊ မုန်းတီးတဲ့အချိန်၊ ကျိန်ဆဲတဲ့ အချိန်မျိုးမှာ
တဖက်သူကိုချိုးနှိမ်တဲ့သဘောနဲ့တလိုင်း(တ’လုင်) လို့ဗမာလူမျိုးတို့ကခေါ်ဝေါ်ပြီးတိုက်ခိုက်တယ်။
ဒီနေရာမှာ’’ရှမ်း’’အမည်နာမဖြစ်ပေါ်လာပုံကိုလေ့လာရင် နောက်ခံသမိုင်းကြောင်းအမျိုးမျိုးကိုတွေ့ရတယ်။ အချို့က
တရုတ်ပြည်ရှိ ‘’ရှမ်းတောင်တန်း’’ (Sham Mountain) မှာ (တ’လုင်)လူမျိုးတို့ အခြေချနေထိုင်ခဲ့ဘူးသည်ကို
အကြောင်းပြုပြီးဒီလူမျိုးကိုရှမ်းလူမျိုးလို့ခေါ်ဆိုတယ်လို့လဲပြောကြတယ်။အချို့က’’ရှမ်း’’အမည်ရှိတဲ့(တ’လုင်)လူမျိုး
တို့ရဲ့သူရဲကောင်းကြီးကိုအကြောင်းပြုပြီး ဒီလူမျိုးကိုရှမ်းလူမျိုးလို့ ခေါ်လာတာဖြစ်တယ်လို့လဲပြောကြတယ်။ အချို့
(Siam)ဆိုတဲ့စကားလုံးမှဆင်းသက်လာတယ်လို့လဲပြောကြတယ်။ဒီနေရာမှာရှမ်းဝေါဟာရအကြောင်းကိုအသေးစိပ်
တင်ပြဘို့ရည်ရွယ်ချက်မရှိတဲ့အတွက် ခေတ္တခဏဘေးဖယ်ထားပြီး(တ’လုင်)ဝေါဟာရကိုသာ ကျွန်တော်ဆက်လက်
ဆွေးနွေးတင်ပြသွားပါမယ်။
(တ’လုင်)ဝေါဟာရဟာရိုင်းစိုင်းတဲ့သဘောသက်ရောက်နေတယ်လို့ ဗမာလူမျိုးတို့ကမြင်တဲ့အတွက် သာမန်အချိန်
မှာဒီလူမျိုးကို ရှမ်းလူမျိုးလို့ ခေါ်ဆိုသုံးနှုန်းခဲ့တယ်။ ဒါပေမဲ့ ၁၇၄၀-ခုနှစ်မှာ အုတ်ဖိုမတ္တရာနယ်မြေမှာနေထိုင်ကြတဲ့
(တ’လုင်)ရှမ်းလူမျိုးတို့က အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိကို ပုန်ကန်တော်လှန်ကြတယ်။ ဗမာဘုရင်ကိုဖြုတ်ချပြီး
ရှမ်းမင်း အာဏာထူထောင်ဘို့ဖြစ်တယ်။ ဒီပုန်ကန်တော်လှန်တဲ့ မတ္တရာအုတ်ဖိုက ရှမ်းလူမျိုးကို အင်းဝမင်းက
ကွေ့တလိုင်း,ကွေ့ရှမ်း,ဆိုပြီး တိုက်ခိုက်ခဲ့တယ်။ ယခုခေတ်မှာအစိုးရကို ပုန်ကန်တော်လှန်သူတွေကို အမည်ပျက်
အမျိုးမျိုးပေးပြီးတိုက်ခိုက်ချေမှုန်းသလိုယခုလဲအင်းဝမင်းကရှမ်းတော်လှန်ပုန်ကန်သူတို့ကွေ့တလိုင်း,ကွေ့ရှမ်းဆိုပြီး
နှိပ်ချခေါ်ဆိုတိုက်ခိုက်ခဲ့တယ်။အင်းဝသမိုင်းကိုလေ့လာရင်ပထမဦးဆုံးအင်းဝနိုင်ငံကိုစတင်ထူထောင်အုပ်ချုပ်သူဟာ
ရှမ်းမျိုးနွယ်သတိုးမင်းဖျားဖြစ်တယ်ဆိုတာတွေ့ရမယ်။အင်းဝနိုင်ငံကိုဗမာဘုရင်တလှဲ့ရှမ်းဘုရင်တလှဲ့အုပ်ချုပ်ခဲ့ကြ
တာကိုတွေ့ရတယ်။ရှမ်းနှင့်ဗမာတို့ကသူတပြန်ကိုယ်တလှဲ့အုပ်ချုပ်ခဲ့ကြတယ်။ယခုလည်းဗမာဘုရင်မဟာဓမ္မရာဇာ
ဓိပတိကိုဖြုတ်ချပြီးရှမ်းမင်းအာဏာထူထောင်ဘို့ပုန်ကန်တော်လှန်ကြတယ်။အုတ်ဖိုမတ္တရာတော်လှန်ပုန်ကန်မှုကို
လေ့လာသုံးသပ်ရင် ပုန်ကန်မှုကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းနှစ်ရပ်ကိုတွေ့ရတယ်။
(၁)အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိမင်းဟာအရည်းချင်းအလွန်ညံ့ဖျင်းတဲ့အတွက်တိုင်းပြည်တည်ငြိမ်မှုမရှိ
ဘူး။သဘာဝဘေးဒါဏ်အမျိုးမျိုးကြောင့်တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါးတယ်။ ဆူးပူးသောင်းကျန်းကြတယ်။
သူခိုးဓါးမြတွေပေါတယ်။ဘုရင်အာဏာကိုတုပြိုင်ပြီးအနယ်နယ်အရပ်ရပ်တို့မှာမင်းလောင်းတွေပေါ်ပေါက်လာတယ်။
အင်းဝဘုရင်အုပ်ချုပ်မှုအာဏာလုံးလုံးပျက်ပြားနေတယ်။ဒါကိုအခွင့်ကောင်းယူပြီးရှမ်းလူမျိုးတို့ကတော်လှန်ပုန်ကန်
ကြတယ်။
(၂)ဟံသာဝတီနိုင်ငံမှာရှမ်းမျိုးနွယ်သမိန်ထောကမင်းလာဖြစ်တဲ့အတွက်အနှစ်နှစ်ကရှမ်းလူမျိုးတို့အိမ်မက်,
မက်ခဲ့တဲ့အင်းဝနေပြည်တော်မှာရှမ်းမင်းဆက်အာဏာထူထောင်ရေးအိမ်မက်ကြီးကိုပြန်လည်အကောင်ထည်ဖေါ်ဘို့
ရှမ်းလူမျိုးတို့နိုးကြားလာတယ်။
အထက်ပါ အဓိကအကြောင်းချက်နှစ်ချက်တို့ကိုအကြောင်းပြုပြီး အုတ်ဖိုမတ္တရာရှမ်းလူမျိုးတို့တော်လှန်ပုန်ကန်ကြ
တာဖြစ်တယ်။အဲဒီလိုပုန်ကန်တော်လှန်ကြတဲ့(တ’လုင်)ရှမ်းတို့ကို အင်းဝဗမာဘုရင်ကဗမာ့အသံနဲ့’တလိုင်း’လို့ခေါ်
11
ဆိုသုံးနှုန်း တိုက်ခိုက်တယ်။ (တ’လုင)် ရှမ်းခေါင်းဆောင်ကိုလဲ တလိုင်းဂုဏ္ဏအိန်၊ တလိုင်းသူရိန်စော၊ မတ္တရာတလိုင်း၊
အုတ်ဖိုတလိုင်း၊ ကွေ့တလိုင်းလို့ သုံးနှုန်းပြီးပုန်ကန်တော်လှန်သူတို့ကို ချိုးချိုးနှိမ်နှိမ်ခေါ်ဆို တိုက်ခိုက်ခဲ့တယ်။
အဓိပ္ပါယ်မှာ ‘’တောင်ပေါ်သားလူရိုင်း’’တွေလို့ သုံးနှုန်းခေါ်ဆိုလိုက်တာဖြစ်တယ်။ မှန်နန်းရာဇ၀င်ကို လေ့လာရင်
တော်လှန်ပုန်ကန်သောရှမ်းတို့ကိုအု မည်ပျက်နှစ်မျိုးနဲ့ဖေါ်ပြရေးသားထားတာကိုတွေ့ရမယ်။ တလိုင်းလို့သုံးနှုန်းတဲ့
အပြင်ကွေ့ရှမ်း၊ကွေ့တလိုင်းလို့လည်းသုံးနှုန်းပြီးနှိပ့်ချရေးသားထားတာကိုတွေ့ရတယ်။
ကွေ့ဝေါဟာရဟာကိုလေ့လာရင် ယခင်(တ’လုင်)လူမျိုးတို့နေထိုင်ခဲ့ဘူးတဲ့ တရုတ်ပြည်တောင်ပိုင်း ကွေ့ပြည်နယ်
(Kwei-chau)ကိုအစွဲပြုပြီးအဲဒီပြည်နယ်ကလာတဲ့(တ’လုင်)လူမျိုးကိုကွေ့တလိုင်း၊ကွေ့ရှမ်း၊ လို့ဗမာတို့ကခေါ်လိုက်
တာဖြစ်တယ်။သဘောကပုန်ကန်တော်လှန်သူတွေဟာဗမာပြည်သားစစ်စစ်တွေမဟုတ်ဘူး။ တရုတ်ပြည်တောင်ပိုင်း
ကွေ့နယ်(Kwei-Chau)ကလာတဲ့ တိုင်းတပါးကျုးကျော်စော်ကားသူတွေဖြစ်တယ်။ တောင်ပေါ်သားအရိုင်းတွေဖြစ်
တယဆိုတဲ့သဘောနဲ့ကွေ့ရှမ်း၊ကွေ့တလိုင်းလို့သံုးနှုန်းတိုက်ခိုက်လိုက်တာဖြစ်တယ်။ (‘ကွေ့’ဆိုတာလူမျိုးတစ်မျိုး
ရဲ့အမည်နာမတစ်ခုမဟုတ်ပါ၊အချို့တို့ကကွေ့ကိုလူမျိုးတစ်မျိုးရဲ့အမည်နာမလို့ယူဆကြတယ်။ အချို့စာရေဆရာ
နဲ့သမိုင်းပညာရှင်တို့က ’ကွေ့’ကို ကရင်လူမျိုး, ၀လူမျိုးလို့ မှားမှားယွင်းယွင်း ယူဆထားကြတယ်။ ကွေ့ဆိုတာ
တရုတ်ပြည်နယ်တစ်ခုရဲ့အမည်နာမ,တစ်ခုသာဖြစ်တယ်။)
အင်းဝမင်းကိုတော်လှန်ပုန်ကန်ကြတဲ့ရှမ်းခေါင်းဆောင်တို့ကလဲ ဟံသာဝတီမှာ မင်းတက်ဖြစ်နေတဲ့ (တ’လုင်)လူမျိုး
သမိန်ထော (မွန်အခေါ် သမိင်ဓ၀်ဗုဒ္ဓကေသီ-သေံကေဲာ, ကွေ့ရှမ်းမျိုးနွယ်)ထံမှာ စစ်ရေးအကူညီ တောင်းခဲ့တယ်။
အကယ်၍အင်းဝကိုသိမ်းခိုက် သိမ်းပိုက်နိုင်ခဲ့ရင်သမိန်ထောကို အင်းဝမှာမင်းမြှောက်ပြီး ရှမ်းမင်းအာဏာပြန်လည်
ထူထောင်ဘို့ဖြစ်တယ်။ သမိန်ထောကလဲအင်းဝကိုတိုက်ခိုက်ဘို့အတွက် ဟံသာဝတီတပ်တွေကိုစေလွှတ်ခဲ့တယ်။
အဲဒီလို တော်လှန်ပုန်ကန်သူရှမ်းတို့ကို စစ်ရေးအကူညီပေးလာတဲ့ ဟံသာဝတီမွန်တပ်တွေကိုလဲ အင်းဝဘုရင်က
’’တလုင်း’’လို့ခေါ်ဆို သုံးနှုန်းလာတယ်။ အဲဒီအချိန်ကစပြီးတလိုင်းဝေါဟာနဲ့ ဟံသာဝတီမွန်လူမျိုးတို့ ပတ်သက်
ဆက်နွယ်လာတယ်။ သမိန်ထောလက်ထက်မှာ ဟံသာဝတီမွန်တပ်နဲ့ အုတ်ဖိုမတ္တရာရှမ်းတပ်တို့က အင်းဝကိုဝိုင်း
ထားနိုင်ပေမဲ့ အပြီးအပိုင် မသိမ်းပိုက်နိုင်ခ့ဘဲူး။ အင်းဝင်မှာ မင်းတက်လုပ်ဘို့ ရည်ရွယ်ချက်ရှိခဲ့တဲ့ သမိန်ထောလဲ
စိတ်ဓါတ်ပျက်ပြားပြီး ချင်းမိုင်သို့ ၁၇၄၆-ခုနှစ်မှာ သွားရောက်ခိုလုံလိုက်တယ်။ ၁၇၄၆-ခုနှစ် သမိန်ထောမရှိသည့်
နောက်မှာတပ်မှူးဗိုလ်မှူးအပေါင်းတို့က မွန်စစ်သူကြီးဗညားဓလကိုမင်းတင်မြှောက်ကြတယ်။ စစ်သူကြီးဗညားဓလ
လဲအများဆန္ဒအရဘုရင်ဖြစ်လာတယ်။
မွန်စစ်သူကြီးဗညားဓလက မင်းဖြစ်တာနဲ့ချက်ချင်းဘဲ ’’ဘုရင်နောင်ထူထောင်ခဲ့တဲ့ ဟံသာဝတီအင်ပါယာကြီးကို
ပြန်လည်ထူထောင်မယ်’’လို့ကမ္ဘာ့သိအောင်ကြေငြာလိုက်တယ်။ အဲဒီလိုကြွေးကြော်လိုက်တဲ့အတွက် ယိုးဒယားရှမ်း
ကိုတုန့်လှုပ်ခြောက်ခြားစေခဲ့တယ်။ အာယုဒယကိုဘုရင်နောင်ကသိမ်းပိုက်ခဲ့ဘူးတာကိုထောက်ပြီးတနေ့နေ့မှာ
ငါတို့အယုဒယကိုလဲဗညားဓလက လာရောက်သိမ်းပိုက်လိမ့်မယ်ဆိုပြီး စိုးရိမ်စိတ်တွေဖြစ်ပေါ်လာတယ်။ ယိုးဒယား
ရှမ်းနဲ့အင်းဝဗမာတို့ ညီညွတ်ကြဘို့တွန်းပို့ပေးသလိုဖြစ်သွားစေခဲ့တယ်။ မုတ္တမ၊မြိတ်၊ ထားဝယ်မှ ထွက်ပြေးတိမ်း
ရှောင်သွားတဲ့ ဗမာနယ်စားမြို့စားတို့ကို အယုဒယရှမ်းတို့က ကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံပြီး ခိုလှုံခွင့်ပေး
ခဲ့တယ်။
ဗညားဒလမင်းဟာအလွန်ထက်မြက်တဲ့မင်းတစ်ပါးဖြစ်တယ်။ ဟံသာဝတီနိုင်ငံကို တိုတောင်းတဲ့အချိန် အတွင်းမှာပင်
တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ စည်းရုံးညီညွတ်မှုထူထောင်ခဲ့တယ်။ အင်းဝမင်းကို ဆက်လက်
တော်လှန်ပုန်ကန်နေကြတဲ့အုတ်ဖိုမတ္တရာရှမ်းတို့နဲ့လဲမဟာမိတ်ဖွဲ့ခဲ့တယ်။ ၁၇၅၂-ခုနှစ်ဧပြီလမှာအင်းဝကို မွန်တို့
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိနဲ့အတူ မိဖုရားသားသမီးမောင်းမမိဿန်တို့ကိုပါ
မွန်အိမ်ရှေ့မင်းသားဥပရာဇာက ဟံသာဝတီသို့ခေါ်ဆောင်လာခဲ့တယ်။ အင်းဝမှာအုပ်ချုပ်ဘို့အတွက် စစ်ရေးစစ်ရာ
မှာအလွန်ထက်မြက်တဲ့ စစ်သူကြီးတလဗန်းကို တာဝန်ပေးခဲ့တယ်။ စစ်သူကြီးတလဗန်းဟာ နေ့မအားညမအား
12
တိုင်းပြည်ရေးရာကို ဆောင်ရွက်ရတယ်။ ကြွင်းကျန်နေသေးတဲ့ဗမာသူပုန်တို့ကို လိုက်လံရှင်းလင်းသုတ်သင်နေကြ
တယ်။အဲဒီလိုနဲ့မဟာမိတ်ဖြစ်တဲ့အုတ်ဖိုမတ္တရာကရှမ်းတို့ကိုထိုက်ထိုက်တန်တန်အာဏာခွဲဝေပေးဘို့မေ့ပျောက်နေ
ခဲ့မိတယ်။တော်လှန်ပုန်ကန်မှုစကတည်းကအင်းဝဗမာဘုရင်ကိုဖြုတ်ချပြီးရင် ရှမ်းမင်းတင်ဘို့ရှမ်းအာဏာထူထောင်
ဘို့ရှမ်းလူမျိုးတို့ကရည်ရွယ်ချက်ရှိထားခ့တဲ ယ်။ ယခုအင်းဝမှာ မွန်အာဏာထူထောင်ပြီး မွန်အုပ်ချုပ်ရေးထူထောင်
လိုက်တဲ့အတွက်ရှမ်းလူမျိုးတို့ရဲ့မဟာရည်မှန်းချက်ဖြစ်တဲ့ ရှမ်းအာဏာထူထောင်ရေးကို အလိုအလျှောက်ပျက်ပြယ်
သွားစေပြန်တယ်။ ရှမ်းခေါင်းဆောင်ဂုဏ္ဏအိန်၊ သူရိန်စောတို့က မွန်လူမျိုးတို့အပေါ်စိတ်ပျက်လာမိတယ်။ အဲဒီလို
မဟာမိတ်ရှမ်းတို့ကိုထိုက်ထိုက်တန်တန်အာဏာခွဲဝေပေးဘို့ပျက်ကွက်တဲ့အတွက်နောက်ပိုင်းမှာကြီးမားတဲ့တန်ဘိုး
ကိုမွန်လူမျိုးတို့ပေးဆောင်ခဲ့ရတယ်။ အဲဒီအကျိုးဆက်ကြောင့်မွန်လူမျိုးတို့စစ်ရှုံးရပြီးအင်းဝမှနောက်ဆုံးဆုတ်ခွာခဲ့ရ
တယ်လို့ကျွန်တော်သုံးသပ်မိတယ်။
မွန်လူမျိုးတို့အပေါ်အလွန်စိတ်ပျက်သွားတဲ့ရှမ်းခေါင်းဆောင်ဂုဏ္ဏအိန်နဲ့သူရိန်စောတို့က ၁၇၅၂-ခုနှစ်နောက်ပိုင်းမှာ
ရွှေဘို့ဦးအောင်ဇေယျနဲ့ တိတ်တဆိတ်ဆက်သွယ်ပြီး အင်းဝရှိမွန်ကိုပုန်ကန်ကြဘို့ စည်းရုံးသိမ်းသွင်းတယ်။ အဲဒီ
အချိန်မှာဦးအောင်ဇေယျဟာ စိတ်ဓါတ်ကျပြီးမွန်လူမျိုးတို့ထံမှာ လက်နက်ချအညံ့ခံဘို့ ဆဲဆဲဖြစ်နေတယ်။ ကြံရာ
မရစိတ်ဓါတ်ကျနေတဲ့ဦးအောင်ဇေယျကိုရှမ်းတို့က မဟာမိတ်အဖြစ်လက်တွဲလိုက်တဲ့အတွက် ရေနစ်ပြီးသေလုနီးပါး
ဖြစ်နေတဲ့လူတစ်ဦးကို ကယ်တင်လိုက်သလိုဖြစ်သွားတယ်။ ဦးအောင်ဇေယျဟာ သေနေတဲ့ကျားဘ၀မှပြန်လည်
အသက်ပြန်ရှင်လာတယ်။ဗမာတို့နဲ့ မဟာမိတ်ဖြစ်သွားတဲ့ရှမ်းလူမျိုးတို့ကို တလိုင်းလို့ဗမာလူမျိုးတို့ကမခေါ်တော့
ဘဲ၊ရှမ်းလို့ရိုးရိုးသားသားခေါ်ဆိုသုံးနှုန်းလာတယ်။ အကြောင်းကတလိုင်းဝေါဟာရဟာ ’’တောင်ပေါ်သားလူရိုင်း’’လို့
အဓိပ္ပါယ်ဆောင်နေတဲ့အတွက် စော်ကားတဲ့သဘောဖြစ်နေလို့ဖြစ်တယ်။ မဟာမိတ်ဖြစ်သွားတဲ့ရှမ်းကိုတလိုင်းလို့
မခေါ်တော့ဘဲ ရန်သူဖြစ်တဲ့ မွန်လူမျိုးတစ်မျိုးကိုသာ ဗမာတို့ကတလိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းတိုက်ခိုက်လာတယ်။
အဲဒီအချိန်ကစပြီးမွန်လူမျိုးတစ်မျိုးတည်းကိုသာ တလိုင်းလူမျိုးအဖြစ်နဲ့ ဦးအောင်ဇေယျတို့က တိုက်ခိုက်လာတယ်။
မွန်လူမျိုးဟာ တလိုင်းလူမျိုးလုံးလုံးဖြစ်သွားတယ်။
အဲဒီလိုရှမ်းနှင့်ဗမာလူမျိုးတို့ပူးပေါင်းသွားကြသည်ကို အင်းဝမှာရှိမွန်လူမျိုးတို့က လုံးလုံးမသိလိုက်ဘူး။ ရှမ်းတို့ကို
ထိုက်ထိုက်တန်တန် နေရာမပေးဘဲ အင်းဝမှာ မွန်လူမျိုးတို့အာဏာထူထောင်လိုက်တာကို အာယုဒယရှမ်းတို့လဲ
မကျေမနပ်ဖြစ်လာတယ်။ မွန်လူမျိုးတို့ရဲ့ အင်အားကြီးမားလာမှုကိုစိုးရိမ်ကြောက်ရွံ့လာတယ်။ အင်းဝမှထွက်ပြေး
တိမ်းရှောင်သွားတဲ့ဗမာမင်းညီမင်းသား, သံသမာန်အားလုံးကိုကောင်းကောင်းမွန်မွန် ကြိုဆိုလက်ခံပြုစုထားခဲ့တယ်။
ဒီနေရာစိတ်ဝင်စားစရာအချက်တစ်ချက်ရှိတယ်။ အင်းဝမှထွက်ပြေးတိမ်းရှောင်သွားတဲ့ ဗမာမင်းညီမင်းသားတို့ဟာ
ဦအောင်ဇေယျရှိရာ မုဆိုးဖိုနယ်ဘက်ကို မတိမ်းရှောင်ကြဘူး။ အချို့ကကွေ့ရှမ်းတို့ရှိရာ နယ်မြေဆီသို့ခိုလှုံသွားကြ
တယ်။ အများစုကအယုဒယဘက်သို့သွားရောက်ခိုလှုံသွားကြတယ်။ ဦးအောင်ဇေယျဟာအင်အားနည်းလို့သူတို့
အတွက်လုံခြုံမှုမရှိနိုင်သိလို့၊အားကိုမရလို့မခိုလှုံတာဖြစ်နိုင်တယ်။အခြားအကြောင်းချက်တစ်ရပ်ကဦးအောင်ဇေယျ
ဟာ အလွန်ဘုရင်ဖြစ်ချင်တဲ့ ရမက်ကြီးသူဖြစ်တယ်။ သူ့ဘုရင်ဖြစ်နိုင်ရေးမှာအင်းဝမင်းညီမင်းသားတို့က အနှောက်
ယှက်ဖြစ်နေတယ်။ မင်းညီမင်းသားတွေရှိနေသမျှကာလပတ်လုံး မင်းမျိုးမင်းနွယ်မဟုတ်တဲ့ သူ့အနေနဲ့အင်းဝဘုရင်
ဖြစ်ဘို့လမ်းမရှိနိုင်ဘူး။ တစ်နေ့မဟုတ်တစ်နေ့ ဒီမင်းညီမင်းသားတို့ကို ဦးအောင်ဇေယျကရှင်းလင်းပြစ်မယ်ဆိုတာ
ကြိုတင်တွက်ဆမိလို့မခိုလှုံတာလဲဖြစ်နိုင်တယ်။
အဲဒီလိုအင်းဝမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဗမာမင်းညီမင်းသားတွေ၊ မိသားစုတို့ကို အယုဒယရှမ်းတို့ က
ကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံပြုစုထားတယ်။ဗမာမင်းညီမင်းသားတို့နဲ့ပူးပေါင်းပြီး ဟံသာဝတီမွန်ကိုပြန်လည်
တိုက်ခိုက်ဘို့ လူအင်အားစုဆောင်းလာတယ်။ ဟံသာဝတီမွန်နေပြည်တော်ကိုခြိမ်းခြောက်လာတယ်။ ဒါကြောင့်
ဟံသာဝတီနေပြည်တော်ကာကွယ်ရေးအတွက် အင်းဝမှာရှိနေတဲ့စစ်သူကြီးတလဗန်းကို မလွဲမရှောင်သာဟံသာဝတီ
သို့ပြန်လာဘို့ဗညားဓလမင်းကခေါ်ဆောင်ခဲ့ရတယ်။အင်းဝမှာစစ်သူကြီးတလဗန်း တံခိုးအာဏာကြီးထွားလာမှာကို
13
စိုးရိမ်ကြောက်ရွံ့ပြီး ဗညားဒလမင်းကပြန်ခေါ်လိုက်တယ်ဆိုတဲ့အယူဆဟာလုံးဝယုတ္တိမရှိဘူး၊ လုံးလုံးမှားယွင်းတယ်
လို့ကျွန်တော်ပြောချင်တယ်။
အင်းဝမှမွန်စစ်သူကြီးတလဗန်းကို ပြန်လည်ခေါ်လိုက်တဲ့အတွက် သူပုန်ထနေတဲ့ ဦးအောင်ဇေယျတို့အဘို့တအား
တက်ကြွစေခဲ့ပြန်တယ်။ ကြောင်မရှိတော့ကြွက်ထတယ်သဘောဖြစ်သွားစေခဲ့ပြန်တယ်။ တဖက်မှာဦးအောင်ဇေယျ
တို့နဲ့ တိတ်တခိုး ပူးပေါင်းသွားတဲ့ ရှမ်းတို့ကို အင်းဝရှိမွန်တို့က ယခင်ကအတိုင်း မဟာမိတ်အဖြစ်နဲ့ဆက်လက်
ဆက်ဆံနေတယ်။ ရှမ်းဗမာပူးပေါင်းလုပ်ကြံမှုကို မသိလိုက်ဘူး။ ရှမ်းတို့နဲ့မဟာ မိတ်ဖွဲ့ပြီး နောက်ပိုင်းမှာ
ဦးအောင်ဇေယျမှာမာနထောင်လာတယ်။ စစ်အင်အားတောင့်တင်းတဲ့ ရှမ်းတို့ရဲ့စစ်အကူညီကို အားကိုးပြီး မွန်လူမျိုး
တို့အပေါ်မထီမဲ့မြင်ပြုလာတယ်။ မိမိအားသစ္စာရေသောက်ဘို့လာရောက်စည်းရုံးသိမ်းသွင်းတဲ့အင်းဝက မွန်တပ်မှူး
တိုကိုလှည့်စားပြီးသတ်ပစ်လိုက်ကြတယ်။တဖက်ကရှမ်းတော်လှန်ရေးသမားတို့ကလအဲ င်းဝရှိမွန်ဗိုလ်မှူးတပ်မှူးတို့
ထံချဉ်းကပ်ပြီး လိမ်ညှာလှည့်စားပြန်တယ်။ ရွှေဘိုနယ်မှာ မာနထောင်လွှားသောင်းကျန်းနေတဲ့ ဦးအောင်ဇေယျတို့
အဖွဲ့ကိုသုတ်သင်ရှင်းလင်းဘို့ဆိုပြီးအင်းဝရှိမွန်တပ်မှူးဗိုလ်မှူးတို့ကိုလာရောက်လှည့်စားဖြားယောင်းတယ်။ရှမ်းတို့
ရဲ့အကောက်ကြံ လှည့်စားဖြားယောင်းမှုကို လုံးဝမသိလိုက်တဲ့ အင်းဝမွန်တို့က ရိုးရိုးသားသားပင် လာရောက်
ခေါ်ဆောင်တယ်လို့ ထင်မှတ်ပြီး ခေတ်မှီတဲ့လက်နက်နက်တွေနဲ့အတူ မွန်စစ်သား အင်အား(၅၀၀၀)၊ သံကွပ်လှေ
အစင်း(၂၀၀)နှင့်အတူစေလွှတ်သွားတယ်။ရွှေဘိုနယ် ပိုးဝအရပ်သို့ရောက်တဲ့အခါ ခရီးပန်းလာတဲ့ မွန်စစ်သားတို့က
အပန်းဖြေရင်းစားသောက်အိပ်စက်အနားယူနေကြတယ်။ ရန်သူနဲ့ဝေနေသေးလို့စိတ်အေးလက်အေးနေထိုင်နေကြ
တယ်။ဒါပေမဲ့ကြိုတင်စီစဉ်ပြီးပုန်းအောင်းစောင့်နေတဲ့ရှမ်းအင်အားစုနှင့်ဦးအောင်ဇေယျဗမာအင်အားစုတို့ပူးပေါင်းပြီး
အနားယူ အပန်းဖြေနေတဲ့ မွန်စစ်သားတို့ကို အလစ်မှာ ၀င်ရောက်တိုက်ခိုက်ကြတယ်။ ဒီစစ်ပွဲမှာ အလစ်အငိုက်
ဝင်ရောက်တိုက်ခိုက်ခံရတဲ့အတွက် မွန်စစ်သား(၅၀၀၀)နီးပါးသေဆုံးကုန်တယ်။ ခေတ်မှီလက်နက်မျိုးစုံတို့အားလုံး
လိုလို ဆုံးရှုံးသွားရသည်။ သံကွပ်လှေအစင်း(၂၀၀)လဲ ဆုံးရှုံးသွားရတယ်။
ဦးအောင်ဇေယျတို့အဖွဲ့လဲ ဒီတိုက်ပွဲမှာအောင်ပွဲခံပြီး သိမ်းဆည်းရရှိလိုက်တဲ့ ခေတ်မှီစစ်လက်နက် အသစ်အဆန်း
တို့နဲ့ပိုမိုအင်အား တောင့်တင်းသွားတယ်။ ပိုမိုမာနထောင်လွှားလာတယ်။ သူ့ကိုယ်သူလဲ‘’အလောင်းဘုရား’’အမည်
နဲ့ဗမာဘုရင်အဖြစ်ကို ခံယူလိုက်တယ်။ မုဆိုးဘိုရွာကိုလဲ ရတနာသိဏ္ခအမည်နဲ့ ဘုရင်မင်းနေပြည်တော်အဖြစ်
သတ်မှတ်လာတယ်။ ဒီလိုဦးအောင်ဇေယျကဘုရင်အဖြစ်ခံယလိုက်ုတဲ့အတွက် အင်းဝမှာရှမ်းအာဏာ ထူထောင်ရေး
ဆိုတဲ့ ရှမ်းလူမျိုးတို့ရဲ့ မဟာရည်ရွယ်ချက်ကို အလိုအလျှောက် ချေဖျက်ပြီးသား ဖြစ်နေပြန်တယ်။ ရှမ်းလူမျိုးတို့က
ဦးအောင်ဇေယျအပေါ်မကျေမနပ်ဖြစ်ပြန်တယ်။ ဦးအောင်ဇေယျကိုလုပ်ကြံဘို့ ရှမ်းခေါင်းဆောင်ဂုဏ္ဏအိန်သူရိန်စော
တို့က ကြံစည်လာပြန်တယ်။ ရှမ်းကွန်မင်ဒို(၃၀၀)ကို ဦးအောင်ဇေယျထံခံစားဘို့ စေလွှတ်လိုက်တယ်။ ဒါပေမဲ့
အကင်းပါးတဲ့ဦးအောင်ဇေယျကလက်ဦးမှုရှိရှိ အဲဒီိရှမ်းကွန်မင်ဒို(၃၀၀)ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်။ အထက်
အညာမှာရှိတဲ့ ဂုဏ္ဏအိန်သူရိန်စောတို့ရဲ့ ဗဟိုစခန်းကိုလဲ အလစ်ဝင်ရောက်တိုက်ခိုက်ပြီး ရှမ်းခေါင်းဆောင်အားလုံး
လိုလိုကို သုတ်သင်ရှင်းလင်းလိုက်တယ်။ ခေါင်းဆောင်တစ်ယောက်တစ်လေသာ တရုတ်ပြည်ဖက်သို့ ထွက်ပြေး
လွတ်မြောက်သွားတယ်။(တ’လုင်)ရှမ်းတော်လှန်ရေးအင်အားစုအားလုံးအစအနမကျန်ကုန်ဆုံးသွားတယ်။ မွန်လူမျိုး
တမျိုးတည်သာ ဦးဇေယျအတွက် ရန်ဆိုင်းဘို့ရန်သူရှိတော့တယ်။ ဦးအောင်ဇေယျက တလိုင်းအသုံးအနှုန်းကိုပင်
ဆက်လက်သုံးပြီးအင်းဝမွန်ကိုတိုက်ခိုကတ် ယ်။ ဒီနေရာမှာသမိငုးတခုလုံးကို အသေးစိပ်ရေးသားဘို့ မရည့်ရွယ်တဲ့
အတွက်သမိုင်းအဖြစ်အပျက် အချို့တို့ကိုအတိုချုံးပြီးရေးသားတင်ပြလောက်သာဖြစ်တယ်။
၁၇၅၃-ခုနှစ်မှာအင်းဝကို မွန်လူမျိုးတို့ထံမှ ဦးအောင်ဇေယျတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။ ဟံသာဝတီ မွန်လူမျိုး
တို့ကိုယှဉ်ပြိုင်နိုင်သူအဖြစ်ဦးအောင်ဇေယျကိုအင်္ဂလိပ်တို့မြင်လာတယ်။ဒီနေရာမှာအင်္ဂလိပ်နဲ့ပြင်သစ်တို့ရဲအားပြိုင်
မှုကို အနည်းငယ်တင်ပြဘို့ လိုအပ်လာတယ်။ တရုတ်ပြည်သို့ ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် ဧရာဝတီမြစ်
ကြောင်းလွမ်းမီုးနိုင်ရေးကို အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်(ခ်ျ)တို့က အပြိုင်အဆိုင်ကြိုးပမ်းနေတဲ့ အချိန်ကာလဖြစ်တယ်။
အားလုံးတို့က ဟိုင်းကြီးကျွန်းကိုမျက်စေ့ကျကြတယ်း။ ပုသိမ်ဟိုင်းကြီးကျွန်းမှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း
14
သင်္ဘောနဲ့ကုန်ပစ္စည်းသယ်ဆောင်ပြီး တရုတ်ပြည်နယ်စပ်သို့ ထိုးဖေါက်ကုန်ကူးသန်းနိုင်ရေးဖြစ်တယ်။ အင်္ဂလိပ်နဲ့
ဒတ်(ခ်ျ)တို့ကတစ်ဖက်၊ ပြင်သစ်ကတစ်ဖက်ဖြစ်တယ်။ အချင်းချင်း ရန်သူတွေဖြစ်တယ်။ အင်္ဂလိပ်နဲ့ ပြင်သစ်က
ကမ္ဘာ့ရန်သူဖြစ်တယ်။ဥရောပမှာအင်္ဂလိပ်၊ပြင်သစ်နှစ်(၁၀၀)စစ်ပွဲပြီးဆုံးပြီးစဘဲရှိသေးတယ်။ တစ်ဦးနဲ့တစ်ဦးမုန်းတီး
မှုကမပြေသေးဘူး။မွန်လူမျိုးတို့ကပြင်သစ်ကို အစစအရာရာဦးစားပေးနေတာကို အင်္ဂလိပ်တို့ကလုံးဝသဘောမကျ
မနှစ်သက်နိုင်ဖြစ်နေတယ်။မွန်လူမျိုးတို့ဘုရင်ဖြစ်နေသမျှကာလပတ်လုံး ပုသိမ်ဟိုင်းကြီးကျွန်းမှာပြင်သစ်တို့လွမ်းမိုး
နေဦးမယ်။ အင်္ဂလိပ်တို့အဘို့ဟိုင်းကြီးကျွန်းမှာ အခြေချနိုင်တဲ့အခွင့်အလန်းရှိမှာ မဟုတ်ဘူးဆိုတာ အင်္ဂလိပ်တို့က
ကောင်းကောင်းသိတယ်။အတိုးချုပ်ပြောရရင် ပြင်သစ်ကိုဖယ်ရှားချင်ရင် ပထမဆုံးပြင်သစ်မဟာမိတ်မွန်လူမျိုးတို့ကို
ဖယ်ရှားဘို့အဓိကလိုအပ်နေတယ်။အင်္ဂလိပ်တို့ရည်ရွယ်ချက်ကရှင်းရှင်းလေးဘဲဖြစ်တယ်။ ဗမာပြည်အောက်ပိုင်းမှာ
စိုးမိုးချယ်လှယ်နေတဲ့ပြင်သစ်လူမျိုးတို့ကိုပထမဆုံးမောင်းထုတ်မယ်။ ပြင်သစ်တို့မရှိတဲ့နောက်ဒုတိယအဆင့်အဖြစ်
ဗမာပြည်တစ်ခုလုံးကို သိမ်းပိုက်ယူဘို့အကြံစည်ဖြစ်တယ်။
မွန်လူမျိုးကိုဖယ်ရှားဘို့အတွက် ဦးအောင်ဇေယျကိုစစ်ရေးအကူညီပေးဘို့ လိုအပ်တယ်ဆိုတာ အင်္ဂလိပ်တို့အကြံရ
လာတယ်။ ရှင်းရှင်းပြောရရင် မွန်ကိုဖယ်ရှားဘို့အတွက် ဦးအောင်ဇေယျအား အသုံးချဘို့ စိတ်ကူးရလာတယ်။
ပုသိမ်မြို့ကို ဦးအောင်ဇေယျတို့ မသိမ်းပိုက်နိုင်ခင်ကတည်းက အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီ အရာရှိတို့က
ဦးအောင်ဇေယျကို စစ်ရေးအကူညီပေးဘို့ အိန္ဒိယ မာဒရပ်မြို့မှာရှိတဲ့ အင်္ဂလိပ်အုပ်ချုပ်ရေးအရာရှိတို့ကို အကြံပြု
ထားတာကိုတွေ့ ရတယ်။ အောက်ပါစာပုဒ်က သက်သေ ပြနေတယ်။
“Late in 1754 Thomas Taylor returned to Madras with the advice that English policy should be directed towards
cultivating friendly relations with Alaungpaya. -----------------and the Company’s Agent, Henry Brooke, wrote to Madras
urging military intervention on the side of the Burmese.”(Burma, p. 81)
‘’၁၇၅၄-ခုနှစ် နောက်ပိုင်းလောက်မှာ အန္ဒိယနယ်မာဒရပ်သို့ သောမတ်တေလာ (Thomas Taylor) ပြန်လာပြီး
အင်္ဂလိပ်တို့ဟာအလောင်းဘုရား နဲ့တိုက်ရိုက်ချစ်ကြည်ရေးဆက်ဆံမှု တည်ဆောက်သင့်တယ်လို့အကြံ့ပုခဲ့တယ်။
---------အရှေ့အိန္ဒယအင်္ဂလိပ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်ဟင်နရီဘရွတ် (Henry Brooke)ကလဲ ဗမာဘက်မှာပါဝင်ပြီး
စစ်ရေးအကူညီပေးသင့်တယ်လို့မာဒရပ်ရှိအင်္ဂလိပ်အုပ်ချုပ်ရေးအရာရှိတို့ထံစာရေးသားခါတင်ပြတောင်းဆိုခဲ့တယ်’’
၁၇၅၄-ခုနှစ်မှာပုသိမ်မြို့ကိုဗမာကထိုးစစ်ဆင်တိုက်ခိုက်တယ်။ ၁၇၅၅-ခုနှစ်ဖေဖေါ်ဝါရီလမှာ ပုသိမ်မြို့ကို ဗမာတို့က
လက်ရသိမ်းပိုက်ရရှိသွားတယ်။ စစ်ရေးအကူညီပေးခဲ့တဲ့ အင်္ဂလိပ်တို့ကို ဟိုင်းကြီးကျွန်းမှာ နေထိုင်ခွင့်ပေးခဲ့တယ်။
ပုသိမ်မြို့ကဗို မာတို့သိမ်းပြီးနောက် ၁၇၅၅-ခုနှစမ် တ်လလောက်မှာ ဦးအောင်ဇေယျက အညာရွှေဘိမှုမြစ်ကြောင်းနဲ့
စုံဆင်းလာတယ်။ ဟိုင်းကြီးကျွန်းမှာရှိတဲ့ အင်္ဂလိပ်တို့ထံ စစ်ရေးအကူညီတောင်းဘို့အတွက် ဗမာ့သံသမာန်အဖွဲ့
တစဖ်ွဲ့စေလွှတ်ခဲ့တယ်။ အဲဒီ ဗမာ့သံသမာန်အဖွဲ့ကို အင်္ဂလိပ်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧညခ့်ံခဲ့တယ်။ ဒါဟာ
ပထမအကြိမ်အင်္ဂလိပ်သို့ထံမှ စစ်ရေးအကူညီတောင်းဘို့အတွက် တရားဝင်ဗမာသံသမာန်အဖွဲ့ စေလွှတ်ခဲ့တာ
ဖြစ်တယ်။
အင်္ဂလိပ်တို့ရဲ့ အကူညီနဲ့ ဦးအောင်ဇေယျဟာ မွန်လူမျိုးတို့ လက်အောက်ရှိ မြို့များတို့ကို တစ်မြို့ပြီးတစ်မြို့
လွယ်လွယ်ကူကူသိမ်းပိုက်နိုင်သွားတယ်။ မိမိလွယ်လွယ်ကူကူအောင်မြင်ခဲ့တာကို အကြောင်းပြုပြီးလွန်ဆေးမြို့ကို
မြန်အောင်မြို့ဆိုပြီး ဦးအောင်ဇေယျက အမည်နာမ,ပြောင်းလဲခဲ့တယ်။ အားလုံးကိုချုပ် ပြီးပြောရင် အောက်ဗမာပြည်
မွန်လူမျိုးတို့ဒေသအားလုံးတို့ကို‘’အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ’’မှစစ်ရေးအကူညီနဲ့တစ်မြိြု့ပီးတစ်မြို့တစ်ဒေသပြီး
တစ်ဒေသ ဦးအောင်ဇေယျတို့က တိုက်ခိုက်သိမ်းပိုက်ရရှိနိုင်ခဲ့တယ်။ ဒါပေမဲ့ သလျင်မြို့ကို သိမ်းပိုက်နိုင်ဘို့
ဦးအောင်ဇေယျကအကြိမ်ြကိမ် ကြိုးစားတိုက်ခိုက်သော်လဲ မအောင်မြင်နိုင်ခဲ့ဘူး။ ဦးအောင်ဇေယျမှာရှိတဲ့လက်နက်
အင်အားနဲ့ဘယ်လိုမှ သံလျင်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှာမဟုတ်ဘူးဆိုတာ ဦးအောင်ဇေယျသိတယ်။ ဒါမို့
ဦးအောင်ဇေယျ စိတ်ဓါတ်ကျပြီး ရွှေဘို့မြို့သို့ပြန်သွားတယ်။ အဲဒီလို ဦးအောင်ဇေယျက လက်မြှောက်အရှုံးပေးပြီး
နောက်ဆုတ်သွားတာမျိုးကို အင်္ဂလိပ်တို့ကလုံးဝမဖြစ်ချင်ဆုံးဖြစ်တယ်။ မွန်-ဗမာစစ်ပွဲမှာ ဦးအောင်ဇေယျသာစစ်ရှုံး
15
သွားရင်အင်္ဂလိပ်တို့ကလဲ ဗမာပြည်စိုးမိုးရေးယှဉ်ပြိုင်မှုမှာ အလိုလိုပြင်သစ်တို့ကိုရှုံးတဲ့သဘောသက်ရောက်သွား
တယ်။ ဗမာပြည်မှပြင်သစ်ကို မောင်းထုတ်ဘို့နဲ့ ဗမာပြည်ကိုလက်ဝါးကြီးဘို့ အင်္ဂလိပ်တို့ အကြံစည်လဲ အလို
အလျှောက် ပျက်ပြယ်သွားတဲ့သဘောသက်ရောက်သွားတယ်။
ဒါမို့ဦးအောင်ဇေယျကို စစ်ရေးအကူညီပေးဘို့‘’အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ’’က တိတ်တဆိတ်ဦးအောင်ဇေယျကို
ချဉ်းကပ်ခဲ့ပြန်တယ်။ ကပ္ပတိန်ဘေကာ (Captain Baker) ကို အထူးတာဝန် တစ်ရပ်ပေးပြီး ဦးအောင်ဇေယျရှိရာ
မုဆိုးဖိုရွာအထိ သွားရောက်စေခဲ့တယ်။ ကပ္ပတိန်ဘေကာကမိမိနဲ့အတူ အင်္ဂလိပ်-ဗမာနှစ်ဦးနှစ်ဖက်ချုပ်ဆိုမဲ့စာချုပ်
တစ်ရပ်ကိုလဲယူဆောင်သွားတယ်။ကပ္ပတိန်ဘေကာကအမြှောက်တွေ၊လက်နက်အသစ်အဆန်းတွေကိုဦးအောင်ဇေ
ယျအားလက်ဆောင်အဖြစ်ပေးပြီးစည်းရုံးသိမ်းသွင်းခဲ့တယ်။အင်္ဂလိပ်တို့ကလက်နက်ပစ္စည်းတွေနဲ့ဗမာကိုထောက်ပံ့
ခဲ့တယ်ဆိုတာအောက်ပါစာပုဒ်ကသက်သေပြနေတယ်။
“The war in the Carnatic was over for the time, and there was peace between England and France.
Both parties played a deceitful game; but, on the whole, the French supported the Mon, and the
British supplied the Burmese with arms, and sent Captain Baker on a mission to Alaungpaya at
Ava.” (Burma: A hand book, p. 186)
‘’ယခုချိန်မှာ ကာနေတစ်(Carnatic)စစ်ပွဲလဲ ပြီးဆုံးသွားပြီးဖြစ်လို့ အင်္ဂလန်နဲ့ပြင်သစ်တို့ကြားမှာ ငြိမ်းချမ်းမှုရှိနေ
တယ်။သို့သော်လဲ နှစ်ဦးနှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး လှည့်စားနေကြတယ်။ တခုလုံးကိုခြုံကြည့်ရင်ပြင်သစ်က
မွန်ကိုထောက်ပံ့ပြီးဗြိတိန်ကဗမာကိုစစ်လက်နက်ပစ္စည်းတွေထောက်ပံ့နေတယ်။ ကပ္ပတိန်ဘေကာကိုအထူးတာဝန်
တစ်ရပ်ပေးပြီးအလောင်းဘုရားရှိရာအင်းဝသိုစေလွှတ်ခဲ့တယ်။’’
ဦးဇေယျကလဲ မိမိတစ်ဦးတည်အင်အားနဲ့ မွန်လူမျိုးကိုဘယ်လိုမှ မယှဉ်ပြိုင်နိုင်မှန်းသိတယ်။ ဒါမို့အင်္ဂလိပ်
တို့ရဲ့ စစ်ရေးအကူညီ ကမ်းလှမ်းချက်ကို ဦးအောင်ဇေယျကအလွယ်တကူပင်သဘောတူခဲ့တယ်။အပေးအယူအဖြင့်
ဦးအောင်ဇေယျကလစဲ စ်အောင်နငိုခဲ့ရငအ် င်္ဂလိပ်တို့ကိုဟိုင်းကြီးကျွန်း(Negrais)အားအပြီးအပိုင်ပေးဘို့သဘောတူ
တယ်။နှစ်ဦးနှစ်ဖက်အပြန်အလှန်စစ်ရေးအကူညီပေးဘို့သဘောတူစာချုပ်ချုပ်ဆိုဘို့အင်္ဂလိပ်နဲ့ဦးအောင်ဇေယျတို့
ကတိတ်တခိုးသဘောတူထားခဲ့ကြတယ်။ အဲဒီစာချုပ်ကိုနှစ်ဦးနှစ်ဖက် သဘောထားတူကြပေမဲ့ ဦးအောင်ဇေယျက
ချက်ချင်းလက်မှတ်မထိုးခဲ့ဘူး။ သူကိုယ်သူဘုရင်ဖြစ်တဲ့အတွက် ကုမ္ပဏီကိုယ်စားလှယ်နဲ့ တန်တူထားပြီး စာချုပ်ဘို့
ငြင်းဆိုခဲ့တယ်။အင်္ဂလိပ်ဘုရင်နဲ့မှ တန်တူလက်မှတ်ထိုးမယ်လို့ ဦးအောင်ဇေယျက သဘောတူခဲ့တယ်။ ချက်ချင်း
လက်မှတ်မထိုးကြပေမ့အဲဒီစာချုပ်ကလိုကြီးလူကောင်းသဘောတူညီချက(် gentleman-agreement)နဲ့ သဘောတူ
လက်ခံပြီးအင်္ဂလိပ်ကဦးအောင်ဇေယျကိုစစ်ရေးအကူညီပေးခဲ့တယ်။ တချိန်တည်းမှာ ဦးအောင်ဇေယျက အင်္ဂလန်ရှိ
ဂျော့ဘုရင်ထံစာရေးသားပြီးစစ်ရေးအကူညီပေးဘို့တောင်းဆိုခဲ့တယ်။အဲဒီစာဟာရွှေပြားပေါ်မှာရေးသားတဲ့စာဖြစ်ပြီး
အင်္ဂလန်ရှိဂျော့ဘုရင်ထံသို့သင်္ဘောနဲ့ပေးပို့ခဲ့တယ်။
ဦးအောင်ဇေယျ လက်ခံလိုက်တဲ့ သဘောတူစာချုပ်မျိုးကို ပထမဆုံးမွန်လူမျိုးတို့ထံမှာ အင်္ဂလိပ်တို့က တင်ပြပြီး
သဘောတူညီချုပ်ချက်ယူဘို့ ကြိုးစားခဲ့ကြဘူးပါတယ်။ ဒါပေမဲ့မွန်လူမျိုးတို့က ပြင်သစ်နဲ့ မဟာမိတ်ပြုလုပ်ထားတဲ့
အတွက် အင်္ဂလိပ်တို့ကမ်းလှမ်းလာတဲ့စာချုပ်ကို သဘောမတုနိုငဘ်ဲငြင်းပယ်ခဲ့တယ်။ အကြံကုန်နေတဲ့ ‘’အင်္ဂလိပ်
အရှေ့အိန္ဒယကုမ္ပဏီ’’ဟာ အဲဒီစာချုပ်နဲ့ဦးအောင်ဇေယျကို ချဉ်းကပ်ခဲ့တာဖြစ်တယ်။ အောက်ပါစာပုဒ်က သက်သေ
အဖြစ်ပြနေတယ်။
“Meanwhile Alaungpaya had reached Dagon and was sending urgent messages to Negrais asking for guns and
ammunition. Equally urgent requests for help were reaching Pondicherry from Burno and the Mon Heir Apparent, who
were organizing the defence of Syriam. Alaungpaya was in a fix. His equipment was inadequate for an attack on the Mon
port. Moreover, there were difficulties in the north, which necessitated his return to his capital. The Manipuris were
16
raiding, the Shans were restless, and a member of the old Toungoo royal family was threatening to invade from Siamese
territory. Before starting on his journey upstream Alaungpaya sent a second embassy to Negrais, and Henry Brooke
decided that the only safe course lay in a treaty giving formal recognition to the British possession of the island in return
for a promise of military stores. So Captain George Baker was sent to following the king up to Shwebo with a draft treaty,
identical with the one rejected by the Mons, and a handsome present of cannon. (Burma, p, 82)
‘’အလောင်းဘုရားဒဂုံမြို့ကိုရောက်ရှိနေစဉ်မှာပင်၊ ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်လူမျိုးတို့ထံ အရေးတကြီးစာရေးသားပြီး
လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေပေးဘို့ တောင်ဆိုခဲ့တယ်။ တချိန်တည်းမှာပင် သံလျင်မြို့ကို ကာကွယ်ဘို့
တာဝန်ယူထားတဲ့ပြင်သစ်လူမျိုး ကပ္ပတိန်ဘရိုနိုနဲ့ မွန်အိမ်ရှေ့မင်းသားကလဲ၊ အိန္ဒိယပြည်ပွန်ဒယ်ချယ်ရီပြင်သစ်စခန်း
မှာရှိတဲ့ပြင်သစ်အရာရှိတို့ထံမှာ စစ်ရေးအကူညီပေးဘို့တောင်းဆိုလာတယ်။ အလောင်းဘုရားဟာ အလွန်အကြပ်
အတည်းဆိုက်နေတဲ့အချိန်ဖြစ်တယ်။ သူ့မှာမွန်လူမျိုးတို့ဆိပ်ကမ်းမြို့(သံလျင်)ကို တိုက်ခိုက်ဘို့ စစ်လက်နက်ပစ္စည်း
တွေမလုံမလောက်မပြည့်မစုံဖြစ်နေတယ်။ဒါအပြင်အထက်အညာကလဲဦးအောင်ဇေယျကိုအသီးသီးတော်လှန်ပုန်ကန်
ကြတယ်။ မဏိပူရကစစ်ထိုးဆင်လာတယ်။ ရှမ်းတို့ကတော်လှန်ပုန်ကန်လာကြတယ်။ အာယုဒယရောက်တောင်ငူ
မင်းမျိုးမင်းနွယ်ဟောင်းတို့လဲယိုဒယားမှတစ်ဆင့်ထိုးစစ်ဆင်ဘို့ခြိမ်းခြောက်လာတယ်။ ဒါကြောင့်ရတနာသိင်္ခနေပြည်
တော်သို့မပြန်မဖြစ်ဦးအောင်ဇေယျပြန်သွားဘို့ဖြစ်လာတယ်။အထက်အညာသို့ခရီးမထွက်ခင်းမှာ ဦးအောင်ဇေယျက
ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ထံစစ်ရေးအကူညီတောင်းဘို့ ဒုတိယအကြိမ်သံသမာန်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြန်
တယ်။
အလောင်းဘုရားတောင်းဆိုတဲ့လက်နက်တွေပေးတဲ့နေရာမှာအပြန်အလှန်သဘောနဲ့ဟိုင်းကြီးကျွန်းကိုလဲအင်္ဂလိပ်တို့
အပြီးအပိုင်တရားဝင်ပိုင်ဆိုင်နိုင်ဘို့အတွက်စိတ်ချရတဲ့တခုတည်းသောနည်းလမ်းဟာ၊စာချုပ်စာတမ်းနဲ့တရားဝင်ချုပ်
ဆိုထားဘို့ဘဲဖြစ်တယ်လို့ အင်္ဂလိပ်အရာရှိ ဟင်နရီဘရွတ်ကမြင်တယ်။ ဒါမို့ စာချုပ်မူကြမ်းနဲ့အတူ, လက်ဆောင်
အမြှောက်တွေအပါအ၀င်, ကပ္ပတိန်ဂျော့ဘေကာကို ရွှေဘိုပြန်သွားတဲ့ဘုရင်နောက်သို့ လိုက်သွားဘို့ စေလွှတ်ခဲ့
တယ်။ အဲဒီစာချုပ်မျိုးဟာ မွန်လူမျိုးတို့ထံမှာ ယခင်ကအင်္ဂလိပ်လူမျိုးတို့ တင်ပြတောင်းဆိုခဲ့ဘူးတဲ့ စာချုပ် ဖြစ်ပြီုး
မွန်လူမျိုးတို့ကငြင်းပယ်ခဲ့ရတယ်။’’
အဲဒီလို သဘောတူချက်အရ ဦးအောင်ဇေယျကို အင်္ဂလိပ်တို့က စစ်ရေးအကူညီ ပေးခဲ့တာဖြစ်တယ်။ သံလျင်ကို
အမြန်ဆုံးသိမ်းပိုက်နိုင်ဘို့အင်္ဂလိပ်တို့ကဦးအောင်ဇေယျကိုစစ်ရေးအကူညီရော၊ အကြံဥာဏ်အရရောပေးခဲ့တယ်ဆို
တာထင်ရှားနေတယ်။ မွန်ဗမာစစ်ပွဲစစ်တစ်ခုလုံးကိုအဆုံးဖြတ်ပေးတဲ့အဓိကတိုက်ပွဲဟာ သံလျင်တိုက်ပွဲလို့ သုံးသပ်
ပြီးကျွန်တော်တို့ပြောဆိုလို့ရတယ်။ သံလျင်စစ်ပွဲမှာအင်္ဂလိပ်တို့က ဦးအောင်ဇေယျကို အပြည့်အ၀အကူညီပေးခဲ့
တယ်။ အန္ဒိယပြည်ပွန်ဒယ်ချယ်ရီပြင်သစ်စခန်းမှ ဟံသာဝတီမွန်တို့ကို ကူညီဘို့အတွက် စစ်လက်နက်ပစ္စည်းတွေ
သယ်ဆောင်လာတဲ့ ပြင်သစ်စစ်သင်္ဘော(၃)စင်းကိုလဲ အင်္ဂလိပ်စစ်သင်္ဘောတို့ကလမ်းခရီးမှာ အမျိုးမျိုးအနှောက်
ယှက်ပေးခဲ့တယ်။သံလျင်သို့စောစောစီးစီးမရောက်နိုင်အောင်၊လမ်းခရီးမှာကြန့်ကြာသွားအောင်အန္ဒိယပင်လယ်ရေ
လက်ကြားမှာ အင်္ဂလိပ်စစ်သဘော်တို့က အမျိုးမျိုးလိုက်လံနှောက်ယှက်တယ်။ တဖက်မှာလဲပြင်သစ်စစ်သင်္ဘော
မရောက်ခင် သံလျင်မြို့ကိုအချိန်မှီ လက်ရတိုက်ခိုက် သိမ်းပိုက်နိုင်ဘို့အတွက်လဲ ဦးအောင်ဇေယျကို အင်္ဂလိပ်တို့
အင်တိုက်အားတိုက်စစ်အကူညီပေးခဲ့တယ်။ နောက်ဆုံးမှာအင်္ဂလိပ်ဒတ်ချတ်ို့ရဲ့ စစ်ရေးအကူညီတို့နဲ့သလျင်မြို့ကို
၁၇၅၆-ခုနှစ်ဇူလိုင်လမှာဗမာဦးအောင်ဇေယျတို့လက်ရသိမ်းပိုက်နိုင်ခဲ့တယ်။
သံလျင်ကိုဦးအောင်ဇေယျသိမ်းပိုက်ပြီးနောက်(၂)ရက်လောက် အကြာမှာမှ ပြင်သစ်သင်္ဘောတို့ရောက်လာတယ်။
ပြင်သစ်သင်္ဘောအားလုံးကို ဦးအောင်ဇေယျကလက်ရသိမ်းပိုက် လိုက်နိုင်ခဲ့တယ်။အဲဒီ(၂)ရက်အချိန်ကာလဟာ
အမှန်စစ်မွန်အမျိုးသားဘ၀တစ်ခုလုံးရဲ့ကံကြမ္မာအကောင်းအဆိုးကို
ဆုံးဖြတ်ပေးခဲ့တာဖြစ်တယ်။သူတစ်ပါးရဲ့လက်အောင်ခံဘ၀ကိုရောက်စေခဲ့တယ်။အကယ်လို(၂)ရက်စောပြီးပြင်သစ်
သင်္ဘောတို့ သံလျင်မြို့ကို ရောက်နိုင်ခဲ့ရင် မွန်လူမျိုးတို့ရဲ့ဘ၀ဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းနဲ့ ရှိနေဦးမှာ
သေချာတယ်။
17
မွန်လူမျိုးတို့အတွက် ပြင်သစ်သင်္ဘောတို့ သယ်ဆောင်လာတဲ့စစ်လက်နက်ပစ္စည်းတွေ၊ ခေတ်မှီအမြှောက်တို့ကိုလဲ
ဦးအောင်ဇေယျတို့ကအားလုံးရရှိသွားတယ်။ဒါတွေအားလုံးဟာအင်္ဂလိပ်လူမျိုးတို့ရဲ့အကြံစည်ဖြစ်တယ်။သိမ်းပိုက်ရ
လိုက်တဲ့ခေတ်မှီတဲ့လက်နက်တွေအမြောက်တို့ကိုဗမာလူမျိုးတို့က လုံးလုံးမကိုင်တွယ်တတ်ဘူး။ အင်္ဂလိပ်နဲ့ဒတ်ခ်ျ
လူမျိုးတိုကဘဲဗမာလူမျိုးတို့ကိုသင်ကြားပေးတယ်။ဒါအပြင်အင်္ဂလိပ်ဒတ်ခ်ျလူမျိုးတို့ကိုယ်တိုင်ကိုယ်ထိလက်ရောက်
စစ်ပွဲတို့မှာပါဝင်ပြီးဗမာကိုကူညီတိုက်ပေးခဲ့တယ်။ ဟံသာဝတီကိုဦးအောင်ဇေယျတို့ဗမာတိုက်ခိုက်ရာမှာအင်္ဂလိပ်နဲ့
ဒတ်ခ်ျတို့ကိုယ်တိုင်ခေတ်မှီလက်နက်တွေ၊ အမြှောက်တို့ကို ကိုင်တွယ်ပစ်ခတ်ပြီးပါဝင်ခဲ့တယ်။ အောက်ပါစာပုဒ်ကို
ကြည့်ရှုရင်သိနိုင်တယ်။
“Then, reinforced by European guns and gunners, Alaungpaya proceeded to invest the Mon Capital Pegu. He sent
request after request for munitions to Negrais, threatening that if the response were inadequate he would treated the
settlement in the same way as Syriams. The English were now placed in a very difficult position. The Seven Years’ War
had broken out, and their hands were full with operations against the French. On the other hand, with the elimination of
French influence in Burma, the Negrais settlement no longer had the slightest use.” (Burma, p. 83)
‘’ထို့နောက်ဥရောပသားတို့ရဲ့ခေတ်မှီအမြှောက်တွေ၊လက်နက်တွေ၊လက်နက်ပစ်သူဥရောပသားတို့အကူညီအင်အား
နဲ့အလောင်းဘုရားဟာ မွန်တို့မြို့တော်ပဲခူးကို ချီတက်တိုက်ခိုက်တယ်။ ဟိုင်းကြီးကျွန်းမှာရှိတဲ့ အင်္ဂလိပ်တို့ထံသို့လဲ
စစ်ရေးအကူညီ တစ်မျိုးပြီးတစ်မျိုး အလီလီတောင်းဆိုနေပြန်တယ်။ တကယ်လို့ သူတောင်းဆိုတဲ့အတိုင်း လုံလုံ
လောက်လောက် စစ်ရေးအကူညမီ ပေးခဲ့ရင်၊ သံလျင်ရှိတဲ့ပြင်သစ်လူမျိုးတို့ကို အစနမကျနအ်ားလုံးသတ်ပစ်သလို
အင်္ဂလိပ်တို့ကိုလသဲ တ်ပစ်မယ်လို့လဲခြိမ်းခြောက်ပြန်တယ်။ အင်္ဂလိပ်တို့ကို အကြပ်အတည်းဆိုက်စေခဲ့တယ်။ (၇)နှစ်
စစ်ပွဲဖြစ်ပွားတဲ့အတွက် ပြင်သစတို့ကို ရင်ဆိုငစ် စ်ဆင်နေရတဲ့စစ်ဆင်မှုတွေကလဲ အင်္ဂလိပ်တို့လက်မှာပြည့်နှက်နေ
တယ်။ ဒါကြောင့်အခြားတဖက်က ဗမာပြည်မှာပြင်သစ်တို့သြဇာလွမ်းမိုးမှုကိုဖယ်ရှားဘို့နဲ့ ဟိုင်ကြီးကျွန်းမှာအခြေချ
စခန်းယူဘို့ကြိုးပမ်းမှုဟာအကျိုးအနည်းငယ်မျှပင်မရှိသလောက်ဖြစ်နေတယ်။’’
(သံလျင်မြို့ကို သိမ်းပိုက်စဉ်ကသံလျင်မှာ အခြေချနေထိုင်နေတဲ့ ပြင်သစ်လူမျိုးအားလုံးတို့ကို ဦးအောင်ဇေယျက
ရက်ရက်စက်စက်သတ်ခဲ့တယ်။)
နောက်ဆုံး အတိုးချုံးပြောရရင် အင်္ဂလိပ်၊ ဒခ်ျတို့ရဲ့ အကူအညီနဲ့ ၁၇၅၇-ခုနှစ်မှာ မွန်လူမျိုးတို့မင်းနေပြည်တော်
ဟံသာဝတီကို ဦးအောင်ဇေယျတို့က တိုက်ခိုက်သိမ်းပိုက်ရရှိလိုကတ် ယ။် ကျွန်တော်ဆိုလိုတဲ့သဘောကဟံသာဝတီ
မွန်တို့မင်းနေပြည်တော်ကိုဦးအောင်ဇေယျအစွမ်းအစနဲ့သိမ်းပိုက်နိုင်ခဲ့တာမဟုတ်ဘူး။ ဦးအောင်ဇေယျကိုအင်္ဂလိပ်
တို့ကအသုံးချလိုက်တာဖြစ်တယ်။ ပြင်သစ်ကို ဗမာပြည်ကမောင်းထုတ်ဘို့ အင်္ဂလိပ်တို့က ဦးအောင်ဇေယျကို
ရှေ့တန်းတင်ခဲ့တာဖြစ်တယ်။ ပြင်သစ်မရှိတဲ့နောက်ပိုင်းမှာ ဦးအောင်ဇေယျတို့ဗမာကိုကြက်ငှက်လို အသာတကြည်
အလွယ်တကူ ဖမ်းယူဖယ်ရှားနိုင်မယ်ဆိုတာ အင်္ဂလိပ်လူမျိုးတို့က ကောင်းကောင်းသိထားတယ်။ ဗမာပြည်ကို
သိမ်းပိုက်ယူဘို့အစပထမကပင်အင်္ဂလိပ်လူမျိုးတို့ရဲ့ဦးခေါင်းထဲမှာကြံစည်းထားပြီးသာဖြစ်တယ်။
ဟံသာဝတီကိုသိမ်းပိုက်ပြီးနောက်အလွန်ရက်စက်ကြမ်းကြုတ်တဲ့ဦးအောင်ဇေယျဟာမွန်မှန်သမျှဘုန်းတော်ကြီးမယ်
သီရှင်ပါမကျန်လူကြီးလူငယ်မရွေး အားလုံးတို့ကိုဖမ်းဆီးခိုင်းစေပြီး အချို့ကိုမီးရှို့သတ်ပစ်တယ်။ အချို့ကိုဆင်နင်း
သတ်စေတယ်။အချို့ကိုအရှငလ် တ်လတ်မြေမြုပသ် တ်စေတယ်။အချို့ကိုရေနစ်သတ်ခဲ့တယ်။မွန်လူမျိုးကိုလတဲ လိုင်း
လူမျိုးဆိုပြီး ချိုးချိုးနှိမ်နှိမ်နှိပ့်ချခေါ်ဆိုခဲ့တယ်။ မွန်လူမျိုးကိုမွန်လူမျိုးလို့ မခေါ်ဆိုမသုံးနှုန်းရဘူး။ တလိုင်းလူမျိုးလို့
သုံးနှုန်းခေါ်ဆိုရမယ်ဆိုပြီးအမိန့်ထုတ်ခဲ့တယ်။ဒဂုံမြို့ကိုရန်ကုန်မြို့ဆိုပြီးအမည်ပြောင်းလဲပစ်လိုက်သလို၊မွန်လူမျိုးကို
လဲ တလိုင်းလူမျိုးဆိုပြီး တမင်တကာ ပြောင်းလဲခေါ်လိုက်တာဖြစ်တယ်။ တလိုင်းဝေါဟာရကို မွန်လူမျိုးအား သီးခြား
ရည်ညွှန်းသုံးနှုန်းတဲ့တရားဝင်ဝေါဟာရဖြစ်အောင်ပြုလာတယ်။ ကမ္ဘာကိုလဲမွန်လူမျိုးကို မွန်လူမျိုးလို့မှန်မှန်ကန်ကန်
မိတ်ဆက်ပေးရမဲ့အစား တလိုင်းလူမျိုးအဖြစ်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီးမွန်လူမျိုးဟာတလိုင်းလူမျိုး
အဖြစ်သို့ရောက်သွားခဲ့တယ်။ စစ်နိုင်တဲ့ဦးအောင်ဇေယျရဲ့ အကြောင်းမဲ့မတရားအနိုင်ကျင့်မှုကြောင့် မွန်လူမျိုးဟာ
တလိုင်းလူမျိုးအဖြစ်နဲ့နာမည်တွင်လာတာဖြစ်တယ်။
18
ဒီနေရာမှာအချို့က စောဒကတက်တာရှိတယ်။ ပထမဦးဆုံး မွန်လူမျိုးကို တလိုင်းလူမျိုးလို့ ခေါ်ဆိုသုံးနှုန်းခဲ့တာ
ဦးအောင်ဇေယျမဟုတ်ဘူး။ စောလူးမင်းထက်ကတည်းက တလိုင်းဝေါဟာရကို သုံးခဲ့တာဖြစ်တယ် ဆိုပြီး
ဦးအောင်ဇေယျကို အကာကွယ်ပြုကြတယ်။ စောလူးမင်းကျောက်စာမှာ ပါရိတှဲ့ဝေါဟာရဟာ တလိုင်းမဟုတ်ဘူး၊
’’တန်လိုင်’’ဖြစ်တယ်။ အတိအကျပြောရင် ‘’တန် လိုင် အင်’’ လို့တွဲပြီးရေးသား အသုံးနှုန်းထားတယ်။ တန်လိုင်အင်
ဝေါဟာရကိုတွေ့ပြီးအချို့ကမွန်လူမျိုးတို့ဟာလွန်ခဲ့တဲ့အေဒီ(၁၁)ရာစုကတည်းကပင်တလိုင်းအမည်တွင်ခဲ့တယ်လို့
ယူဆကြတယ်။ ဒါလဲလွဲ မှားတဲ့အယူဆ တစ်ရပ်ဖြစ်တယ်။ ‘’အင်’’ဆိုတာ ရှမ်းလူမျိုးတို့ရဲ့ အမှတ်သင်္ကေတ
(Trade-mark)ဖြစ်တယ်။ အင်းသူအင်းသား ရှမ်းလူမျိုးများလို့ ဆိုကြတယ်။ မွန်လူမျိုးတို့ရဲ့ သင်္ကေတက ‘’ချောင်း’’
(ကြုင်)ဖြစ်တယ်။ သဘောက’အင်း’တို့မှာအချြေချပြီး မြို့ရွာတည်ထောင်နေထိုင်တာရှမ်းလူမျိုးဖြစ်ပြီးမြစ်’ချောင်း’တို့
မှာအခြေချမြို့ရွာတည်ထောင်နေထိုင်တာမွန်လူမျိုးတို့ဖြစ်တယ်။ ဒီကျောက်စာမှာပါရှိတဲ့ တန်လိုင်အင်ဝေါဟာရဟာ
(တ’လုင်)ရှမ်းတို့ကို ရည်ညွှန်းထားတာဖြစ်တယ်။ ရှမ်းလူမျိုးတို့ရဲ့ (တ’လုင်)ဝေါဟာရကို ဗမာတို့က မိမိတို့စာနဲ့
’’တန်လိုင်’’လို့ ရေးသားတာဖြစ်တယ်။ မွန်လူမျိုးတို့ကို ရည်ညွှန်းတာ လုံးဝမဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး မွန်နက်
(monnet yahoogroups)မှတဆင့်အကျယ်တ၀င့်ကျွန်တော်တင်ပြဆွေးနွေးခဲ့ပြီးဖြစ်တယ်။ဒီနေရာမှာအကျယ်တ၀င့်
မဆွေးနွေးလိုတော့ပါ။
အဲဒီခေတ်မှာ ဗမာစာအရေးအသား ပီပီပြင်ပြင် မရှိသေးဘူး။ ’’အင်း’’ကို’’အင်’’လို့ ရေးသားခဲ့တယ်။ စောလူးမင်း
ကျောက်စာလို့ အများသတ်မှတ်ပြီးသိထားတဲ့ကျောက်စာဟာ အမှန်စင်စစ် စောလူးမင်းလက်ထက်မှာ ရေးသားခဲ့
ကျောက်စာမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်။အဲဒီကျောက်စာမှာစောလူးမင်းအမည်အပြင်’’စည်သူမင်းထင်’’ဆိုပြီး
အခြားမင်းတစ်ပါးအမည်လဲပါရှိနေတယ်။ဒါကိုထောက်ပြီး ဒီကျောက်စာဟာစောလူးမင်းလက်ထက်မှာရေးသားခဲ့တာ
မဟုတ်ဘဲအလောင်းစည်သူမင်းရေးသားခဲ့တာဖြစ်နိုင်တယ်လို့ကျွန်တော်ပြောချင်တယ်။ နောက်တစ်ချက်ကစောလူး
မင်းကွယ်လွန်ပြီးနောက် မင်းဖြစ်လာတဲ့ ကျန်စစ်သားမင်းလက်ထက်မှာ ရေးသားခဲ့တဲ့ ’’ကျန်စစ်သားမင်းနန်းတည်
ကျောက်စာ’’ကိုလေ့လာရင် ဗမာစာနဲ့မရေးသားဘဲ မွန်စာနဲ့အစအဆုံးရေးသားခဲ့တာကိုတွေ့ရတယ်။ ဒါကိုထောက်
ရင်စောလူးမင်းလက်ထက်မှာ ဗမာစာအရေးအသားမပေါ်နိုင်သေးဘူး။ ဒါမို့စောလူးမင်းအမည်ပါ ကျောက်စာဟာ
အမှန်တကယ်စောလူးမင်းလက်ထက်မှာ ရေးသားခဲ့တာမဟုတ်ကြောင်းပေါ်လွင်ထင်ရှားနေတယ်။ ကျန်းစစ်သားမင်း
ရဲ့သားတော် ရာဇာကုမာရမင်းသားလက်ထက်ရေးသားတဲ့ ’’မြစေတီကျောက်စာ’’မှာတွေ့ရတဲ့ဗမာစာအရေးသားသာ
လျှင် ပထမဦးဆုံးဗမာစာအရေးသားဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာပြောနိုင်တယ်။
နောက်တစ်ချက်ကတလိုင်းဝေါဟာရကိုသုံးခဲ့တဲ့ဦးကုလား(ဦးကုလားမဟာရာဇ၀င်ကြီးကိုရေးသားသူ)ကိုထောက်ပြီး
အချို့တို့က ဦးအောင်ဇေယျဟာ တလိုင်းဝေါဟာရကိုစတင်သုံးစွဲခဲ့သူမဟုတ်ဘူး၊ တမင်သက်သက်တီထွင်ခဲ့တဲ့သူ
မဟုတ်ဘို့လို့စောဒကတက်စရာရှိလာနိုင်တယ်။ ‘’ဦးကုလာရာဇ၀င်ကြီး’’မှာပါရှိတဲ့ တလိုင်းဝေါဟာရနဲ့ ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်းသိဘို့လိုအပ်လာတယ်။
ဦးကုလားမဟာရာဇ၀င်ကြီးကိုသေသေချာချာလေ့လာရင် သုံးနှုန်းထားတဲ့တလိုင်းဝေါဟာရဟာမွန်လူမျိုးကိုရည်ရွယ်
ပြီးသုံးနှုန်းခဲ့တာမဟုတ်ဘဲ၊ ရှမ်းလူမျိုးတို့ကိုသုံးနှုန်းခဲ့တာတွေ့ရမယ်။ ရှင်းရှင်းပြောရရင် မွန်လူမျိုးကိုတလိုင်းလူမျိုး
အဖြစ်နဲ့ရည်ရွယ်ပြီးဦးကုလားကတလိုင်းဝေါဟာရကိုသုံးနှုန်းခဲ့တာမဟုတ်ဘူး။ ဒီနေရာမှာတလိုင်းဆိုတဲ့ဝေါဟာရကို
ဦးကုလားဘယ်ကရလာသလဆဲိုတဲ့အချက်ကို ကျွန်တော်တို့သိဘို့လိုအပ်လာတယ်။ ဦးကုလားဟာ ရာဇ၀င်သမိုင်း
စာအုပ်ရေးတဲ့နေရာမှာ ဗမာလူမျိုးတို့ရဲ့ ရှေ့ဟောင်းမှတ်တမ်းမှတ်စုမှတ်ရာတို့ကို အားကိုးပြုပြီးစာရေးခဲ့တယ်လို့
သမိုင်းမှာအထင်အရှားဆိုထားတယ်။် ဗမာလူမျိုးတို့ရဲ့ရှေ့ဟောင်းမှတ်တမ်းမှတ်ရာကိုလေ့လာတဲ့အခါဘာသွားတွေ့
သလဲဆိုရင်မဂဒူ(၀ါရီရူး)မွန်မင်းဆက်ကိုရှမ်းလူမျိုးလို့မှတ်တမ်းတင်ထားကြတာကိုတွေ့ရမယ်။
’’မြန်မာမင်းလက်ထက်တော်စာတမ်းများ၊ရှေးမြန်မာဘုရင်များ’’၊စာမျက်နှာ-၁၅၂-၁၅၃,’’ရှမ်းခေတ်အောက်မြန်မာနိုင်ငံ’’
ခေါင်းစဉ်းအောက်မှာဝါရီရူးမင်း(၁၂၈၇)မှ-သုရှင်တကာရတ်ပိ(၁၅၂၆)ဆိုပြီး မဂဒူမင်း(၀ါရီရူမင်း)ရဲ့မင်းဆက်တစ်ခုလုံး
19
ကိုရှမ်းမင်းဆက်အဖြစ်ဖေါ်ပြထားတာကိုတွေ့ရတယ်။ဒီသမိုင်းမှတ်တမ်းမှာပါရှိတဲ့အချက်အလက်တို့ကိုယူပြီးစာရေး
သားတဲ့ဦးကုလားကလဲ ဒုတိယဟံသာဝတီမွန်မင်းဆက်တစ်ခလုံးကို ရှမ်းမင်းဆကဆိုပြီးလွဲလွဲမှားမှားမှတ်တမ်းတင်
လိုက်တာဖြစ်တယ်။ ဒီအကျိုးဆက်ကြောင့်မဂဒူမင်းဆက်တစ်ခုလုံးကိုတလိုင်းမင်းဆက်အဖြစ်ဦးကုလားကသတ်မှတ်
ပြီးရေးသားလိုက်တာဖြစ်တယ်။ရာဇာဓိရာဇ်မင်း၊ဓမ္မစေတီမင်း၊ရှင်တကာရတ်ပိမင်းမွန်မင်းတို့ကို(တ’လုင်)ရှမ်းအနွယ်
အမှတ်ဖြင့် တလိုင်းမင်းရာဇာဓိရာဇ်၊ တလိုင်းမင်းဓမ္မစေတီ၊ တလိုင်းမင်းရှင်တကာရတ်ပိဆိုပြီး ဦးကုလားကမှတ်တမ်း
တင်ရေးသားထားခြင်းသာဖြစ်တယ်။မွန်လူမျိုးကိုဒဲ့ဒိုလုံးလုံးရည်ရွယ်ပြီး တလိုင်းဝေါဟာရကိုသုံးနှုန်းခဲ့တာမဟုတ်ဘူး
ဆိုတာထင်ရှားတယ်။
တလိုင်းဝေါဟာရကို သုံးနှုန်းခဲ့တဲ့သူ(၄)ဦးရှိတယ်လို့ လွယ်လွယ်ကူကူ နားလည်အောင် အကြမ်းပြင်း ပိုင်းခြားပြီး
ပြောဆိုနိုင်တယ်။ (၁)စောလူးမင်း၊ (၂)ဦးကုလား၊ (၃)အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိ၊ (၄)ဦးအောင်ဇေယျတို့ဖြစ်
တယ်။တလိုင်းဝေါဟာရကိုသုံးနှုန်းခဲ့တအဲ့ ထက်ကပုဂ္ဂိုလ(် ၄)ဦးတို့မှာ တစ်ဦးနဲ့တစ်ဦးသုံးနှုန်းခ့တဲ့ခေတ်ကာလမတူ
ညီသလို၊သုံးနှုန်းတဲ့ရည်ရွယ်ချက်ချင်းလဲမတူညီကြတာကိုတွေ့ရတယ်။ သူတို့အသီးသီးရည်ညွန်းဆိုလိုတဲ့ တလိုင်း
လူမျိုးဆိုတာလဲ မတူညီကြဘူး။
(၁) စောလူးမင်းကျောက်စာ(၁၁-ရာစု)မှာ တွေ့ရတဲ့’’တန်လိုင်’’ဟာ မွန်လူမျိုးကို မရည်ရွယ်ဘူး၊ (တ’လုင်)ရှမ်း
လူမျိုးကိုရည်ရွယ်တယ်။ (၂)’’ရာဇ၀င်ကြီး’’ကိုဦးကုလားက၁၇၂၄-ခုနှစ်မှာရေးသားခဲ့တယ်။ ဦးကုလားရေးတဲ့အတွက်
‘’ဦးကုလားရာဇာဝင်ြကီး’’လို့ အမည်တွင်တယ်။ အဲဒီရာဇာဝင်ြကီးမှာတွေ့ တဲ့  ’’တလိုင်း’’ဝေါဟာရဟာ မွန်လူမျိုးကို
မရည်ရွယ်ဘူး။ရှမ်းလူမျိုးကိုရည်ရွယ်ခဲ့တယ်။ မဂဒူးမွန်မင်းဆက်(၀ါရီရူးမင်းဆက်)ကိုရှမ်းမင်းဆက်အဖြစ်ထင်မှတ်တဲ့
အတွက် တလိုင်းမင်းဆက်ခေါ်ဝေါ်ခဲ့တာဖြစ်တယ်။ မွန်လူမျိုးကို တလိုင်းလူမျိုးဆိုလိုတဲ့သဘော ရည်ရွယ်ချက်နဲ့
သုံးနှုန်းခဲ့တာလုံးဝမဟုတ်ခဲ့ဘူး။ (၃) ၁၉၄၀-ခုနှစ်မှာအင်းဝဘုရင်မဟာရာဇာဓိပတိမင်းသုံးနှုန်းခဲ့တဲ့’’တလိုင်း’’ဟာ
အုတ်ဘိုမတ္တရာကတော်လှန်ပုန်ကန်ကြတဲ့ရှမ်းလူမျိုးကို ရည်ညွန်းပြီးသုံးနှုန်းခဲ့တာဖြစ်တယ်။ ဟံသာဝတီမှမွန်လူမျိုး
တို့က ပုန်ကန်တဲ့ရှမ်းလူမျိုးဘက်မှ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့အတွက် ဟံသာဝတီမွန်လူမျိုးတို့ကိုလတဲ လိုင်းလို့
အင်းဝမင်းက ရည်ညွှန်းသုံးနှုန်းလိုက်တာဖြစ်တယ်။ အင်းဝမင်းသုံးနှုန်းလိုက်တဲ့ တလိုင်းဝေါဟာရဟာပုန်ကန်
တော်လှန်တဲ့အုတ်ဘို၊မတ္တရာရှမ်းလူမျိုးကိုလုံးလုံးရည်ညွှန်းတာဖြစ်တယ်။ အပေါင်းအပါးဖြစ်တဲ့ မွန်လူမျိုးကိုလသဲူပုန်
နဲ့တမျိုးတစားတည်းသတ်မှတ်ပြီးတလိုင်းလို့အင်းဝမင်းကရှုတ်ချစွပ်စွဲခေါ်လိုက်တာဖြစ်တယ်။ အမှန်မှာမွန်လူမျိုးကို
တလိုင်းလူမျိုးလို့တည့်တည့်ဒိုးဒိုးအင်းဝမင်းကပြောလိုက်တာမဟုတ်ဘူး။(၄)၁၇၅၃-ခုနှစ်နောက်ပိုင်းဦးအောင်ဇေယျ
သုံးနှုန်းခဲ့တဲ့တလိုင်းဟာ ရှမ်းလူမျိုးကိုလုံးဝမရည်ရွယ်တော့ဘူး။ ဟံသာဝတီမွန်လူမျိုးကို လုံးလုံးရည်ညွန်းသုံးနှုန်းခဲ့
တယ်။ အဲဒီအချိန်မှာ(တ’လုင)် ရှမ်းနဲ့ ဦးအောင်ဇေယျတို့ဟာ တစ်ဦးနဲ့တစ်ဦး မဟာမိတ်ဖြစ်သွားပြီးဖြစ်တဲ့အတွက်
ရှမ်းလူမျိုးကို တလိုင်းလို့နှိပ့ခ်ျပြီး ဦးအောင်ဇေယျက မခေါ်တောဘ့ူး။ သူ့နဲ့ရန်သူဖြစ်တဲ့ မွန်လူမျိုးတစ်မျိုးကိုသာ
ဦးအောင်ဇေယျကတလိုင်းလို့နှိပ့်နှိပ်ချချခေါ်ဆိုသုံးနှုန်းခဲတာဖြစ်တယ်။ မွန်လူမျိုးတို့ဟာ(တ’လုင်)လူမျိုးမဟုတ်ဘူး
ဆိုတာဦးအောင်ဇေယျသိတယ်။တမင်တကာထွင်ပြီး’’တလိုင်းလူမျိုး’’လို့ခေါ်ဝေါ်သုံးနှုန်းလိုက်တာဖြစ်တယ်။
အားလုံးကိုလေ့လာပြီးချုပ်ပြောရရင်စောလူးမင်းလက်ထက်သုံးနှုန်းခဲ့တဲ့ ‘တန်လိုင်’ဝေါဟာရဟာ (တ’လုင်)ရှမ်းလူမျိုး
ကိုရည်ညွှန်းတယ်။ ’’ဦးကုလားရာဇ၀င်ကြီး’’စာအုပ်မှာ သုံးနှုန်းထားတဲ့ တလိုင်းဝေါဟာရလဲ (တ’လုင်)ရှမ်းလူမျိုးကို
ရည်ညွှန်းတယ်။ မဟာဓမ္မရာဇာဓိပတမိ င်း သုံးနှုန်းခဲ့တဲ့ တလိုင်းဝေါဟာရလဲ (တ’လုင)် ရှမ်းလူမျိုးကို ရည်ညွန်းတယ်။
ဒါပေမဲ့ ဦးအောင်ဇေယျသုံးနှုန်းတဲ့ တလိုင်းဝေါဟာရဟာ မွန်လူမျိုးကိုလုံးလုံးလျားလျား တိုက်ရိုက်ရည်ညွှန်းတယ်ဆို
တာတွေ့ရတယ်။
မွန်လူမျိုးတို့ဟာ တလိုင်းလူမျိုးမဟုတ်မှန်းသိလျက်နဲ့ ဦးအောင်ဇေယျက တမင်စွပ်စွဲပြီး တလိုင်းလူမျိုးလို့ခေါ်ဆို
လိုက်တာဖြစ်တယ်။ဦးအောင်ဇေယျရဲ့အဓိကရည်ရွယ်ချက်မှာမွန်လူမျိုးတို့ကို ’’တောင်ပေါ်သားလူရိုင်း’’အဖြစ်မြင်စေ
ချင်လို့သုံးနှုန်းလိုက်တာဖြစ်တယ်။ မိမိဘက်မှရဲဘော်တွေ၊ တိုင်းသူပြည်သားတွေ စိတ်ဓါတ်တက်ကြွလာအောင်
20
စစ်ရေးအမြင်နဲ့ ဦးအောင်ဇေယျက မွန်လူမျိုးကိုတလိုင်းလို့ ချိုးချိုးနှိမ်နှိမ်တမင်တကာ ခေါ်လိုက်တာဖြစ်တယ်။
ဒါကြောင့် တလိုင်းဝေါဟာရကို သုတေသနပြုပြီး အမှန်းအတိုင်းသိတဲ့ ရန်ကုန်ကောလိပ်, ပါဠိပါမောက္ခ ဒေါက်တာ
ဖိုခ်ျဟမ်းမား (Dr. Emanuel Forchhammer,1851-1890)က တလိုင်းဝေါဟာရဟာ အလောင်းဘုရား တမင်
တကာ တီထွင်သုံးနှုန်းတဲ့ဝေါဟာရတရပ်သာဖြစ်တယ်လို့ပြောဆိုခဲ့တယ်။
ပထမပိုင်းမှာ တလိုင်းဝေါဟာရကို ဗမာလူမျိုးတို့က ’’တောင်ပေါ်သားလူရိုင်း’’ လို့ ရိုးရိုး အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတယ်။
နောက်ပိုင်းမှာ ဗမာတို့က‘’ခြေပြားအောက်ကလူစား’’ဆိုပြီးမဟုတ်မတရား ဗရမ်းဗတာ တလိုင်းဝေါဟာရကိုအဓိပ္ပါယ်
ဖွင့်ဆိုလာကြတယ်။ အကြောင်းရင်းအမှန်က အောက်ပါအတိုင်း ဖြစ်တယ်။
၁၇၅၇-ဟံသာဝတီမွန်နိုင်ငံတော်ကိုဦးအောင်ဇေယျတို့လက်ရသိမ်းပိုက်ပြီးနောက်မွန်လူမျိုးတို့ဟာ ဗမာလူမျိုးတို့ရဲ့
လက်အောက်လုံးလုံး ကျရောက်သွားခဲ့တယ်။ မွန်လူမျိုးတို့ဟာ ဦးအောင်ဇေယျတို့ဗမာတွေ ပြုသမျှခေါင်းငုံ့ခံခဲ့ရ
တယ်။အင်းဝသို့ရောက်လာတဲ့အနောက်နိုင်ငံသားမှန်သမျှ, ကုန်သည်ပွဲစားတွေ၊ သာသနာပြုတွေ၊ ခရီးသည်တို့ကို
လဲ ပဲခူးမွန်လူမျိုးတို့ဟာ တလိုင်းလူမျိုးဖြစ်တယ်လို့ ချိုးချိုးနှိမ်နှိမ်မိတ်ဆက်ပေးခဲ့ကြတယ်။ ပဲခူးမှာရှိတဲ့လူမျိုးတို့ကို
မွန်လူမျိုးလို့မခေါ်ကြဘို့မသုံးနှုန်းဘို့လဲတိုက်တွန်းခဲ့တယ်။ တလိုင်းလူမျိုးလို့ခေါ်ဆိုသုံးနှုန်းဘို့အတင်းတိုက်တွန်း
ကြတယ်။ တလိုင်းစကားလုံးကိုကြားရတဲ့အနောက်တိုင်းနိုင်ငံသားအားလုံးတို့ဟာ နားမလည်နိုင်အောင်ဖြစ်သွားကြ
တယ်။ပဲခူးဟံသာဝတီမှာရှိတဲ့လူမျိုးကိုပဲခူးသားသို့မဟုတ်မွန်လူမျိုးတို့လို့သူတို့သိထားခဲ့ကြတယ်။သူတို့မှတ်တမ်း
မှတ်ရာမှာလပဲခူးသားလို့ဘဲရှိခဲ့တယ်။ ယခုတော့တလိုင်းလူမျိုးလို့ မိတ်ဆက်ပေးတဲ့အခါ အားလုံးတို့က အံ့သြပြီး
ဇဝေဇ၀ါဖြစ်သွားတယ်။ဘယ်တုံးကတလိုင်းလူမျိုးဖြစ်သွားသလဲ။ တလိုင်းဆိုတာဘာအဓိပ္ပါယ်ရှိသလဲ မေးမြန်းစူးစမ်း
လာကြတယ်။အဲဒီမေးခွန်းတို့ကိုဗမာလူမျိုးတို့က ဘာမှရေရေရာရာ သမိုင်းအထောက်ထားနဲ့ တိတိကျကျခိုင်ခိုင်
မာမာမပြောဆိုနိုင်ခဲ့ဘူး။ တလိုင်းဆိုတာ ‘’တောင်ပေါ်သားလူရိုင်း’’(Barbarian)လို့ ဗမာတို့ကဖွင့်ဆိုပေးခဲ့ကြတယ်။
ဒါပေမဲ့ ’’တောင်ပေါ်သားလူရိုင်း’’ အဓိပ္ပါယ်နဲ့ ပဲခူးဟံသာဝတီမှာရှိတဲ့ မွန်လူမျိုးတို့ရဲ့ဘ၀အခြေနေနဲ့ အလွန်ဝွာာဟ
နေတာကိုတွေ့ရပြန်တယ်။ပဲခူးဟံသာဝတီမွန်လူမျိုးတို့ဟာအလွန်ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုးဖြစ်နေတယ်။
မွန်လူမျိုးတို့ဟာ ဗမာလူမျိုးတို့ထက် အဖက်ဖက်မှသာလွန်ပြီး ယဉ်ကျေးမှုမြင့်မားတဲ့ လူမျိုးဖြစ်တယ်။ ကိုယ့်ထီး
ကိုယ်နန်းကိုယ်ကြဌန်းနဲ့ လွတ်လွတ်လပ်လပ်နေထိုင်လာခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်တယ်။ ဒါအပြင်အရည်းကြီးရဟန်းကို
လွဲလွဲမှားမှား ကိုးကွယ်ဆည်းကပ်နေတဲ့ ဗမာလူမျိုးတို့ကို ဗုဒ္ဓဘာသာကိုးကွယ်တတ်လာအောင်၊ ဘာသာတရား
ကိုင်းရှိုင်းတတ်လာအောင်သန်ွသင်ပေးခဲ့တဲ့လူမျိုးဖြစ်နေတယ်။ဗမာလူမျိုးတို့ကစိုာပေတတ်မြောက်အောင်သင်ကြား
ပေးခဲ့တဲ့လူမျိုးဖြစ်နေတယ်။ဗမာစာပေဟာ မွန်စာပေကတဆင့်ဆင်း သက်လာတဲ့စာပေဖြစ်နေတယ်။ အရှေ့တောင်
အာရှနိုင်ငံတို့ကိုဗုဒ္ဓဘာသာဖြန်ဖြူးပေးတဲ့လူမျိုးဖြစ်တယ်။ဒီအချက်တို့ကိုအနောက်တိုင်းနိုင်ငံသားတို့ကသိထားကြ
တယ်။ ယခုမူ’’တောင်ပေါ်သားလူုရိုင်း’’အဖြစ် မိတ်ဆက်ပေးတဲ့အခါ အံ့သြလို့မဆုံးဖြစ်ကြတယ်။ ဒါထက်ပိုမိုဆိုးဆိုး
ဝါးဝါး လွဲမှားနေတဲ့အချက်တစ်ချက်က မွန်လူမျိုးတို့ဟာ တောင်ပေါ်သားတွေမဟုတ်ဘူး၊ မြေပြန့်မှာနေထိုင်ကြတဲ့
လူမျိုးတွေဖြစ်နေတယ်။ မြစ်ဝကျွန်းပေါ်ဒေသ၊ မြေသြဇာကောင်းမွန်တဲ့ မြစ်ဝှမ်းဒေသတို့မှာ မြို့ရွာတည်ထောင်ပြီး
နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ လူမျိုးဖြစ်နေတယ်။ ရေကြောင်းကုန်သွယ်ကူးသန်းရောင်းဝယ်ရေးတို့မှာ အလွန်
ကျွမ်းကျင်လိမ်မာပါးနပ်တဲ့ လူမျိုးဖြစ်တယ်။ ယခုလိုတောင်းပေါ်သားလူရိုင်းလို့ဗမာတို့က အဓိပ္ပါယ်ဖွင့်ဆိုမိတ်ဆက်
ပေးတဲ့အခါအနောက်တိုင်းနိုင်ငံသားအားလုံးတို့က ပါးစပ်ဟပြီးတအံ့တသြဖြစ်ကြတယ်။ သူတို့အဘို့ရီစရာဖြစ်နေ
တယ်။ပဒါးတလမ်း၊သံတလမ်းတခြားစီဖြစ်နေတယ်။’’တောင်ပေါ်သားလူရိုင်း’’ဆိုတာမွန်လူမျိုးတို့ရဲ့အင်္ဂါလက္ခဏာနဲ့
မကိုက်ညီမှန်းဗမာတို့ကသိလာတယ်။မိမိရဲ့အမှားကိုသိလာတဲ့ဗမာတို့ကရှက်ရမ်းရမ်းနဲ့ဖေါက်လွဲဖေါက်ပြန်တလိုင်း
ဝေါဟာကိုထင်ရာစိုင်းဘာသာပြန်လာကြတော့တယ်။
မွန်လူမျိုးတို့ကိုချိုးနှိမ်ရှုတ်ချလိုတဲ့ ရည်ရွယ်ချက်ဆန္ဒတစ်ခုသက်သက်နဲ့ တလိုင်းဝေါဟာရကို ’’ခြေပြားအောက်က
လူစား’‘’ဆိုပြီး လွဲလွဲမှားမှား ဖေါက်ဖေါက်ပြားပြားအဓိပ္ပါယ်ဖွင့်ဆိုလာကြတယ်။ တလိုင်း ဝေါဟာရကိုအဲဒီလိုယုတ်မာ
21
ကြမ်းတမ်းတဲ့အဓိပ္ပါယ်နဲ့အနောက်တိုင်းသားတို့ကိုမိတ်ဆက်ပေးခဲ့ပြန်တယ်။ ဒါအပြင်အနောက်တိုင်းနိုင်ငံကလာတဲ့
ကုန်သည်ပွဲစား၊သာသနာပြုမှန်သမျှတို့ကိုလဲ မွန်လူမျိုးကိုမွန်လူမျိုးလို့ မခေါ်ရဘူး၊မသုံးနှုန်းရဘူး၊ ‘’တလိုင်းလူမျိုး’’
လို့ခေါ်ဝေါ်သုံးနှုန်းရမယ်ဆိုပြီး ဗမာတို့ကအတင်းအကြပ်စေခိုင်းခဲ့ပြန်တယ်။ တလိုင်းဝေါဟာရဟာ တရားဝင်
အသုံးနှုန်း (official Term) ဖြစ်လာအောင် အတင်းကြပ်ပြဌာန်းလာတယ်။ အဲဒီလို အတင်းကြပ်စေခိုင်းတဲ့အတွက်
မလွဲမရှောင်သာဘဲ၊ နောက်ဆုံးမှာ အနောက်နိုင်ငံသားမှန်သမျှတို့ဟာ သံတမာန်ရေးရာကျင့်စဉ်အရ ဗမာလူမျိုးတို့
ခေါ်ဝေါ်သုံးနှုန်းစေချင်တဲ့အတိုင်းမွန်လူမျိုးတို့ကို တလိုင်းလူမျိုးဆိုပြီး ခေါ်ဝေါ်သုံးနှုန်းလာကြတယ်။ စိတ်ထဲမှာမပါ့
တပါနဲ့ တလိုင်းစကားလုံးကို ပေါ့ပေါ့တန်တန် သဘောထားပြီးသုံးနှုန်းလာကြတယ်။ သူတို့ရေးသားတဲ့ မှတ်တမ်း
မှတ်ရာစာအုပ်တွေမှာ မလွဲမရှောင်သာတလိုင်းဝေါဟာရကို သုံးနှုန်းလာကြတယ်။ ၁၈-ရာစုနောက်ပိုင်းရေးသားတဲ့
အနောက်တိုင်းသားတို့ မှတ်တမ်းမှတ်ရာမှာ၊ သာသနာပြုပုဂ္ဂိုလ်တို့ရဲ့ မှတ်တမ်းမှတ်ရာမှာ တလိုင်းဝေါဟာရကို
ဖေါဖေါသီသီတွေ့ရမယ်။ ဗမာစာရေးဆရာတွေ သုတေသီတွေ (ဥပမာ ဦတောစိန်ခို-ကျောက်စာဝန်)တို့လဲ သူတို့
ရေးသားတဲ့ စာအုပ်စာပေမှတ်တမ်း၊ သုတေသနစာတမ်းတို့မှာ မွန်ဝေါဟာရအစား တလိုင်းဝေါဟာရကို သုံးနှုန်း
ရေးသားလာကြတယ်။
ယခုခေတ်ဥပမာတစ်ခုကို ဒီနေရာမှာထုတ်ဖေါ်ပြောပါရစေ။ ၁၉၉၇-ခုနစ်ကစပြီး ဗမာနိုင်ငံ (Burma) အမည်ကို
မြန်မာနိုင်ငံ(Myanmar)အမည်သို့စစ်အစိုးရကအမည်ပြောင်းလဲလိုက်တယ်။ ယခုဆိုရင်(၁၀)ကျော်ဘဲရှိသေးတယ်။
ယခုဆိုရင် လူတိုင်းလိုလို စာရေးသားတဲ့ နေရာမှာဖြစ်ဖြစ်၊ စကားပြောဆိုတဲ့ နေရာမှာဖြစ်ဖြစ် ဗမာနိုင်ငံအစား
မြန်မာနိုင်ငံလို့သုံးနှုန်းရေးသားလာကြတာကိုတွေ့မြင်နိုင်တယ်။ အကယ်၍စစ်အာဏာတို့ကသာဒီအတိုင်းအာဏာ
ဆက်လက်တည်မြဲသွားမယ်ဆိုရင် နောက်နောင်မှာ’ဗမာနိုင်င’ံ ဆိုတဲ့ စကားလုံးဟာပုံပြင်ထဲက စကားလုံးဖြစ်သွားမှာ
သေချာတယ်။ ကျွန်တော်ပြောချင်တဲ့အချက်က မွန်လူမျိုးကိုဖျောက်ဖျက်ချင်တဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ တလိုင်း
ဝေါဟာရကို ဗမာတို့ကတမင်တကာရွေးချယ်ပြီး သူတို့လိုချင်တဲ့အဓိပ္ပါယ်နဲ့မိမိဖွင့်ဆိုခဲ့ကြတယ်ဆိုတဲ့အချက်ဘဲဖြစ်
တယ်။ ဒီလိုမှန်မှန်ကန်ကန်သိထားဘို့လိုတယ်။ ဒါတွေဟာသမိုင်းမှတ်တမ်းမှာသေသေချာချာရှိခဲ့တယ်။ ပုံကြီးချဲ့ပြီး
ပြောဆိုနေတာမဟုတ်ဘူး။ သူတစ်ပါးရဲ့နိုင်ငံကို မတရားတိုက်ခိုက်သိမ်းပိုက်ပြီးရင် အဲဒီနိုင်ငံရှိလူမျိုးကို ကျွန်ပြုမယ်၊
မတရားအနိုင်ကျင့်မယ်၊လူမျိုးပြုံးအောင်သတ်ပစ်မယ်၊ လူမျိုးအရ၀ါးမျိုပစ်မယ်ဆိုတဲ့လမ်းစဉ်အတိုင်းဦးအောင်ဇေယျ
ဗမာတို့ကဟံသာဝတီမွန်နိုင်ငံကို မတရားသိမ်းပိုက်ပြီးနောက်မွန်လူမျိုးတို့ကို ဖျောက်ဖျက်ပစ်ဘို့ကြိုးပမ်းလာတယ်။
မွန်လူမျိုးတို့ကို အမျိုးပြုတ်အောင်သတ်ဖြတ်ခဲ့တယ်။ မွန်နာမည်ကိုဖျောက်ဖျက်ပစ်ပြီး တလိုင်းအမည်နာမကိုတမင်
တကာဖန်တီးပြီးအစားထိုးသုံးလာတယ်။
ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကအမှန်ကိုသိရှိပြီး၊ မိမိတို့မှားခဲ့တာကို မှားကြောင်းရိုးရိုးသားသားဝန်ခံကြဘို့၊ အမှားကို
မနှ်မှန်ကန်ကန်ပြုပြင်ကြဘို့ပါဘဲ။ပြဿနာတရပ်ကိုမကိုင်တွယ်၊မဖြေရှင်းရဲတဲ့အတွက် ဝေ့လည်ကြောင်ပတ်လုပ်နေ
လို့မရဘူး။မိမိအမှားကိုဖုံးကွယ်လိုတဲ့သဘောနဲ့တလိုင်းဝေါဟာရနဲ့ပတ်သက်ပြီးပုံပြင်အမျိုးမျိုးတွေ၊ စိတ်ကူးယဉ်တဲ့
သမိုင်းဇါတ်လမ်းအမျိုးမျိုးတို့ကို ဖန်တီးပြောဆိုတာမျိုး မဖြစ်စေချင်ပါဘူး။
၁၈၂၆-ခုနှစ်မှာ ရန္တပိုစာချုပ်အရ ဗမာပြည်အောက်ပိုင်း တနင်္သာရီနယ်နဲ့ ရခိုင်နယ်တို့ဟာ အင်္ဂလိပ်တို့
လက်ထဲရောက်သွားတယ်။ အင်္ဂလိပ်လက်ထက်မှာလွတ်လပ်မှု အထိုက်အလျှောက်မွန်လူမျိုးတို့ရှိလာတယ်။ ဗမာ
လူမျိုးတို့ရဲ့ဖိနိပှ်ချုပ်ချယ်မှုမကှ် င်းလွတ်လာတယ်။လတ်ွလွတ်လပ်လပ်တွေးခေါ်ပြောဆိုလာနိုင်တယ်။တလိုင်းအသုံး
အနှုန်းအပေါ်ကန့်ကွက်လာကြတယ်။မွန်လူမျိုးကို’’တလိုင်း’’လူမျိုးလို့နှိပ့်နှိပ့်ချချဗမာလူမျိုးတို့စွပ်စွဲခေါ်ဆိုတဲ့အပေါ်
ဝေဖန်စမ်းစစ်လာကြတယ်။ ’’ခြေပြားအောက်ကလူစား’’လို့ ဗမာလူမျိုးတို့အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တမင်တကာလုပ်
ကြံဖန်တီမှုဖြစ်တယ်။ မွန်လူမျိုးတို့ကိုချိုးချိုးနှိမ်နှိမ်ဆက်ဆံလိုလို့ အဲဒီလို မဟုတ်မတရား အဓိပ္ပါယ်ဖွင့်ဆိုခဲ့တယ်ဆို
တာသိတယ်။အနောက်တိုင်းကသမိုင်းပညာရှင်သုတေသီတို့ကလဲကောင်းကောင်းသိကြတယ်။ဗမာလူမျိုးတို့ကစစ်
အောင်နိုင်သူပီပီ၊ စစ်ရှုံးသူမွန်လူမျိုးကို မတရားအနိုင်ကျင့်ခေါ်ဆိုလိုက်တာဖြစ်တယ်ဆိုတာ အားလုံးတို့ကသိကြ
တယ်။ အဲဒီလိုစစ်ရှုံးပြီးတဖက်သတ်အနိုင်ပြုကျင့်ခံနေရတဲ့ မွန်လူမျိုးအပေါ်သမိုင်းပညာရှင်၊သုတေသီတွေ၊ အင်္ဂလိပ်
22
အရာရှိတို့ကစာနာစိတ်ရှိလာကြတယ်။ မွန်လူမျိုးဘက်မှာရပ်တည်ပြီးခုခံကာကွယ်ပေးလိုကြတယ်။တလိုင်းဝေါဟာရ
ကိုသုတေသနပြုပြီးအမှန်တရားကိုရှာဖွေလာကြတယ်။
အင်္ဂလိပ်တို့က တနင်္သာရီတိုင်းနဲ့ရခိုင်နယ်ကိုသိမ်းပိုက်ပြီးနောက် ပထမဦးဆုံးဘုရင်ခံဖြစ်လာသူ ဆာအာသာပီဖါရဲ
(Sir Arthur P. Phayre) ကလဲ တလိုင်းဝေါဟာရအပေါ် စိတ်ဝင်းစားသူဖြစ်တယ်။ ဗမာလူမျိုးတို့က မဟုတ်
မတရားချိုးချိုးနှိမ်နှိမ်စွပ်စွဲပြောဆိုလိုက်တဲ့ (Down-Trodden) ‘’ခြေပြားအောက်လက်စား’’ ဆိုတဲ့ တလိုင်းဝေါဟာရ
အဓိပ္ပါယ်ကို သူကလုံးဝမကြိုက်နှစ်သက်ဘူး။ မြင့်မြတ်တဲ့ မွန်လူမျိုးကို ဗမာလူမျိုးတို့က မဟုတ်မတရားတမင်
သက်သက်စွပ်စွဲပြောဆိုမှန်းသူကသိတယ်။စစ်ရှုံးသူမွန်လူမျိုးကိုအာဏာရှိသူဗမာကသက်သက်အနိုင်ကျင့်မှန်းသူသိ
တယ်။ ဒါမို့ဗမာပြည်အင်္ဂလိပ်ဘုရင်ခံတာဝန်မှ အနားယူသွားပြီးနောက် ၁၈၈၃-ခုနှစ်မှာ(History of Burma, 1883)
‘’ဗမာ့ရာဇ၀င်’’ဆိုတဲ့စာအုပ်ကိုသူရေးသားခဲ့တယ်။ အဲဒီစာအုပ်ရဲ့စာမျက်နှာ(၂၈)မှာ တလိုင်းနဲ့ပက်သက်ပြီး သူရဲ့ကို
အမြင်ကိုအောက်ပါအတိုင်းရေးသားခဲ့တယ်။
“Talaing” is obviously connected with the word Telingana and accepts the theory that the
Mun (or Mon) were originally settlers from southern India.
The people of Pegu have long been known to the Burmese and to all foreigners by
the name Talaing, which is obviously connected with the word Telingana; but the name by
which they call themselves is Mun or Mwun. The word Talaing was no doubt originally
applied only to the colonists from India, but is now, and long has been, used by foreigners
to designated all those supposed to be descended from the original inhabitants, and those
whose descent cannot be traced to races who have come to the country within the memory
of man.” (Phayre’s History of Burma, p. 28)
‘’တလိုင်းဝေါဟာရဟာတိလင်္ဂဏဝေါဟာရနဲ့ဆက်စပ်မှုရှိတယ်ဆိုတာထင်ရှားတယ်။မွန်လူမျိုးတို့ဟာမူလမှာအိန္ဒယ
တောင်ပိုင်းမှာအခြေချနေထိုင်ခဲ့ဘူးတယ်ဆိုတဲ့ အယူအဆကိုလက်ခံတယ်။ ဟံသာဝတီလူမျိုးတို့ဟာတလိုင်းလူမျိုး
အဖြစ်ဖြင့် ဗမာလူမျိုးနဲ့နိုင်ငံခြားသားတို့ကသိထားခဲ့ကြသည်မှာကြာပြီးဖြစ်တယ်။ တလိုင်းဝေါဟာရဟာ တီလင်္ဂဏ
ဝေါဟာရနှင့်ဆက်စပ်မှုရှိတယ်ဆိုတာထင်ရှားတယ်။ ဒါပေမဲ့ဟံသာဝတီသားတို့က သူတို့ကိုယ်သူတို့ မွန်လူမျိုးလို့
ခေါ်တယ်။ အိန္ဒယတောင်ပိုင်းကခိုလှုံရောက်ရှိလာတဲ့ လူမျိးတို့ကိုတလိုင်းဆိုပြီး မူလပထမမှာ ခေါ်ဆိုသုံးနှုန်းခဲ့တာ
သံသယမရှိနိုင်ပါဘူး။ သို့သော်ယခုအခါမှာ,ကြာပါပြီးလည်းဆိုနိုင်တယ်, မူလနေရာမှတခြားတိုင်းတပါးနေရာဒေသ
သို့ရွေ့ပြောင်းသွားရောက်နေထိုင်ကြတဲ့လူမျိုးတစ်မျိုးဟာမိမိတို့ရဲ့မူလလူမျိုးရဲ့ဇစ်မြစ်အမှန်ကိုတိတိကျကျခြေရာခံ
လို့မရနိုင်၊မသိနိုင်တဲ့အခါ၊ထိုသို့သောလူမျိုးတိုင်းကို,တလိုင်းလူမျိုးလို့နိုင်ငံခြားသားတို့ကခေါ်ဝေါ်သတ်မှတ်လာကြ
တယ်။’’
ဆာအာသာပဖီါရရဲ့ အယူအဆအရဆိုရင် တလိုင်းဝေါဟာရကို သုံးနှုန်းတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိခဲ့တယ် ဆိုထား
တယ်။ ပထမပိုင်းမှာအိန္ဒယတောင်ပိုင်းကရွေ့ပြောင်းနေထိုင်လာသူမည်သူ့ကိုမဆိုတလိုင်းလူမျိုးလို့ ခေါ်ခဲ့ကြတယ်။
နောက်ပိုင်းမှာမိမိတို့မူလနေရာမှတိုင်းတပါးနိုင်ငံသို့ခိုလှုံသွားပြီးမိမိတို့ရဲ့ မူလလူမျိုးစစ်မြစ်အမှန်ကိုပိုင်းပိုင်းခြားခြား
ဝေခွဲပြီးမသိနိုင်တဲ့လူမျိုးသို့မဟုတ်မိမိတို့ရဲ့မူလလူမျိုးအစစ်အမှန်ကိုခြေရာခံလိုက်လို့မသိနိုင်တဲ့မည်သည့်လူမျိုးကို
မဆို, ဗမာလူမျိုးဖြစ်ဖြစ်, ကရင်လူမျိုးဖြစ်ဖြစ်,မွန်လူမျိုးဖြစ်ဖြစ်, အဲဒီလူမျိုးတို့ကို တလိုင်းလူမျိုးလို့ နိုင်ငံသားတို့က
ခေါ်ဆိုကြတဲ့သဘောဆိုထားတယ်။တလိုင်းဝေါဟာရနဲ့ပတ်သက်ပြီးအမျိုးမျိုးတွေးခေါ်ဖေါ်ထုတ်ခဲ့ကြတဲ့အယူဆတို့
အထဲမှာဆာအာသာပီဖါရဲရဲ့အယူဆဟာအပေါ်လွင်ဆုံးဖြစ်ခဲ့တယ်။ယနေ့အထိလက်ခံကြတဲ့သူတွေအတော်များများ
ရှိနေသေးတယ်။ ဒီအယူဆကိုလက်ခံသူတွေထဲမှာ သမိုင်းကော်မရှင်ဌာနက ဗိုလ်မှူးဘရှင်လဲ တစ်ဦးအပါအ၀င်ဖြစ်
တယ်။
ဗမာလူမျိုးတို့ဖွင့်ဆိုတဲ့ ’’ခြေပြားအောက်ကလူစား’’ဆိုတဲ့ တလိုင်းဝေါဟာရဟာ အဓိပ္ပါယ်လံုးဝမဟုတ်မမှန်နိုင်ဘူး၊
မဖြစ်နိုင်ဘူး။ တမင်တကာသက်သက်စော်ကားမှုတရပ်ဆိုတာ အင်္ဂလိပ်ဘုရင်ခံဆာအာသာပီဖါရဲက ကောင်းကောင်း
23
သိတဲ့အတွက်အဲဒီအဓိပ္ပါယ်ကုေိ ချဖျကခ်ျင်လို့တလိုင်းဝေါဟာရကတိုလင်္ဂဏတိုင်းနဲ့ဆက်စပ်တွေးခေါ်လိုကတ်ာဖြစ်
တယ်။သဘောကတလိုင်းဝေါဟာရဟာကောင်းမွန်တဲ့ဝေါဟာရတစ်ရပ်ဖြစ်တယ်။အများထင်မှတ်သလို’’ခြေထောက်
ပြားကလူစား’’ဆိုတာမှားယွင်းနေတယ်။ဗမာလူမျိုးတို့အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာမဟုတ်မမှန်ဘူးဆိုတာကိုသက်သေပြ
လိုက်တာဖြစ်တယ်။သေသေချာချာလေ့လာကြည့်ရင် မွန်လူမျိုးတို့ကိုရိုင်းရိုင်းစိုင်းစိုင်းခေါ်ဆိုတဲ့ အဓိပ္ပါယ်ကိုချေဖျက်
ချင်လို့ယခုလို ဆာအာသာပီဖါရကဲ တွေးခေါ်လိုက်တာဖြစ်တယ်။ ဆာအာသာပီဖါရရဲ့အယူဆဟာ ကျွန်တော်လုံးလုံး
လက်မခံနိုင်ပေမဲ့ မွန်လူမျိုးတို့ အပေါ်ထားရိှတဲ့ သူ့ရဲ့စေသနာကို ထောကထ်ားပြီးချီကြူးမိပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစဆ်ာသာပီဖါရရဲ့အယူဆဟာလုံးလုံးမှားယွင်းနေတယ်။ဆာအာသာပီဖါရရဲ့ဲ အယူဆကမွန်လူမျိုးတို့
ဟာအိန္ဒိယတောင်းပိုင်းတိလိင်္ဂဏတိုင်းမှဘာသာယဉ်ကျေးမှုရရှိလာတဲ့လူမျိုးဖြစ်တဲ့အတွက်မွန်လူမျိုးတို့ရဲ့ အစမူလ
ဒေသဟာတိလင်္ဂဏတိုင်းဖြစ်ရမယ်။ တိလင်္ဂဏတိုင်းမှတဆင့်ရာမညဒေသသို့ပြောင်းရွှေ့လာတဲ့ လူမျိုးတစ်မျိုးဖြစ်ရ
မယ်။ ဒါကိုအကြောင်းပြုပြီး တလိုင်းလူမျိုးအမည်တွင်လာသည်ဟု သူကဆိုတယ်။ ဆာအာသာပီဖါရဲရဲ့ အယူဆကို
သမိုင်းသုတေသီ အသီးသီးတို့ကဆန့်ကျင်ဝေဖန်ကြတယ်။ ဆာအာသာပဖီါရရဲ့ယူဆချက်ဟာ ခိုငလ်ုံမှုမရှိကြောင်း၊
လုံးလုံးမှားယွင်းကြောင်း အပြင်းအထန်ကန့်ကွက်ပြောဆိုလာကြတယ်။ ဒီလိုမှားယွင်းချွတ်ချော်နေတဲ့ အယူဆကို
အကာကွယ်ယူပြီးမွန်လူမျိုးကိုတလိုင်းလူမျိုးဖြစ်အောင်ဗမာလူမျိုးတို့ကယနေ့အထိကြိုစားသက်သေပြနေတယ်။
ဒါကြောငဆ့်ာသာပီဖါရရဲ့ဲ ယူဆချက်ဟာ ဗမာလူမျိုးတို့အတွက် အကာအကွယ် တစ်ရပ်လိုဖြစ်လာတယ်။ မွန်လူမျိုး
တို့ဟာ တိလင်္ဂဏတိုင်းကလာတယ်၊ တလိုင်းလူမျိုးဖြစ်တယ်လို့ ဗမာလူမျိုးတို့ သက်သေထူပြောဘို့ အတွက်
အခွင့်ကောင်းတစ်ရပ(်an excuse)ဖြစ်သွားတယ်။ ဆာအာသာပီဖါရဲရဲ့အယူဆဟာ နောက်ဆုံးမှာ မွန်လူမျိုးအတွက်
ပြန်ပြီး အန္တရာယ်တစ်ရပ်ဖြစ်လာတယ်။ သမိုင်းအထောက်ထားတို့နဲ့ လုံးလုံးဆန်ကျင် မှားယွင်းနေတဲ့အတွက်
ကျွန်တော်တို့ ပြတ်ပြတ်သားသား တိုက်ဖျက်ပစ်ဘို့လိုအပ်တယ်။
မွန်လူမျိုးတို့အိန္ဒယနိုင်ငံမှာဗုဒ္ဓယဉ်ကျေးကိုရရှိခဲ့တာမှန်ပေမဲ့ အိန္ဒယတောင်ပိုင်းတိလင်္ဂဏတိုင်းမှဆင်းသက်လာတဲ့
လူမျိုးတစ်မျိုးတစ်မျိုးမဟုတ်ဘူး။ မွန်လူမျိုးတို့ဟာ တရုတ်ပြည်တောင်ပိုင်း တုံကင်မြစ်ဝှမ်း (Tonking Valley)မှ
ပြောင်းရွေ့နေထိုင်လာတဲ့ လူမျိုးဖြစ်တယ်။ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံးရှိတယ်။ ဆာအာသာပီဖါရရဲ့
အယူဆဟာမှားယွင်းကြောင်းသမိုင်းအထောက်အားပြည့်ပြည့်စုံစုံနဲ့ သက်သေထူပြောဆိုနိုင်တယ်။ အောက်ပါစာပုဒ်
တို့ကအခိုင်အမာသက်သေပြနေတယ်။
“--------------There is a theory held by Sir. A. Phayre and others that the Talaings and their language came from
Telingana, in the south of India. But the researches of later scholars have shown that the Mon and
Cambodian tongues are connected with those of China. It is true, however, that the Talaings were
in closer touch than the Burman or Shan races with the higher civilisation of India.”(Introduction
Page ix, of Description of the Burmese Empire.
‘’ဆာအာသာပီဖါရဲနှင့်အခြားပုဂ္ဂိုလ်တို့ကတလိုင်းလူမျိုးနှင့်တလိုင်းစာပေဟာ အိန္ဒိယတောင်ပိုင်း တိလင်္ဂဏမှ
ဆင်းသက်တယ်လို့ယူဆခဲ့ကြတယ်။တလိုင်းတို့ဟာဗမာလူမျိုးရှမ်းလူမျိုးတို့ထက်အိန္ဒိယယဉ်ကျေးမှုနဲ့ပိုမိုနီးစပ်တယ်
ဆိုတာ မှန်ကန်ပေမဲ့လဲ နောက်ဆုံးသုတေသီတို့ သုတေသနပြုပြီးတွေ့ရှိချကအ် ရ မွန်နှငခ့် မာလူမျိုးတို့ရဲ့ ပြောဆို
တဲ့ဘာသာစကားဟာတရုတ်ပြည်ရှိလူမျိုးတို့နဲ့ဆက်စပ်နေတာကိုပြနေတယ်။’’
ဒါအပြင်အောက်ပါစာပုဒ်ကလဲ မွန်လူမျိုးတို့ဟာတင်္လဂဏတိုင်းနဲ့ လုံးဝဆက်စပ်မှုမရှိကြောင်းထောက်ခံနေတယ။်
“The Burmans, who conquered Lower Burma (Pegu and Thaton), called the Mons Talaing which
was a term of reproach. The so-called Talaings never call themselves Talaing; they call themselves
Mon. They are not to be connected with Telengana in South India.” (The Tai and The Tai Kingdom,
p.141)
‘’အောက်ဗမာပြည်ပဲခူးနှင့်သထုံကိုအောင်နိုင်တဲ့ဗမာတို့ကမွန်လူမျိုးကိုတလိုင်းလူမျိုးလို့ခေါ်ဆိုခဲ့ကြ
24
တယ်။ ၄င်းတလိုင်ဝေါဟာရဟာ ရှုတ်ချတဲ့အသုံးနှုန်းဖြစ်တယ်။ တလိုင်းလို့အခေါ်ခံရတဲ့လူမျိုးတို့ဟာသူတို့
ကိုယ်သူတို့ မွန်လူမျိုးလို့ခေါ်ကြတယ်။ တလိုင်းလူမျိုးလို့မည်သည့်အခါမှမခံယူကြဘူး။ မွန်လူမျိုးတို့ဟာ
အိန္ဒိယတောင်ပိုင်းတိလင်္ဂဏနဲ့လုံးဝဆက်စပ်မှုမရှိပါ။’’
ဒီသမိုင်းအချက်အလက်အထောက်ထားတို့နဲ့ပင်မွန်လူမျိုးတို့ဟာတိလင်္ဂဏတိုင်းနဲ့လုံးပက်သက်ဆက်စပ်မှုမရှိဘူး
ဆိုတာထင်ရှားတယ်။ အောက်ပါစာပုဒ်တို့က မွန်လူမျိုးတို့ဟာတရုတ်ပြည်တောင်ပိုင်းက လာတယ်ဆိုတာအခိုင်မာ
သက်သေပြနေတယ်။
“And I hold that the original homeland of the Mon-Khmers was Yangtze valley before they were pushed
south by the Chinese in time immemorial." Dr. G.H. Luce
‘’မွန်-ခမာတို့ရဲ့မူလဒေသဟာ တရုတ်ပြည်ယန်စီမြစ်ဝှမ်းဖြစ်တယ်။ နှစ်အပိုင်းအခြားမပြောနိုင်တဲ့ ကာလတစ်ခုမှာ
မြောက်ပိုင်းကတရုတ်လူမျိုးတို့ဖိဆင်းလာမှုကြောင့် မွန်-ခမာတို့ဟာ တရုတ်ပြည်တောင်ဘက်ပိုင်းသို့ပြောင်းရွေ့သွား
ရတယ်။ (ဒေါက်တာဂျီအိပ်ခ်ျလူး)
The New Encyclopaedia Britannica:
"Mon kingdom, also called HANTHAWADDY KINGDOM, kingdom of the Mon people, who were
powerful in Myanmar (Burma) from the 9th to the 11th and from the 13th to the 16th century and for a
brief period in the mid-18th century. The Mon migrated southward from western China and settled in the
Chao Phraya River basin (of southern Thailand) about the 6th century AD".
‘’ မွန်လူမျိုးတို့ရဲ့ဘုရင်နေပြည်တော်ဟံသာဝတီနိုင်ငံဟာ, ၉-ရာစုမှ၁၁-ရာစု, ၁၃-ရာစုမှ၁၆-ရာစုနှင့် တိုးတောင်းတဲ့
၁၈-ရာစု အလယ်ပိုင်းကာလတို့မှာ ဗမာနိုင်ငံမှာ အလွန်အင်အားကြီးမားခဲ့တယ်။ တရုတ်ပြည်အနောက်ဘက်ခြမ်းမှ
တောင်ဘက်ပိုင်းသို့ ပြောင်းရွေ့လာတဲ့လူမျိုးဖြစ်ပြီး ၆-ရာစုမှာ ချောက်ဖယားမြစ်ဝှမ်း (ထိုင်းနိုင်ငံတောင်ဘက်ပိုင်း)မှာ
အခြေချနေထိုင်ခဲ့တယ်။(ဗြိတိန်နီကာစွယ်စုံကျမ်းသစ်)
ကျောင်းသုံး’’မြန်မာ့သမိုင်း’’စာအုပ်ကေို ရးသားခတဲ့ ဆရာကြီးဦးဘသန်းကလဲ မွန်လူမျိုးတို့ရဲ့ မူလဒေသကတရုတ်
ပြည်တောင်ပိုင်းတုံကင်မြစ်ဝှမ်းကဖြစ်တယ်လို့အခိုင်မာဆိုထားတယ်။ဒါလောက်ဆိုရင်မွန်လူမျိုးတို့ဟာတိလင်္ဂဏက
ဆင်းသက်လာတဲ့လူမျိုးမဟုတ်ဘူး။မွန်လူမျိုးရဲ့မူလဒေသအမှန်ဟာတရုတ်ပြည်တောင်ပိုင်း တုံကင်မြစ်ဝှမ်းဖြစ်တယ်
ဆိုတာငြင်းလို့မရအောင်သက်သေခိုင်မာနေပြီးဖြစ်တယ်။
တလိုင်းဝေါဟာရကိုစိတ်ဝင်စားပြီးသုံတေသနပြုသူတွေအထဲမှာရန်ကုန်ကောလိပ်ပါဠိဌာနဂျာမန်လူမျိုးပါမောက္ခကြီး
ဒေါက်တာဖိုခ်ျဟမ်းမား (Dr. Emanuel Forchhammer,1851-1890) တစ်ဦးလဲ အပါအ၀င်ဖြစ်တယ်။
မွန်လူမျိုးတို့အစပထမနေထိုင်ခဲ့တဲ့မိတ္ထိလာကျောက်ဆည်တ၀ိုက်ကိုသမိုင်းသုတေသနပြုခဲ့တယ်။သမိုင်းအထောက်
အထားအရ မွန်လူမျိုးဟာ တလိုင်းလူမျိုးမဟုတ်ကြောင်း ခိုင်ခိုင်လုံလုံသိလာတယ်။ သမိုင်းကိုသေသေချာချာ
သုတေသနပြုပြီးအမှန်ကိုကောင်းကောင်းသိတဲ့ ဒေါက်တာဖိုချဲဟမ်းမားကတလိုင်းဝေါဟာရဟာ အလောင်းဘုရားက
တမင်တကာ တီထွင်သုံးစွဲလိုက်တဲ့ စကားလုံးတစ်လုံးသာဖြစ်ကြောင်း အခိုင်အမာ ထောက်ပြပြောဆိုခဲ့တယ်။
ဒေါက်တာဖိုခ်ျဟမ်းမားရဲ့အဆိုပြုချက်ကိုအခြားသမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ဂျိန်ဂရေ (James Gray) ကမှန်ကန်
ကြောင်းထောက်ခံခဲ့တယ်။ ဂျိန်ဂရေဆိုတဲ့ပုဂ္ဂိုလ်ဟာ ‘’Alaungbaya Dynasty’’ (အလောင်းဘုရားမင်းဆက်) စာအုပ်
ကို ရေးသားသူဖြစ်တယ်။
အချို့ကသုတေသီတို့တလိုင်းဝေါဟာရဟာ ဗမာစကား’’သလွန်’’ကဆင်းသက်လာတဲ့စကားဖြစ်တယ်လို့လည်းပြော
ဆိုကြတယ်။ အချို့သထုံမွန်မင်းသမီးမိသားစုတို့ငိုယိုအော်ဟစ်ကြတဲ့အသံမှ’™telcj’ဆင်းသက်လာတဲ့စကား
လုံးဖြစ်တယ်လို့လဲ ပြောဆိုကြတယ်။ (သထုံမွန်မင်းသမီးဇါတ်လမ်းကို ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်)။ အချို့က
25
သထုံမြို့အနီးရှိကျိုက်တလင်ကို အကြောင်းပြုပြီး မွန်လူမျိုးကိုတလိုင်းလို့ခေါ်ဆိုတာလဲဖြစ်နိုင်တယ်လိုကြံဆကြပြန်
တယ်။အချို့က ဦးအောင်ဇေယျမီးရှို့သတ်ဘို့ ဖမ်းဆီးပိတ်လှောင်ထားတဲ့ မွန်လူမျိုးတို့ရဲ့ ငိုယိုအော်ဟစ်သံ
’™telcj’ ကို အကြောင်းပြုပြီး မွန်လူမျိုးတို့ကို တလိုင်းခေါ်တယ်လို့လဲပြောကြတယ်။ ဒေါက်တာဂျီအိပ်လူစ်း
(Professor, Dr.G.H. Luce)ကတော့ တလိုင်းဝေါဟာရဟာ အင်ဒိုနီရှားနိုင်ငံရှိ အော်ရိမ်တလန်လူမျိုးစု အမည်မှ
ဆင်းသက် လာတာ ဖြစ်နိုင်တယ်လို့ဖွင့်ဆိုတယ်။အောက်ပါစာပုဒ်ကိုလေ့လာရင်သိနိုင်ပါတယ်။
“The first type of explanation can be illustrated by a hypothesis
of G.H. Luce who apparently would like to trace a connection between the word Talaing
and Indonesian word Talang, on the one hand, and with the aboriginal tribe of Central
Sumatra called The Orang Talang on the other.” (The Mons: A Civilization of Southeast
Asia’/ Emmanuel Guillon, p.18),
‘’ပါမောက္ခလုစ်ကတလိုင်းဝေါဟာရကိုအင်ဒိုနီယားစကားတလန်ဝေါဟာရနှင့်တဖက်မှာဆက်စပ်တွေးခေါ်ပြီးအခြား
တစ်ဖက်မှာအင်ဒိုနီယားနိုင်ငံရှိအော်ရိမ်တလန်လူမျိုးနဲ့ဆက်စပ်မှုရှိတယ်လို့စဉ်းစားတယ်။’’
အထက်ပါကျွန်တော်တင်ပြခဲ့တဲ့အတိုင်းတလိုင်းဝေါဟာရနဲ့ပတ်သက်ပြီးအမျိုးမျိုးတွေးခေါ်ယူဆစဉ်းစားရလာကြတာ
ကိုတွေ့ရတယ်။ အခြေခံအကြောင်းရင်းကိုလေ့လာရင် ဗမာလူမျိုးတို့ရဲ့မဟုတ်မတရားသက်သက်မဲ့ လုပ်ကြံဖန်တီး
လိုက်တဲ့’’ခြေပြားအောက်ကလူစား’’အဓိပ္ပါယ်ကိုချေဖျက်ချင်ကြလို့ယခုလိုအမျိုးမျိုးသုတေသနပြုပြီးတွေးခေါ်စဉ်းစား
လာကြတာကိုတွေ့တယ်။ ဒါကြောင့်ဒီပုဂ္ဂိုလ်တို့ရဲ့ တွေးခေါ်ယူဆချက်တို့ဟာမှားယွင်းနေပေမဲ့၊ သူတို့ရဲ့စေသနာ
အမှန်ကိုနားလည်ပြီးချီးကြုးမိပါတယ်။အားလုံးကိုသုံးသပ်ကြည့်ရင်မွန်လူမျိုးကိုချိုးချိုးနှိမ်နှမ်စွပ်စွဲပြောလိုတဲ့ဗမာလူမျိုး
တို့ရဲ့မတရားတဲ့ အလိုဆန္ဒတစ်ခုကြောင့် တလိုင်းဝေါ်ဟာရဟာ အလိုလိုနေရင် ’’ခြေပြားအောက်ကလူစား’’ ဆိုတဲ့
အဓိပ္ပါယ်သက်ရောက်သွားခဲ့တယ်။
နိဂုံးအနေနဲ့ပြောချင်တာကမွန်လူမျိုးဟာတလိုင်းလူမျိုးမဟုတ်ဘူး။ တလိုင်းဝေါဟာရဟာအလွန်အဓိပ္ပါယ်ကောင်းမွန်
ပြီးရှမ်းလူမျိုးတို့ရဲ့ဝေါဟာရဖြစ်တယ်။ တလိုင်းဝေါဟာရဟာ(တ’လုင်)ရှမ်းလူမျိုးတို့ရဲ့ ဝေါဟာရမှဆင်းသက်လာတဲ့
ဝေါဟာရဖြစ်တယ်။ အထက်ကဆိုခဲ့တဲ့ကျွန်တော်ရဲ့အယူဆချက် မှန်ကန်ကြောင်းထောက်ခံတဲ့ သမိုင်းအချက်လက်
တစခ် ကိုနောက်ဆံအု နေနဲ့ ဒီနေရာမှာတင်ပြချင်တယ်။ ဒါကဘာလဲဆိုရင်ကွေ့တလိုင်းဆိုတဲ့ဝေါဟာ အသုံးနှုန်းဖြစ်
တယ်။ မှန်းနန်းရာဇ၀င်ကိုလေ့လာသူတိုင်း ကွေ့တလိုင်း,ကွေ့ကရင်,ကွေ့ရှမ်း,ကွေ့ဂုဏ္ဏအိန်ဆိုတဲ့ အသုံးနှုန်းမျိုးကို
တွေ့ရမယ်။’’ကွေ့’’ဆိုတာလူမျိုးတစ်မျိုးရဲ့အမည်တစ်ခုမဟုတ်ဘူး။ ရှမ်းလူမျိုးရဲ့အမည်လဲမဟုတ်ဘူး၊ ကရင်လူမျိုး
ရဲ့အမည်လဲမဟုတ်ဘူး။’၀’လူမျိုးရဲ့အမည်နာမလဲမဟုတ်ဘူး။ နေရာဒေသတစ်ခုရဲ့အမည်နာမ, တစ်ခုသာဖြစ်တယ်။
ကွေ့တလိုင်းဝေါဟာရရဲ့ အပြည့်အစုံအဓိပ္ပါယ်ကို ဒီနေရာမှာ ကျွန်တော် အနည်းငယ်ရှင်းပြချင်ပါတယ်။ အမှန်မှာ
’’ကွေ့တလိုင်း’’ဆိုတဲ့အသုံးနှုန်းဟာတရုတ်ပြညေ် ကွ့ပြည်နယ်(Kwei-chau)ကလာတ(ဲ့ တ’လုင)် ရှမ်းလူမျိုးကိုပြောဆို
ရည်ညွှန်းတာဖြစ်တယ်။(-chau=ပြည်နယ်၊တိုင်း)
ဥပမာပြောရရင်တောင်ကြီးမြို့မှာနေထိုင်တဲ့ပအိုဝ့်လူမျိုးကိုတောင်ကြီးပအိုဝ့်၊ တောင်ကြီးမြို့မှာနေထိုင်တဲ့ရှမ်းလူမျိုး
ကိုတောင်ကြီးရှမ်း၊ သထုံမြို့မှာနေထိုင်တဲ့ ပအိုဝ့်လူမျိုးကိုသထုံပအိုဝ့်၊ လွယ်ကော်မြို့မှာနေထိုင်တဲ့ ရှမ်းလူမျိုးကို
လွယ်ကော်ရှမ်းဆိုပြီးနေထိုင်တဲ့ဒေသကိုအမှီပြုပြီးခေါ်ဝေါ်တဲ့သဘောရှိခဲ့တယ်။ဟိုခေတ်ကနိုင်ငံအခေါ်အဝေါ်ဥပမာ-
တရုတ်ပြည်၊ဗမာပြည်၊ယိုးဒယားပြည်၊လာအိုပြည်,ဆိုပြီးလုံးဝမရှိသေးဘူး။နေထိုင်တဲ့ဒေသကိုအစွဲပြုပြီးလူမျိုးတစ်မျိုး
ကိုရည်ညွှန်းခေါ်ဆိုကြတယ်။အာယုဒယဒေသမှာနေတဲ့ ရှမ်းလူမျိုးကိုအာယုဒယရှမ်းလို့ခေါ်ကြတယ်။ ချင်းမိုင်ဒေသ
မှာနေတဲ့ရှမ်းလူမျိုးကိုချင်းမိုင်ရှမ်းလို့ခေါ်ကြတယ်။
ဒီနေရာမှာလတဲ ရုတ်ပြညေ် ကွ့ပြည်နယမှ်ာမူလကနေထိုင်ပြီးဗမာပြည်တွင်းသို့ရွှေ့ပြောင်းလာတဲ့(တ’လုင)် ရှမ်းလူမျိုး
တို့ကိုကွေ့တ’လုင်လို့ ခေါ်ဆိုလိုက်တာဖြစ်တယ်။ ဗမာလူမျိုးတို့ကဗမာအသံနဲ့ခေါ်တဲ့အခါ ကွေ့တလိုင်းဖြစ်သွား
26
တယ်။ရှမ်းလူမျိုးကိုတိတိကျကျရည်ညွှန်းတာဖြစ်တယ်။ကရင်လူမျိုးတို့လမဲူလပထမမှာတရုတ်ပြည် ကွေ့ပြည်နယ်မှ
တဆင့် မြန်မာနိုင်ငံတွင်းသို့ရွှေ့ပြောင်းနေထိုင်လာတဲ့ လူမျိုးဖြစ်တဲ့အတွက်ကွေ့ကရင်ဆိုပြီး မှန်းနန်းရာဇ၀င်မှာမှတ်
တမ်းတင်ရေးသားထားတာကို တွေ့မြင်ရတယ်။ မွန်လူမျိုးတို့ဟာ တရုတ်ပြည်တောင်ပိုင်းတုံကင်မြစ်ဝှမ်းမှတဆင့်
မြန်မာနိုင်ငံတွင်းသို့ရွေ့ပြောင်းလာတဲ့လူမျိုးဖြစ်တယ်။ တရုတ်ပြည်ကွေ့ပြည်နယ်မှတဆင့် ရွှေ့ပြောင်းလာတဲ့လူမျိုး
တစ်မျိုးမဟုတ်တဲ့အတွက်ကွေ့မွန်ဆိုတဲ့အသုံးနှုန်းမျိုးမှန်နန်းရာဇ၀င်မှာသုံးနှုန်းရေးသားထာတာလုံးလုံးမတွေ့ရဘူး။
ကွေ့တလိုင်းအသုံးနှုန်းဟာ ကွေ့ပြည်နယ်(Kwei-Chou)ကတဆင့် ဗမာပြည်တွင်းသို့ ပြောင်းရွှေ့လာတဲ့(တ’လုင်)
ရှမ်းလူမျိုးကိုရည်ညွှန်းတာဖြစ်တယ်။မွန်လူမျိုးကိုလုံးဝရည်ညွှန်းတာမဟုတ်ဘူး၊ ကွေ့တလိုင်း, တလိုင်းစတဲ့ဝေါဟာရ
အသုံးနှုန်းအားလုံးတို့ဟာရှမ်းလူမျိုးကို လုံးဝဥသုန်းရည်ညွှန်းတယ်ဆိုတာအခိုင်အမာကျွန်တော်တို့ပြောနိုင်တယ်။
ဒါကြောင့် နှစ်ပေါင်း(၂၅၀)ကျော်ကျော် တလိုင်းလူမျိုးလို့ မဟုတ်မတရား မှားမှားယွင်းယွင်း စွပ်စွဲပြောဆိုခံခဲ့ရတဲ့
မွန်လူမျိုးတို့ကိုထိုက်ထိုက်တန်တန် ကျေကျေနပ်နပ်တောင်းဖန်ဘို့ ဗမာလူမျိုးတို့မှာ လုံးဝတာဝန်ရှိတယ်။ အစိုးရ
အနေနဲ့လဲတိုင်းသိပြည်သိကမ္ဘာ့သိအောင် မွန်လူမျိုးဟာ တလိုင်းလူမျိုးမဟုတ်ကြောင်း၊ မှားမှားယွင်းယွင်းသမိုင်းမှာ
သုံးနှုန်းခေါ်ဆိုခဲ့မိတဲ့အတွက်ဝမ်းနည်းကြောင်း မွန်လူမျိုးတို့ကျေနပ်လောက်အောင် တရားဝင်အမိန့်ပြန်တမ်းထုတ်
ပြီးတောင်းဖန်ရမယ်။ မွန်-ဗမာထာဝရချစ်ကြည်ရေးကို ရှေ့ရှုမျှော်မှန်းပြီး ဗမာလူမျိုးတို့က မိမိတို့ရဲ့အမှားကို မှန်မှန်
ကန်ကန်တာဝန်ယူဘို့၊ ရဲရဲဝံ့ဝံ့ပြုပြင်ကြဘို့တိုက်တွန်ရေးသားလိုက်ရပါတယ်။
နိုင်ဖေသိန်းဇြာ
(ဖက်ဒရယ်တက္ကသိုလ်)
၉ Febuary, 2011

မှတ်ချက်။။ အွန်လိုင်းမွန်စာကြည့်တိုက်မှကူးယူပြီး စေတနာဖြင့် ပြန်လည်မျှဝေ ဖေါ်ပြပါသည်။

Sunday 10 July 2011

နိုင်ငံသစ် တစ်နိုင်ငံ မွေးဖွားလာခြင်း




ဆယ်စုနှစ်ပေါင်းများစွာ မြောက်ပိုင်း အစိုးရ တပ်ဖွဲ့များနဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ ပြည်သူ သန်းပေါင်းများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပြီးပြီး။

အခုအခါမှာတော့ တောင်ပိုင်း ဆူဒန်ဟာ သီးခြားနိုင်ငံ အဖြစ် နိုင်ငံသစ် အနေနဲ့ ပျော်ပွဲတွေ ဆင်ယင် ကျင်းပနေပါတယ်။ ဆယ်စုနှစ် ၅ ခုကျော် တိုက်ပွဲများနဲ့ နောက်ဆုံး ပြည်တွင်းစစ် ၂ နှစ်ကျော် ဆင်နွှဲခဲ့ အပြီးမှာတော့ ဆူဒန်နိုင်ငံကနေ ခွဲထွက် နိုင်ခဲ့လို့ တောင်ဆူဒန် သမ္မတနိုင်ငံဟာ ကမ္ဘာ့နိုင်ငံသစ် အဖြစ် ရပ်တည်လို့ ရသွားပါပြီ။ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ ၁၉၃ နိုင်ငံမြောက် တိုင်းပြည် ဖြစ်လာပါတော့တယ်။

တောင်ဆူဒန်နိုင်ငံသစ်

တောင်ဆူဒန်နိုင်ငံသစ်
ပျော်ရွှင်နေတဲ့ ပြည်သူလူထုဟာ မြို့တော် ဂျုဘမှာ သောကြာနေ့ ညသန်းခေါင်ချိန်မှာ စုဝေးလာခဲ့ကြတယ်။ ပျော်ရွှင် ရယ်မောသံများနဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံများဟာ ဆူညံနေတော့တယ်။

လမ်းမများပေါ်မှာ လူထောင်သောင်းချီတဲ့ လူအုပ်ကြီးဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ စုဝေးခဲ့ကြပြီး သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ ဗုံတီးခတ်ခြင်းနှင့် ဟွန်းသံတွေ ပေးခြင်းတွေနဲ့ အောင်ပွဲကို ကျင်းပ ကြတော့တယ်။

စနေနေ့မှာ ကျင်းပပြုလုပ်မယ့် အဓိက အောင်ပွဲ သဘင်မှာတော့ စစ်ချီတက်ခြင်း၊ ဆုတောင်းဝတ်ပြုခြင်း၊ အလံသစ်ကို တင်ခြင်း၊ သမ္မတသစ် ဆာဗာကီအဲကို တင်မြှောက်ခြင်းနဲ့ ရိုးရာ ဖွဲ့စည်းပုံကို လက်မှတ်ထိုးခြင်းတွေ ပြုလုပ်ကြမှာပါ။

မြောက်ဆူဒန်က ခါတွန်အစိုးရက နိုင်ငံသစ်ကို ပထမဆုံး အသိအမှတ် ပြုခဲ့တာဖြစ်တယ်။ သောကြာနေ့က မခွဲထွက်မီ အချိန်အထိ ဆူဒန်ဟာ အာဖရိကရဲ့ အကြီးဆုံး နိုင်ငံဖြစ်တယ်။

အရေးကြီးတဲ့ ကိစ္စရပ်များမှာတော့ တောင်နဲ့ မြောက်ဆူဒန် ခေါင်းဆောင်ပိုင်းတွေဟာ သဘောတူညီချက်တွေ မရရှိသေးပါဘူး။ နယ်နိမိတ်မျဉ်းကိစ္စ၊ ၂ နိုင်ငံ စလုံးအတွက် စီးပွားရေးအရ အချက်အချာ ကျလှတဲ့ ရေနံ အခွန်အမြတ် ကိစ္စတွေ ပါဝင်ပါတယ်။

မခွဲထွက်မီ အချိန်ကလေးမှာပဲ ခါတွန်မြို့က ဆူဒန်သမ္မတ (အခုတော့ မြောက်ဆူဒန်) အိုမာဟာ ဆန်အယ်ဘာရှာက ဂျုဘမြို့တော်သစ်မှာ ကျင်းပမယ့် လွတ်လပ်ရေးပွဲကို တက်ရောက်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ တောင်ဆူဒန်နဲ့ အလုပ်တွဲလုပ်ဖို့ကို ထပ်လောင်းပြောပြချင်ပါတယ်။ နိုင်ငံသစ်ကို အခြေချနိုင်အောင် ကူညီဖို့ပါ။ ဘုရားသခင်ရဲ့ ဆန္ဒရှိတဲ့အတိုင်း တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလိုပါတယ်။” ဘာရှာက ပြောခဲ့ပါတယ်။

သောကြာနေ့ ညသန်းခေါင်အချိန်မှာ ဆူဒန်ဟာ ရေနံတွင်း လေးပုံသုံးပုံ လောက်ကို ဆုံးရှုံးခဲ့ပါတယ်။ တောင်ဘက်ပိုင်း ဒေသက တွင်းအများစုပါ။ သူပုန်တွေရှိတဲ့ ဒါဖာဒေသနဲ့ တောင်ဘက် ကော်ဒိုဖန်ဒေသတွေ ပါဝင်တယ်။

တောင်ဆူဒန်နိုင်ငံရယ်လို့ ဖြစ်လာဖို့အတွက် လွန်ခဲ့သော ၆ လခန့်က ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ တောင်ပိုင်းသား ပြည်သူတွေက ရန်ဖက် မြောက်ပိုင်းသားတွေနဲ့ ခွဲထွက်မယ်လို့ တညီတညွတ်တည်း ဆန္ဒမဲ ပေးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

Sunday 26 June 2011


ထိုင်းနိုင်ငံ၏ အရှည်ဆုံးသစ်သား တံတားသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခပူရီမြို့ (မွန်ဘာသာအားဖြင့် ဝင်းကမြို့) တွင် တည်ရှိသည်။ ဤသစ်သား တံတားကြီးက ဒေသခံ ထိုင်း၊ မွန်၊ ကရင်လူမျိုးများအတွက် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့မှုကို အကျိုးပြုသကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။

ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတား

ရန်ဒီချောင်း၊ ခီးချောင်းခေါ် ကင်းချောင်းနှင့် စံခလယ်ချောင်း သုံးခု ဆုံရာ ယခင်ဝင်းကရွာဟောင်း၏ အနောက်ဘက် ယခု ဝင်းကရွာသစ် ကမ်းဘက်နှင့် ထိုင်းကမ်းဘက်ကို ပိုင်းခြားထားသည့် စံခလယ်ချောင်းကို ဖြတ်ပြီး ဤသစ်သားတံတားကြီးကို ဆောက်လုပ်ထားသည်။

မွန်ဘက်ကမ်းတွင် မွန်လူမျိုးများ နေထိုင်ကြပြီး ထိုင်းဘက်ကမ်းတွင် ထိုင်းနှင့် ကရင်လူမျိုး အများစု နေထိုင်ကြသည်။

သာသနာ သက္ကရာဇ်၂၅၂၅ (ခရစ်နှစ် ၁၉ဂ၁) ခုနှစ်တွင် ထောက်ခနွန် ရေတာတာကြီး တည်ဆောက်လိုက်ခြင်းကြောင့် ယခင် စံခလယ်ချောင်းငယ်မှာ ရေပြင်ကျယ် ချောင်းကြီး ဖြစ်သွားခဲ့သည့်နောက်တွင် ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ကူးသည့်လှေများ မကြာခဏ မှောက်တတ်ပြီး လူများ သေဆုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကူးတို့ခ အကုန်သက်သာစေရန်အတွက် ဝင်းကဆရာတော်ဘုရားကြီးက ခရစ်နှစ် ၁၉၈၄ ခုတွင် ဤသစ်သားတံတားကြီးကို ဆောက်လုပ်ပေးခဲ့သည်။

“ဒီသစ်သားတံတား မရှိခင်က ကူးလူးသွားလာတာ အင်မတန် ခက်တယ်၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ချောင်းက ခြားနေတော့ နှစ်ရွာလို ဖြစ်နေတယ်၊ လူမှုရေး၊ ကုသိုလ်ရေး၊ စီးပွားရေးမှာ ကူးလူးဆက်ဆံမှု နည်းနေတယ်။ တံတားကြောင့် အခုပေါင်းစပ်မှု ကောင်းလာတယ်” ဟု သစ်သားတံတား စဆောက်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သူ အသက် ၇၉ နှစ် အရွယ်ရှိ မွန်အဖိုးအို နိုင်အောင်စိန်က ပြောသည်။

အသက် ၆ဝ ရှိပြီဖြစ်သည် ကရင်လူမျိုး စောလှရွှေ ကလည်း “စံခလယ်ချောင်းက ခြားနေတော့ မွန်ဘက်ကမ်းနဲ့ ထိုင်းဘက်ကမ်းက လူတွေ ရင်းနှီးမှု နည်းနေတယ်၊ နီးလျက်နဲ့ ဝေးနေကြတယ်၊ လူငယ်တွေကြားမှာ ခဏခဏ ရန်ဖြစ်ကြတယ်၊ အခု ထိတွေ့မှု များလာတော့ ချစ်ကြည် ရင်းနှီးမှု ရှိလာတယ်” ဟု ပြောပြသည်။

ဤသစ်သားတံတားက ဒေသခံများကို ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ပေးခဲ့သည် သာမက ဤတံတားနှင့် ဝင်းကရွာမှ သာသနိက အဆောက်အဦးများသို့ လာရောက် ဖူးမျော် လေ့လာ လည်ပတ်သည့် ဧည့်သည်များ နေ့စဉ် စည်ကားလျက် ရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။

၎င်းပြင် ကျောင်းဝတ်စုံ တူညီစွာ ဝတ်ဆင်ထားသည့် မွန်ဘက်ကမ်းမှ ကျောင်းသူကျောင်းသားများ ထိုင်းဘက်ကမ်းရှိ အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင်ခရီးဖြင့် တံတားကို ဖြတ်ကာ ကျောင်းတက်ကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရသည်။

အလုပ်သမားများကလည်း အလုပ်သွား အလုပ်ပြန်၊ ဈေးရောင်း ဈေးဝယ်များနှင့် ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များကလည်း ခေါက်တုံ့ခေါက်ပြန် တံတားပေါ် သွားလာ ဆုံတွေ့ခိုက် နှုတ်ဆက်ကြ၊ နောက်ပြောင်ကြ၊ ရီမောကြနှင့် ချစ်ကြည်ရင်းနှီးစွာ သွားလာနေကြသည့် မြင်ကွင်းကလည်း တနည်းတဖုံ ဆန်းကြယ်လှပါသည်။

“မွန်ဘက်ကမ်းက ဟင်းသီးဟင်းရွက် စိုက်တာ များတယ်၊ တံတားမရှိခင်တုန်းက ကိုယ့်ရပ် ရွာလောက်ပဲ ရောင်းရတော့ ဈေးကွက်က ကျဉ်းတယ်၊ အခု ထိုင်းဘက်ကမ်းဈေးကို သွားရင် တံတားကို ဖြတ်လိုက်ရုံနဲ့ ရောက်တယ်” ဟု မွန်ဘက်ကမ်းမှ ဟင်းရွက်သည် မိကွန်ကျဲ က ပြောသည်။

နံနက်ရှုခင်းကို ဓါတ်ပုံ ရိုက်ကြသည့် ဧည့်သည်များနှင့် ညနေခင်း ဆည်းဆာအလှကို ကြည့်ရှုခံစားရင်း လေညှင်းခံ ထွက်သူများကလည်း တံတားပေါ်တွင် စည်ကားလှသည်။

“တောင်တန်း တောင်ကုန်းကြားက ရေစီးမရှိပဲ ရေကန်ကြီးလို ဖြစ်နေတဲ့ ဒီမြစ်ပြင်ကို ရေကူးရင်း လှေစီးရင်း ဒီတံတားကို လှမ်းမြင်ရတာ စိတ်ထဲမှာ အေးချမ်းတယ်၊ နောက်တော့ လှပ အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်မှာ သဘာဝသစ်လုံးတိုင်နဲ့ ဆောက်ထားတဲ့ ဒီသစ်သားတံတားကို မြင်တွေ့ရတာ နှစ်သက်စရာ အလွန်ကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံသား မစ္စတာဖာရွန်က သူ၏ ခံစားချက်ကို ပြောသည်။

တံတား ပတ်ဝန်းကျင်တွင် ရေပေါ်ဖေါင်အိမ် ၅ဝ ကျော် ရှိပြီး၊ တပတ်လျှင် မြို့ကြီးမှ ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသား ဧည့်သည် နှစ်ထောင်ခန့် လာရောက် တည်းခိုကြကြောင်း၊ ကုန်းပေါ်ရှိ ဟိုတယ်၊ ရီဇော့၊ အင်းများတွင်လည်း ဧည့်သည်အများအပြား လာရောက် တည်းခိုကြပြီး စုစုပေါင်း တပတ်လျှင် ဧည့်သည် ၃၀၀၀ ကျော် ဤတံတားသို့ လာရောက် လည်ပတ်ကြကြောင်း ဖေါင်အိမ်ပိုင်ရှင် နိုင်ချစ်ငွေက ပြောသည်။

သို့သော် ယခုသစ်သားတံတားကြီးကို မဆောက်မီ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ် (ခရစ် ၁၉၈၄) ကလည်း ယခင် ဝင်းကရွာဟောင်း မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းကို ကူးလူး သွားလာရန်အတွက် ပထမဦးဆုံး ဝါးဖေါင်တံတားတစင်းနှင့် ကြိုးတံတားတစင်းကိုလည်း ဝင်းကဆရာတော်ကြီးက ဦးစီးပြီး ဆောက်လုပ်ခဲ့သေးသည်။

ထောက်ခနွန် ရေကာတာ ဆောက်လုပ်ပြီးနောက် ထိုဝါးဖောင်တံတားနှင့် ကြိုးတံတားမှာ ရေအောက် နစ်မြုပ်၍ ပျက်စီးခဲ့ရသည်ဟု ဆောက်လုပ်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သည့် အသက် ၈ဝ အရွယ်ရှိ ကရင်အဖိုးအို နိုင်ပဇာလဝမ် က ပြောသည်။

ယခင်က တံတားပေါ်တွင် လူများ၊ ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း တံတားရေရှည် တည်တံ့ရေးအတွက် နောက်ပိုင်းတွင် လူနှင့် စက်ဘီးများကိုသာ ဖြတ်သန်းခွင့် ပြုတော့သည်။

ကြံ့ခိုင်မှု နည်းလာသည့် ဤတံတားကို သာသနာ သက္ကရာဇ် ၂၅၅၃ (ခရစ်နှစ်၂ဝဝ၉) ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ စပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ ဗိသုကာ ဆရာကြီး နိုင်ဇာပန်နှင့် လက်သမား ၁၃ ဦးတို့က ၂ နှစ်နီးပါး အချိန်ယူကာ အသစ်တဖန် ဆောက်လုပ်ခဲ့သည်။

ဤတံတားကို ပျဉ်းကတိုးသား အများဆုံးနှင့် သင်္ဃန်းသား အနည်းငယ် အသုံးပြုကာ ဆောက်ထားပြီး ယခင်တံတားဟောင်း ဆောက်စဉ်က မတ်မတ်စိုက်ထူထားသည့် တံတားတိုင်ကိုလည်း ပိုမိုခိုင်ခန့်ရန်အတွက် ယခုဆောက်လုပ်စဉ်တွင် ကျားကန်ပြီး စိုက်ထူထားခဲ့သည်။

တံတားအရှည်မှာ ၄၄၅ ဒဿမ ၅ မီတာနှင့် အနံ ၄ ဒဿမ ၅ မီတာ ရှိသည်။ မြစ်လယ်ရှိ တံတား၏ အမြင့်ဆုံး နေရာမှာ ၃၅ မီတာခန့် မြင့်ကာ တံတားကို အခန်း ၁၀၇ ခန်းဖြင့် ဖွဲ့ထားသည်။ တံတားတစင်းလုံးအတွက် သစ် ၂၁၄ တန်ကျော် အသုံးပြုခဲ့ရသည် ဟု နိုင်ဇာပန် က ပြောသည်။

ဤသစ်သားတံတားကြီးသည် ဒေသခံ ပြည်သူ ထိုင်း၊ မွန်နှင့် ကရင်လူမျိုးများ၏ လူမှုဘဝများ ဖွံ့ဖြိုးသာယာရေးအတွက် အကျိုးပြုသည်သာမက စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။